Skip to main content

ရခိုင်ပြည်နယ် သံတွဲနှင့် ဂွမြို့နယ်တို့တွင် သစ်တောဦးစီးဌာနနှင့် သားငှက်ထိန်းသိမ်းရေးအဖွဲ့ (မြန်မာနိုင်ငံအစီအစဉ်)က တောဆင်ရိုင်းထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

သံတွဲ  ဒီဇင်ဘာ  ၂၉

ရခိုင်ပြည်နယ်အတွင်းရှိ တောဆင်ရိုင်းထိန်းသိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ သားငှက်ထိန်းသိမ်းရေးအဖွဲ့(မြန်မာနိုင်ငံအစီအစဉ်)နှင့် သစ်တော ဦးစီးဌာနတို့ ၁၉၉၃ ခုနှစ်ကစတင်ကာ နားလည်မှု စာချွန်လွှာ ခြောက်ကြိမ်ရေးထိုးပြီး မြန်မာနိုင်ငံအတွင်းရှိ  ဇီဝမျိုးစုံမျိုးကွဲနှင့် နေရင်းဒေသထိန်းသိမ်း ရေးလုပ်ငန်းများ လုပ်ဆောင်နေကြောင်း သားငှက် ထိန်းသိမ်းရေးအဖွဲ့  (မြန်မာနိုင်ငံအစီအစဉ်) နယ်မြေတာဝန်ခံ ဦးထက်အာကာအောင်ထံမှ သိရ သည်။

ရခိုင်ပြည်နယ်တွင် ၂၀၁၄ ခုနှစ်မှ စတင်ပြီး သစ်တောဦးစီးဌာန၏ ဌာနခွဲတစ်ခုဖြစ်သည့် သဘာဝ ပတ်ဝန်းကျင်နှင့် သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာန၊ ရခိုင်ရိုးမဆင်ဘေးမဲ့တော ဝန်ထမ်းများနှင့် ပူးပေါင်းပြီး သံတွဲခရိုင် သံတွဲမြို့နယ်နှင့် ဂွမြို့နယ် အတွင်းတည်ရှိသည့် ရခိုင်ရိုးမ ဆင်ထိန်းသိမ်းရေး ဘေးမဲ့တောနှင့် အနီးပတ်ဝန်းကျင်တွင် တောဆင် ရိုင်းထိန်းသိမ်းခြင်းလုပ်ငန်းများကို   လုပ်ဆောင်နေ ကြောင်း သိရသည်။

ရခိုင်ရိုးမဆင်ဘေးမဲ့တောအတွင်း သစ်တောဌာန၏ ဘေးမဲ့တောထိန်းသိမ်းရေး လုပ်ငန်းများ ပိုမိုထိရောက်စေရန် သားငှက်ထိန်းသိမ်းရေးအဖွဲ့ (မြန်မာနိုင်ငံအစီအစဉ်) အနေဖြင့်  နည်းပညာနှင့် ရန်ပုံငွေအထောက်အပံ့များ ကူညီပေးနေကြောင်း၊ ဘေးမဲ့တောပတ်ဝန်းကျင်အနီးကျေးရွာများတွင် ရှိသည့် ပတ်ဝန်းကျင်နှင့် တောဆင်ရိုင်းထိန်းသိမ်းရေး လုပ်ငန်းများအပေါ်   စိတ်ဝင်စားသည့် ဒေသခံလူငယ်များကိုလည်း ဒေသခံတောဆင်ရိုင်းကာကွယ်ရေး ကင်းသားအဖြစ် ရွေးချယ်ပြီး  ဆင်ထိန်းသိမ်းရေး လုပ်ငန်းများတွင်  ပါဝင်ကူညီအားဖြည့် လုပ်ဆောင် နေကြောင်း သိရသည်။

ဥရောပသမဂ္ဂ၏ တရားမဝင်တောရိုင်းတိရစ္ဆာန် ကုန်သွယ်မှုတိုက်ဖျက်ရေးစီမံကိန်း ရန်ပုံငွေထောက်ပံ့ မှုနှင့် ဘေးမဲ့ထိန်းသိမ်းရေးလုပ်ငန်းများအပြင် ဒေသခံ မိတ်ဖွဲ့ အဖွဲ့အစည်းဖြစ်သည့် ရခိုင်ကမ်းရိုးတန်းဒေသ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအသင်းနှင့် ပူးပေါင်းပြီး ရခိုင်ရိုးမ ဆင်ထိန်းသိမ်းရေး ဘေးမဲ့တောအနီး ပတ်ဝန်းကျင်က ဆင်များနှင့် တိုက်ရိုက်ရင်ဆိုင် ကြုံတွေ့နေရသည့်   ကျေးရွာများတွင်   လူနှင့်ဆင် ပဋိပက္ခ   ကြိုတင်ကာကွယ်နိုင်ရန် အသိပညာ ဗဟုသုတများ မျှဝေကာ၊ ဆင်များ ဝင်ရောက်လာ လျှင် ခြောက်လှန့်မောင်းထုတ်နိုင်သည့် နည်းလမ်း များ မျှဝေခြင်းနှင့် ကျေးရွာများဘက်က ဆင်များ  ရွာအနီးပတ်ဝန်းကျင်ကိုရောက်လာလျှင် ခြောက်လှန့် မောင်းထုတ်နိုင်ရန် လိုအပ်သည့် အထောက်အကူပြု ပစ္စည်းများ    ဖြန့်ဝေပေးခြင်း   စသည့်ဆင်ပဋိပက္ခ လျှော့ချရေးလုပ်ငန်းများလည်း   ဆောင်ရွက်နေ ကြောင်း သိရသည်။

ထိုလုပ်ငန်းများအပြင် ရခိုင်ရိုးမနှင့် ရခိုင်ရိုးမ အနီးတစ်ဝိုက်တွင် တောဆင်ရိုင်းများ သတ်ဖြတ်ခံရ မှုနှင့် တရားမဝင်တောရိုင်းတိရစ္ဆာန်ကုန်သွယ်မှုတားဆီး နှိမ်နင်းနိုင်ရန်အတွက် တောဆင်ရိုင်းဝင်ရောက်မှု သတင်းရရှိလျှင်(သို့မဟုတ်) တရားမဝင်အမဲလိုက် မှုနှင့်   တရားမဝင်  တောရိုင်းတိရစ္ဆာန်ကုန်သွယ်မှု သတင်းရရှိလျှင်  ကျေးရွာသူကျေးရွာသားများမှ တစ်ဆင့်  ဌာနဆိုင်ရာသို့  သတင်းပေးပို့ပြီး အရေးယူ ဆောင်ရွက်နိုင်အောင် ကူညီဆောင်ရွက်ပေးနေသည် များလည်း   ပြုလုပ်နေကြောင်း သိရသည်။ အဓိက ရည်ရွယ်ချက်ဖြစ်သည့် ၂၀၁၈ ခုနှစ်တွင် ရေးဆွဲပြီးစီးခဲ့သည့် နိုင်ငံအဆင့် မြန်မာ့ဆင်ထိန်းသိမ်းရေးလုပ်ငန်း စီမံချက် (၂၀၁၈- ၂၀၂၇) တွင် ပါဝင်သည့် လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ရာ၌  ကူညီပံ့ပိုး လုပ်ကိုင်နေခြင်းဖြစ်ကြောင်း  သိရ သည်။      

ကိုထိန်