Skip to main content

(၁၅)ကြိမ်မြောက် အာဆီယံ ပြန်ကြားရေးဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ ပြည်ထောင်စု ဝန်ကြီး ဦးချစ်နိုင်နှင့်အဖွဲ့ တက်ရောက်

 

နေပြည်တော် မတ် ၁၂

 (၁၅)ကြိမ်မြောက် အာဆီယံ ပြန်ကြားရေးဝန်ကြီးများအစည်းအဝေးနှင့် (၁၈)ကြိမ် မြောက် အာဆီယံ ပြန်ကြားရေး ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေး (15th ASEAN Ministers’ Responsible for Information and its related Meetings) ( 15th AMRI)  အား  ယနေ့ နံနက်ပိုင်းက အလှည့်ကျ ဥက္ကဋ္ဌဖြစ်သည့် ထိုင်းနိုင်ငံမှ ဗီဒီယိုအစည်း အဝေးစနစ်ဖြင့် ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးချစ်နိုင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ဆွေးနွေးသည်။

အစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ပြန်ကြားရေးဝန်ကြီးများ၊ ပြန်ကြား ရေးဆိုင်ရာ အဆင့်မြင့် အရာရှိကြီးများနှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံမှ ဌာနဆိုင်ရာ အကြီးအကဲများနှင့် တာဝန်ရှိသူများ၊ အာဆီယံ အတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ယခုနှစ် ကျင်းပသည့် (၁၅)ကြိမ်မြောက် အာဆီယံပြန်ကြားရေးဝန်ကြီးများ အစည်း အဝေး၊ (၁၈)ကြိမ်မြောက် အာဆီယံ ပြန်ကြားရေးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ၏ ဆောင်ပုဒ် (Theme) မှာ “ASEAN: A Digital Community with Accessibility for All” (လူတိုင်း လှမ်းမီ ရပ်ဝန်းသည် အာဆီယံ ဒစ်ဂျစ်တယ်အသိုက်အဝန်းဆီ) ဖြစ်ပြီး အာဆီယံနိုင်ငံအလိုက် ပြန်ကြားရေး ဝန်ကြီး များက ၎င်း Theme အပေါ်တွင်အခြေခံ၍ အာဆီယံပြန်ကြားရေးကဏ္ဍဆိုင်ရာ ရှေ့ လုပ် ငန်းစဉ်များအပေါ် သဘောထားအမြင်များ ဆွေးနွေး ဖလှယ်ခဲ့ကြကာ အာဆီယံ ပြည်သူ များအကြား ဒစ်ဂျစ်တယ်သိနားလည် မှုဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု မူဘောင်သဘော တူညီ ချက်၊ အာဆီယံ ဒစ်ဂျစ်တယ်နည်းပညာဖြင့် ရုပ်သံ ထုတ်လွှင့် ရာတွင် လူတန်းစား မရွေး အားလုံးပါဝင်အသုံးပြုနိုင်ရေး မူဘောင်သဘောတူညီချက်နှင့် (၁၅)ကြိမ်မြောက် အာဆီယံ ပြန်ကြားရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများဆိုင်ရာ ပူးတွဲ ကြေညာချက် တို့အား ထုတ်ပြန်ကြေညာကြသည်။

AMRI အစည်းအဝေးများကို  ၁၉၈၉  ခုနှစ်မှစ၍ နှစ်နှစ်တစ်ကြိမ် နိုင်ငံ အက္ခရာစဉ်အလိုက် ကျင်းပလေ့ရှိပြီး (၁၂)ကြိမ်မြောက် အာဆီယံပြန်ကြားရေးဝန်ကြီး များအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ (12th AMRI) ကို   ၂၀၁၄ ခုနှစ်တွင်   နေပြည်တော်တွင်လည်းကောင်း၊ (၁၃)ကြိမ်မြောက် အာဆီယံပြန်ကြားရေးအဆင့်မြင့် အရာရှိကြီး များအစည်းအဝေး (13th SOMRI) ကို ဧရာဝတီတိုင်းဒေသကြီး၊ ငွေဆောင်တွင် လည်းကောင်း  ပြန်ကြားရေး ဝန်ကြီးဌာနက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည်။

