Skip to main content

Dec 30, 2020

ရခိုင်ပြည်နယ်အတွင်းရှိ တောဆင်ရိုင်းထိန်းသိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ သားငှက်ထိန်းသိမ်းရေးအဖွဲ့(မြန်မာနိုင်ငံအစီအစဉ်)နှင့် သစ်တော ဦးစီးဌာနတို့ ၁၉၉၃ ခုနှစ်ကစတင်ကာ နားလည်မှု စာချွန်လွှာ ခြောက်ကြိမ်ရေးထိုးပြီး မြန်မာနိုင်ငံ အတွင်းရှိ ဇီဝမျိုးစုံမျိုးကွဲနှင့် နေရင်းဒေသထိန်းသိမ်း ရေးလုပ်ငန်းများ လုပ်ဆောင်နေကြောင်း သားငှက် ထိန်းသိမ်းရေးအဖွဲ့ (မြန်မာနိုင်ငံအစီအစဉ်) နယ်မြေတာဝန်ခံ ဦးထက်အာကာအောင်ထံမှ သိရ သည်။

ဆက်လက်ဖတ်ရှုရန်

Dec 30, 2020

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်သည် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးနှင့် စပ်လျဉ်း၍ ပံ့ပိုးကူညီလျက်ရှိသည့် Suu Foundation ၏ CEO and President, Dr. Michael Marett- Crosby ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို ယနေ့တွင် နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Dec 30, 2020

ကချင်ပြည်နယ် မိုးညှင်းမြို့နယ်အတွင်းရှိ အင်းတော်ကြီးကန်နှင့် ပတ်ဝန်းကျင်ဒေသများကို လူထုအခြေပြု သဘာဝ ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးလာစေရန်နှင့် ဒေသခံပြည်သူများ ဝင်ငွေတိုးပွား လာစေရန် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Dec 30, 2020

ကိုဗစ်ဒုတိယအကျော့ကာလတွင် ရက်ပေါင်း ၉၀ ခန့်ကြာ ရပ်နားထားသည့် ရန်ကုန်-မကွေး-စစ်တွေ ကျွန်းပတ်လေယာဉ် ခရီးစဉ်များကို ၂၀၂၁ ခုနှစ် ဇန်နဝါရီလလယ်ခန့်မှစ၍ ပြန်လည် ပြေးဆွဲရန် လျာထားပြီး မကွေးမြို့သို့ ရောက်ရှိလာသူများနှင့် မကွေးမြို့မှ ထွက်ခွာမည့်ခရီးသည်များ အတွက် ကိုဗစ်-၁၉ ဆိုင်ရာ စည်းကမ်းများ သတ်မှတ်ထားကြောင်း မြန်မာအမျိုးသား လေကြောင်းလိုင်း (MNA) မကွေးကိုယ်စားလှယ်ထံမှ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Dec 30, 2020

မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဒီဇင်ဘာ ၂၉ ရက် ညနေ ၆ နာရီခွဲတွင် ထုတ်လွှင့်ပြသခဲ့သည့် ကိုဗစ် - ၁၉ အကြောင်း သိကောင်းစရာ အမေး / အဖြေ အစီအစဉ်ကို ပြည်သူများ သိရှိနိုင်ရန်အတွက် ပြန်လည်ဖော်ပြလိုက်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Dec 30, 2020

