လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အလယ်ကျေးရွာ၊ အနော်ရထားလမ်း၌ လူသတ်မှုနှင့် လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ အောင်ဇေယျ ကြိုးတံတားထိပ်၌ မူးယစ်ဆေးဝါးများလက်ဝယ်တွေ့ရှိမှု ကျူးလွန်ခဲ့သူများအား ပြစ်ဒဏ် အသီးသီးချမှတ်

 

နေပြည်တော်၊ မေ -    

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အလယ်ကျေးရွာ၊ အနော်ရထာလမ်းရှိ ပိုင်ကြီး ဆိုင်ကယ် ပြုပြင်ရေးဆိုင်၌ စွမ်းခန့်သူ()ဦးသန်းဇော်မျိုး သည် ညီအစ်ကို ဝမ်းကွဲတော်စပ်သူ လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ်၊ အလယ် ကျေးရွာနေ အောင်ပိုင်()အေးမင်းပိုင်()ဦးစိုးအေး နှင့်အတူ အရက်သောက်စား မူးယစ်ကာ စကားများရန်ဖြစ်ကြစဉ် စွမ်းခန့်သူ က ဆိုင်ကယ်ပြင်ဆိုင်အမိုးတွင် ထိုးထားသော အရိုးအသွား ၁၀ လက်မခန့်ရှိ စကေဘာဓားဖြင့် ထိုးခဲ့ရာ အောင်ပိုင်() အေးမင်းပိုင် သည်  ရင်ဘတ်ထိုးသွင်းဒဏ်ရာကြောင့် သေဆုံး ခဲ့သဖြင့် စစ်အုပ်ချုပ်ရေး (Martial Law) စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရာဇသတ်ကြီး ပုဒ်မ-၃၀၂() အရ မေ ရက်တွင်အလုပ်နှင့်ထောင်ဒဏ် (၂၀)နှစ်အမိန့်ချမှတ်လိုက်ကြောင်း သိရှိရသည်။

ထို့ပြင် လှိုင်သာယာ(အရှေိ့ပိုင်း)မြို့နယ်၊ အမှတ်()ရပ်ကွက်၊ အောင်ဇေယျ ကြိုးတံတားထိပ်၌ လုံခြုံရေး တပ်ဖွဲ့ဝင် များပါဝင်သော ပူးပေါင်းအဖွဲ့သည် မော်တော် ဖြတ်သန်းသွားလာမှုများအား စစ်ဆေးဆောင်ရွက်စဉ် မတ် ၃၀ ရက် နာရီ မိနစ် ခန့်တွင် ဦးဝင်းမြင့် မောင်းနှင်လာသည့် Caldina အမျိုးအစား အဖြူရောင် မောင်တော် ယာဉ်အမှတ်၊ YGN 5D/--- အား ရပ်တန့်စစ်ဆေးရာ ယာဉ်ပေါ်တွင် လိုက်ပါလာသည့် ကျော်မြင့်ဦး () ရေခဲ()ဦးတင်ရွှေ  ပြောက်ကျားဘေးလွယ် အိတ်အတွင်းမှ ပလပ်စတစ်အကြည်ရောင်အိတ်ဖြင့် ထည့်ထား သည့် WY စာတမ်းပါ လိမ္မော်ရောင်စိကြွရူးသွပ်ဆေးပြား ပြား၊ အအေးစုပ်ပိုက် ချောင်း၊ မူယစ်ဆေးဝါး သုံးစွဲ ထားသည့် ခဲပြား ခု၊ ခဲပြားအသစ် ခုတို့ကို တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး မူးယစ်ဆေးဝါး (သို့မဟုတ်) စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများကို လက်ဝယ်ထား ရှိခဲ့သည့်အတွက် စစ်အုပ်ချုပ်ရေး(Martial Law)စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဉပဒေပုဒ်မ - ၁၆() အရ မေ ရက်တွင်အလုပ်နှင့်ထောင်ဒဏ် (၁၀)နှစ်အမိန့်ချမှတ်လိုက်ကြောင်း သိရှိရသည်။

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ရွှေပြည်သာမြို့နယ်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့ နယ်နှင့် မြောက်ဥက္ကလာပမြို့နယ်တို့တွင် အထည်ချုပ်စက်ရုံများ၊ အခြေခံပညာ အထက်တန်းကျောင်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများအား မီးရှို့ဖျက်ဆီးခြင်း၊ မီးငြိမ်းသတ်မှု မဆောင်ရွက်နိုင်ရန် တားဆီးနှောင့်ယှက်မှုများ ဆောင်ရွက်သည့် အပြင် အကြမ်းဖက်မှုများကိုပါ ဆောင်ရွက် လာသဖြင့် စစ်အုပ်ချုပ်ရေးအမိန့် ( Martial  Law) အား မတ် ၁၄ ရက်နှင့် ၁၅ ရက်တို့တွင် ထုတ်ပြန် ကြေညာခဲ့သည်။  စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်ကြေညာထားသည့် မြို့နယ်များအတွင်း စစ်ခုံရုံးဖြင့် စစ်ဆေး မည့်ပြစ်မှုဆိုင်ရာ ၂၃ မျိုးကိုလည်း ပူးတွဲထုတ်ပြန်ထားကြောင်းနှင့် အဆိုပါ ပြစ်မှုများကို ဖောက်ဖျက်ကျူးလွန်ပါက စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ ဆောင်ရွက်ကာ ထိထိရောက်ရောက် မြန်မြန်ဆန်ဆန် အရေးယူဆောင်ရွက်လျက် ရှိကြောင်း သတင်း ရရှိသည်။

သတင်းစဉ်