အဆိုပါ AMRI အစည်းအဝေးများကို အာဆီယံဒေသတွင်း သတင်းပြန်ကြားရေး ဆိုင်ရာလုပ်ငန်းများမှတစ်ဆင့် အဖွဲ့ဝင်နိုင်ငံများအကြား အပြန်အလှန်နားလည်မှုနှင့် ယုံကြည်မှုတိုးပွား ခိုင်မာလာစေရေးလုပ်ငန်းများကို အဓိက ထားဆောင်ရွက်နိုင်ရေး အတွက် ရည်ရွယ်ကျင်းပခြင်း ဖြစ်သည်။

AMRI အစည်းအဝေးများတွင် အာဆီယံပြန်ကြားရေးဆိုင်ရာစီမံကိန်းများ၊ ဆက် စပ်သည့် အာဆီယံ အစည်း အဝေးများမှ ဆုံးဖြတ်ချက်များနှင့် လက်ရှိလုပ်ငန်းစဉ် များ အပေါ် သုံးသပ်ဆွေးနွေးခြင်း၊ ရှေ့လုပ်ငန်းစဉ်များ အတွက် စီမံကိန်းများလျာထားခြင်း၊ အာဆီယံ ပြန်ကြားရေးဆိုင်ရာ အဆင့်မြင့်အရာရှိ ကြီးများ အစည်းအဝေး အစီရင်ခံစာ အပေါ် အာဆီယံပြန်ကြားရေးဝန်ကြီးများက ပြန်လည်သုံးသပ်ပြီး အကြံဉာဏ်များ ထပ်ဆောင်း ထည့်သွင်းခြင်း၊ အတည်ပြုခြင်း များ ဆောင် ရွက်လေ့ရှိ သည်။

ပုံမှန်အားဖြင့် AMRI အစည်းအဝေးကို အာဆီယံပြန်ကြားရေးကဏ္ဍဆိုင်ရာ အဆင့်မြင့် အရာရှိကြီးများ အဆင့်အစည်းအဝေး (Senior Officials’ Meeting-SOMRI) နှင့် ဆွေးနွေးဖက် သုံးနိုင်ငံပါဝင်သည့် ပြန်ကြားရေး ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အဆင့် အစည်းအဝေး (SOMRI+3)တို့ကို ၂ ရက်ကြာကျင်းပပြီး အာဆီယံ ပြန်ကြားရေးဝန်ကြီး များအဆင့်အစည်းအဝေး (ASEAN Minister Responsible for Information-AMRI) နှင့် ဆွေးနွေးဖက်သုံးနိုင်ငံပါဝင်သည့် ဝန်ကြီးများအဆင့်အစည်းအဝေး (AMRI+3) တို့ကိုလည်း  အဆင့်မြင့် အရာရှိကြီး များ အစည်းအဝေးအပြီးတွင် ၁ ရက်ကြာ ဆက်လက်ကျင်းပလေ့ ရှိ သည်။

ယခုအခါ ကမ္ဘာအနှံ့ဖြစ်ပွားလျက်ရှိသည့် COVID-19 အခြေအနေကြောင့် ခရီး သွား လာမှု  ကန့်သတ်ချက် များရှိသဖြင့် အိမ်ရှင်ထိုင်းနိုင်ငံက ဗီဒီယိုအစည်းအဝေး စနစ် ဖြင့် စီစဉ် ကျင်းပခြင်း ဖြစ်သည်။

(၁၆) ကြိမ်မြောက် အာဆီယံပြန်ကြားရေးဝန်ကြီးများအဆင့်အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို   ၂၀၂၃ ခုနှစ်တွင် ဗီယက်နမ်နိုင်ငံက လက်ခံကျင်းပ မည် ဖြစ်ကြောင်း သိရ သည်။

(သတင်းစဉ်)