လူငယ်ဟုဆိုလိုက်သည်နှင့် တွဲလျက်ပါနေသည်မှာ မျှော်လင့်ချက် ဖြစ်၏။ လူငယ်ဟူသည် လူ့ဘဝ၏ အတက်ကြွဆုံးကာလဟု ဆိုရမည့်အရွယ်ကို ဖြတ်သန်းနေခြင်းလည်း ဖြစ်၏။ ရုပ်ပိုင်းအားဖြင့်လည်း အတောင့်တင်းဆုံး၊ အသန်မာဆုံး၊ အင်အားအရှိဆုံး အရွယ်ဖြစ်၏။ စိတ်ပိုင်းအားဖြင့်လည်း ဘဝကိုထိုးထွင်းသိမြင်လိုသော အားမာန်များဖြင့် စွန့်စားလိုစိတ်များဖြင့် ပြည့်လျှံနေသည့်ကာလ ဖြစ်၏။ လောကကို ဖြူစင်သောကိုယ်ကျင့်ဖြင့် ဖြောင့်ဖြောင့်မတ်မတ် လျှောက်လှမ်းလိုသည့် အရွယ်လည်း ဖြစ်၏။ သဘာဝကို စူးစမ်းမည်၊ ချစ်မည်၊ ခံစားမည်၊ ပျော်ရွှင်မည်၊ လှုပ်ရှားမည်၊ တက်ကြွမည်။ အမှန်တရားဟု မိမိတို့ယုံကြည်သည့်အတိုင်း ရဲရဲရင့်ရင့် ရင်ဆိုင်မည်။ သူငယ်ချင်းများ၊ အဖော်အပေါင်းများဖြင့် ခင်ခင်မင်မင် နေမည်။ အတူပူးပေါင်း အလုပ်လုပ်မည်၊ အသင်းအဖွဲ့များတွင် ပါဝင်မည်။ ပရဟိတလုပ်ငန်းများကို အားတက်သရော လုပ်ဆောင်မည်။ ကိုယ်ကျိုး ထက် အများအကျိုးကို ဦးစားပေးလိုသည်။ ဘ၀ အတွက် မှတ်သားစရာမှန် သမျှကို လေ့လာသင်ယူရန် အကောင်းဆုံးအချိန်၊ ဉာဏ်အပွင့်လင်းဆုံး အချိန်လည်းဖြစ်၏။

ဆက်လက်ဖတ်ရှုရန်

Dec 30, 2020

သဘာဝအရင်းအမြစ်များသည် လူသားများ အဆက်မပြတ် ထုတ်ယူအသုံးပြုမှုကြောင့် တစ်နေ့သောအခါတွင် ကုန်ခန်းသွားနိုင်သည်။ လူသားအရင်းအမြစ်များသည် စနစ်တကျ ပြုစုပျိုးထောင်နိုင်ပါက ကုန်ခန်းသွားခြင်းမရှိဘဲ သုံး၍မကုန်နိုင်သည့် အစဉ်အမြဲတိုးတက် သစ်လွင်နေသော အရင်းအမြစ်များ ဖြစ်သည်ကို ကမ္ဘာ့နိုင်ငံများ နားလည်သိရှိ လက်ခံလာကြသည်။

ဆက်လက်ဖတ်ရှုရန်

Dec 29, 2020

မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် (အောက်တိုဘာလမှ စက်တင်ဘာလအထိ) (ဒုတိယအသုတ်) ပစ္စည်းများ ဝယ်ယူရေးအတွက် (၂၉-၁၂-၂၀၂၀) ရက်နေ့တွင် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်တွင်း/ပြည်ပ ပစ္စည်းများ ဝယ်ယူရေးနှင့် ထုခွဲရောင်းချရေး ကော်မတီမှ ဈေးနှုန်းစိစစ်ခဲ့ရာ ဖော်ပြပါကုမ္ပဏီများမှ ယှဉ်တွဲပါ ဈေးနှုန်းများဖြင့် တင်ဒါအောင်မြင်ကြောင်း ကြေညာအပ်ပါသည်-

ဆက်လက်ဖတ်ရှုရန်

Dec 29, 2020

မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် (အောက်တိုဘာလမှ စက်တင်ဘာလအထိ) (ပထမအသုတ်) ပစ္စည်းများ ဝယ်ယူရေးအတွက် (၂၉-၁၂-၂၀၂၀) ရက်နေ့တွင် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်တွင်း/ပြည်ပ ပစ္စည်းများ ဝယ်ယူရေးနှင့် ထုခွဲရောင်းချရေး ကော်မတီမှ ဈေးနှုန်းစိစစ်ခဲ့ရာ ဖော်ပြပါကုမ္ပဏီများမှ ယှဉ်တွဲပါ ဈေးနှုန်းများဖြင့် တင်ဒါအောင်မြင်ကြောင်း ကြေညာအပ်ပါသည်

ဆက်လက်ဖတ်ရှုရန်

Dec 29, 2020

(၂၈-၁၂-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၂၉-၁၂-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီ အတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း (၁၈,၀၉၈) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၆၁၉) ဦး တွေ့ရှိရပါသည်။

ဆက်လက်ဖတ်ရှုရန်