Skip to main content

ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်နှင့်ဇနီး ပြည်ထဲရေးဝန်ကြီးဌာနမိသားစု၏ ဇီဝိတဒါန ငါးလွှတ်ပွဲတက်ရောက်

နေပြည်တော် ဧပြီ ၁၇
ပြည်ထဲရေးဝန်ကြီးဌာနမိသားစု၏ ဇီဝိတဒါန ငါးလွှတ်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ဘောဂသိဒ္ဓိ ရပ်ကွက် ပျဉ်းမနား- တောင်ညိုလမ်းမဘေးရှိ မင်္ဂလာ ကန်တော်၌ ကျင်းပသည်။
အခမ်းအနားတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်၊ ပြည်ထဲရေး ဝန်ကြီးဌာနနှင့် ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် ဇနီးဒေါ်နီလာစိန်၊ ပြည်ထဲရေး ဝန်ကြီးဌာနနှင့် ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနတို့မှ ဒုတိယဝန်ကြီးများနှင့် ဇနီးများ၊ တာဝန်ရှိသူများနှင့် မိသားစုဝင် များက ရွှေဝါ ငါးကြင်းငါးမျိုးစိတ် အကောင် ၁၈၀၀ အား မင်္ဂလာကန်တော်အတွင်းသို့ ဇီဝိတဒါန လွှတ်ပေးကြသည်။
သတင်းစဉ်