နေပြည်တော်၊ မတ် - ၁၂
ရခိုင်ပြည်နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများ ၎င်းတို့၏နေရပ်ဒေသအသီးသီးသို့ ပြန်လည်နေထိုင် နိုင်ရေး အတွက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေခံတပ်မတော်သား များက မိုင်းရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက် ပေးသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် မင်းပြားမြို့၊ ရာမောင်စခန်းတစ်ဝိုက်၊ မင်းပြားမြို့မှ ကန်ကြီးပြင်ကျေးရွာသွား ကားလမ်းတစ်လျှောက်နှင့် ကြက်ဆင်တံတားနေရာတစ်ဝိုက်တွင် လည်းကောင်း၊ အမ်းမြို့နယ်၊ ဒါးလက်တောင်ကျေးရွာပတ်ဝန်းကျင်တစ်ဝိုက်တွင် လည်းကောင်း၊ ဘူးသီးတောင်မြို့နယ်၊ စံညှင်းဝေကျေးရွာ၊ ကွန်တိုင်ကျေးရွာတစ်ဝိုက်နှင့် ကျေးရွာချင်းဆက်လမ်း များတွင်လည်းကောင်း မိုင်းရှင်းလင်းရေးလုပ်ငန်းများကို နယ်မြေခံတပ်မတော်သားများက ဆက်လက်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။