နေပြည်တော် ဇန်နဝါရီ ၂၃
ရခိုင်ပြည်နယ် ငြိမ်းချမ်းရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များ ပူးပေါင်း ဆောင်ရွက်ရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
ဆွေးနွေးပွဲသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ လီဆန်းဟွာ နှင့် တာဝန်ရှိသူများ တက်ရောက်သည်။
ညှိနှိုင်းအစည်းအဝေးတွင် ရခိုင်ပြည်နယ်အပါအဝင် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းစဉ်များတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနနှင့် ကိုရီးယားသမ္မတနိုင်ငံ အစိုးရ၊ ကိုရီးယားအပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက် ရေးအေဂျင်စီ (KOICA)တို့ ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိရာ ထိုပူးပေါင်း ဆောင်ရွက်မှု များကို ဆက်လက်မြှင့်တင်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေးကြသည်။
ထို့ပြင် မြန်မာနိုင်ငံအစိုးရက ရခိုင်ပြည်နယ်အတွင်း လိုအပ်လျက်ရှိသော လူမှုသဟဇာ တဖြစ်ရေး၊ အခြေခံလူ့အခွင့်အရေးများရရှိရေး၊ လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုများကို ဆောင် ရွက်လျက်ရှိသည့် အခြေအနေများ၊ မကြာသေးမီက ကိုရီးယားသမ္မတနိုင်ငံ၊ ကိုရီးယား အပြည် ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (KOICA)မှတဆင့် ရခိုင်ပြည်နယ်ရှိ နေရပ်စွန့် ခွာသူများနှင့် တိုက်ပွဲရှောင်ပြည်သူများအတွက် လူသုံးကုန်ပစ္စည်း များကို ထောက်ပံ့ပေးအပ် ခဲ့မှုများနှင့် အဆိုပါပစ္စည်းများကို ရခိုင်ပြည်နယ်အစိုးရမှတဆင့် သက်ဆိုင်သူများထံသို့ ဖြန့်ဝေ ပေးနိုင်ရေး ဆောင်ရွက်နေမှုများ၊ ဆက်လက်ပူးပေါင်းကူညီ မည့်ကိစ္စရပ်များကို ဆွေးနွေးကြ သည်။
KOICA အနေဖြင့်လည်း အခြားမဲခေါင်ဒေသ နိုင်ငံများဖြစ်သည့် လာအို၊ ကမ္ဘောဒီးယား နိုင်ငံများတွင် မိုင်းအန္တရာယ်ဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ အကူအညီများ မြောက်များစွာ ပေးအပ်လျက်ရှိရာ မြန်မာနိုင်ငံတွင်လည်း မိုင်းအန္တရာယ်ဆိုင်ရာ လုပ်ငန်းစဉ်များတွင် အကူအညီများ တိုးမြှင့်ပေး အပ်နိုင်ရေး၊ ကိုရီးယားသမ္မတနိုင်ငံအနေဖြင့် ကမ္ဘာ့စားနပ် ရိက္ခာအဖွဲ့ (WFP)၊ အပြည်ပြည် ဆိုင်ရာကြက်ခြေနီ အဖွဲ့(ICRC) စသည့်နိုင်ငံ တကာအဖွဲ့ အစည်းများမှ တဆင့် ရခိုင်ပြည်နယ်တွင် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ် နေမှုများနှင့် ပိုမိုပူးပေါင်းကူညီရန် အစီအစဉ်များ၊ ရခိုင်ပြည်နယ်အတွင်း နေရပ်စွန့်ခွာသူများ ပြန်လည် လက်ခံရေးနှင့် ပြန်လည်နေရာ ချထားရေးဆိုင်ရာ လုပ်ငန်းစဉ်များကို အထောက် အကူဖြစ်စေရေးအတွက် အာဆီယံအဖွဲ့ဝင် နိုင်ငံများ၊ AHA Centre နှင့် အာဆီယံအတွင်း ရေးမှူးချုပ်ရုံးတို့မှ ကိုယ်စား လှယ်များ ပါဝင် ဆောင်ရွက်ခဲ့သည့် ကနဦးလိုအပ်ချက်ဆန်းစစ် လေ့လာခြင်းအစီရင်ခံစာကို ထုတ်ပြန်ထားရှိပြီး ဖြစ်ရာ ထိုအစီရင်ခံစာပါ လုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် အာဆီယံ- ကိုရီးယား ရန်ပုံငွေ မှတဆင့် FM ရေဒီယိုများ ဖြန့်ဝေ ပေးခြင်းဆိုင်ရာ စီမံချက်တစ်ခုကို ငွေကြေးထောက်ပံ့ ပေးမှု အခြေအနေများ၊ ရခိုင်ပြည်နယ် အတွင်း အမျိုးသမီးနှင့် လူငယ်များ ဖွံ့ဖြိုးတိုးတက်ရေးမှတဆင့် လူမှုသဟဇာတ မျှတရေး ဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ကိုရီးယားသမ္မတနိုင်ငံနှင့် ကိုရီးယား အပြည် ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ KOICA တို့နှင့် ပူးပေါင်းဆောင် ရွက်နိုင်မည့် အခြေအနေများနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)