နေပြည်တော်၊ ဧပြီ - ၁၇
မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်၊ မြန်မာနှစ်ဆန်း ၁ ရက်နေ့ဖြစ်သော ယနေ့တွင် နှစ်ဉီးပရိတ်တရား တော်များ ရွတ်ဖတ်ပူဇော်ခြင်း၊ အန္တရာယ်ကင်းပရိတ်တော်များ ရွတ်ဖတ်ပူဇော်ခြင်း၊ ဇီဝိတဒါနငါးလွှတ် ခြင်းနှင့် သက်ကြီးဘိုးဘွားများအား ပူဇော် ကန်တော့ခြင်းတို့ကို တိုင်းစစ်ဌာနချုပ်များနှင့် တပ်ရင်း/ တပ်ဖွဲ့အသီးသီး၌ ပြုလုပ် ကြသည်။
ရွတ်ပွားပူဇော်
အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်းကို တိုင်းစစ်ဌာနချုပ် များနှင့် တပ်ရင်း/ တပ်ဖွဲ့အသီးသီးတို့ရှိဓမ္မာရုံများနှင့် သတ်မှတ်နေရာများ၌ သံဃာ တော်များက ရွတ်ပွားပူဇော် ချီးမြှင့် တော်မူကြရာ တိုင်းမှူးများနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက သီလခံယူ ဆောက်တည်၍ ပရိတ်တရား တော်များကိုနာယူကြပြီး သံဃာတော်များအား လှူဖွယ် ပစ္စည်းများ ဆက်ကပ်လှူဒါန်း ကြသည်။
ဇီဝိတဒါနစုပေါင်းငါးလွှတ်
ထို့ပြင် မြန်မာနှစ်ဆန်း ၁ ရက်နေ့တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ စီမံအုပ်ချုပ်ရေး ကောင်စီ တို့မှ ကောင်စီဥက္ကဋ္ဌများ၊ တိုင်းစစ်ဌာနချုပ်များအလိုက် တိုင်းမှူးများနှင့် အရာရှိ၊ စစ်သည်၊ မိသားစု များက ဇီဝိတဒါနစုပေါင်းငါးလွှတ်ခြင်း၊ သက်ကြီး ဘိုးဘွားများအား ပူဇော်ကန်တော့ခြင်း၊ စားသောက် ဖွယ်ရာများပေးအပ် လှူဒါန်းခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းတို့ကို ဆောင်ရွက် ခဲ့ကြ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်