နေပြည်တော်၊ ဧပြီ-၁၀ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် ကာကွယ်ရေး ဦးစီး ချုပ်ရုံး(ကြည်း၊ရေ၊လေ)မှ တပ်မတော်အရာရှိကြီးများနှင့် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး တို့လိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် ဗထူးတပ် နယ်အတွင်းရှိ စိုက်ပျိုး၊မွေးမြူရေး ဆောင်ရွက် ထားရှိမှု အခြေအနေများအားလိုက်လံ ကြည့်ရှုစစ်ဆေးသည်။ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း နှင့်အဖွဲ့ဝင်များသည် ဗထူးတပ်မြို့ရှိ တိရစ္ဆာန်မွေးမြူရေးနှင့်လေ့ကျင့်ရေးတပ်ရင်းသို့ ရောက်ရှိရာ တပ်ရင်းရုံး၌ တပ်ရင်းမှူးက ရည်မှန်းချက်အပေါ်အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှု အခြေအနေများကို တင်ပြပြီး ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း က လုပ်ငန်းတာဝန်များကို ရည်မှန်းချက် ထားရှိ ဆောင်ရွက်ရေး၊ စိုက်ပျိုးမွေးမြူရေးနှင့် ပတ်သက်၍ တပ်ရင်းအဆင့် စံပြအဖြစ် ကုန်ထုတ်လုပ် မှုဆောင်ရွက်ရင်း စိုက်ပျိုးရေး မွေးမြူရေးအသိပညာဖြန့်ဝေနိုင်အောင် ဆောင် ရွက်ရေးနှင့် မျိုးကောင်းမျိုးသန့်များ ဖြန့်ဝေနိုင်ရေးတို့အား မှာကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးသည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် အဖွဲ့ဝင်များသည် တပ်ရင်း၌ ဆောင်ရွက်ထားသော စံပြစိုက်ပျိုး၊ မွေးမြူရေး ဇုန်သို့ သွားရောက်၍ ရာသီသီးနှံများကို Green House စနစ်၊ မြေအစားထိုး ဘောင်တင်စနစ်၊ ရေအစက်ချစနစ်များဖြင့် စိုက်ပျိုးထားရှိမှု၊ ကျောက်စိမ်းဖီးကြမ်း တစ်ရှူးငှက် ပျောစိုက်ပျိုးထားရှိမှု ၊ ဥစားကြက်များအား မြေစိုက်ရေကန်အမျိုးအစား နှင့် လေလုံ အအေး ပေးစနစ်တို့ဖြင့် မွေးမြူထားမှု၊ အသားတိုးနွားနှင့် နို့စားနွား မွေးမြူ ထားမှု၊ DYL ဝက်များ မွေးမြူထားရှိမှုအခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေး ပြီး ဆောင်ရွက်ရမည့် အချက်များအား ရှင်းလင်းမှာကြားသည်။ အဆိုပါ စံပြစိုက်ပျိုး ၊ မွေးမြူရေးဇုန်အတွင်း ရာသီသီးနှံများကို အထွက်နှုန်းတိုးစေရန် ခေတ်မီနည်းပညာ များဖြင့် စိုက်ပျိုးထားရှိပြီး ဥစားကြက်၊ အသားတိုးကြက်၊ အသားတိုးနွား၊ နို့စားနွား၊ အသားတိုးဝက်နှင့် ဆိတ်တို့အား မွေးမြူထားရှိကာ တိရစ္ဆာန်များအား လွှတ်ကျောင်း စနစ်ဖြင့်ထိန်းကျောင်းနိုင်စေရေး စားကျက်မြေ ၂၁ ဧကအား စိုက်ပျိုးထားရှိပြီး ၎င်း စားကျက်မြေတွင် မူလတို(MULATO) မြက်မျိုးနှင့် စတိုင်လိုပဲမျိုးနွယ်(STYLO) တို့အား ရောနှောစိုက်ပျိုးထားကြောင်း သိရှိရသည်။ ကြည့်ရှုစစ်ဆေး ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော် ကာကွယ် ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် အဖွဲ့ဝင်များ သည် တပ်မတော်(ကြည်း)တိုက်ခိုက်ရေးကျောင်း(ဗထူး)ရှိ ပေါင်းစည်းလယ်ယာ(ဗထူးစမ်း)သို့ သွားရောက်၍ ပေါင်းစည်းလယ်ယာအတွင်းရှိ ဥစားကြက် မွေးမြူရေးခြံ၊ အသားတိုး ကြက်မွေးမြူရေးခြံ၊ နို့စားနွားမွေးမြူရေးခြံနှင့် DYL ဝက်မွေးမြူရေးခြံ တို့ကို လည်းကောင်း၊ နွေစပါးစိုက်ပျိုးထားရှိမှု အခြေအနေတို့ ကို လည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးကြသည်။ ၎င်းနောက် တပ်မတော်(ကြည်း)တိုက်ခိုက်ရေးကျောင်း(ဗထူး)၊ (၃)ထပ် စာသင်ဆောင်သို့ သွားရောက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ် မှူးကြီး စိုးဝင်း က ခြေလျင်တပ်စုမှူးသင်တန်းသား အရာရှိများအား တွေ့ဆုံ၍ ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲအကြို မဲဆွယ်ကာလ၊ မဲပေးကာလနှင့် မဲပေးပြီး နောက်ပိုင်းကာလတို့နှင့် ပတ်သက်၍လည်းကောင်း၊ ၂၀၁၀ ပြည့်နှစ်တွင် အနိုင်ရရှိခဲ့ သည့် ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရကာလအတွင်း နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး အတွက် ရည်ရွယ်ဆောင်ရွက်ခဲ့သော စီမံကိန်းများ၊ ရင်းနှီးမြှုပ်နှံမှုများ၊ စိန်ခေါ်မှုများ နှင့်ပတ်သက်၍ လည်းကောင်း၊ ၂၀၁၅ ခုနှစ်တွင် အနိုင်ရရှိခဲ့သည့် NLD ဦးဆောင်သည့် အစိုးရကာလ အတွင်း ယခင်အစိုးရလက်ထက်တွင် ဖော်ဆောင်ခဲ့သည့် စီမံကိန်းများ ဆိုင်းငံ့ခြင်း၊ ပြန်လည်စိစစ်ခြင်းမှစ၍ စီးပွားရေးအကောင် အထည်ဖော်မှု နှောင့်နှေး ခဲ့သည့် ဖြစ်စစဉ်ဖြစ်ရပ်များ၊ ဘာသာသာသနာ၊ ယစဉ်ကျေးမှု အမွေအနှစ်၊ မျိုးချစ်စိတ်များ ညှိုးနွမ်းပျောက်ပျက်အောင်လုပ်ဆောင်လာမှု၊ Open Society Foundations များ အပါအဝင် NGO ၊ INGO များမှတစ်ဆင့် သင်တန်းအမျိုးမျိုး ခေါင်းစစဉ်အမျိုးမျိုး၊ ဆွေးနွေးပွဲ ဟောပြောပွဲအမျိုးမျိုးတို့ဖြင့် လူငယ်လူရွယ်များ အပါအဝင် အလွှာပေါင်းစုံ ထံ မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ်နှင့် ယစဉ်ကျေးမှုဓလေ့ထုံးတမ်းစရိုက်လက္ခဏာများ လျော့ပါးပျက်စီးလာအောင် ဆောင်ရွက်ခဲ့မှု၊ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ၌ မဲစာရင်း ကြီးမားစွာမှားယွင်းကာ မဲမသမာမှု ဖြစ်သော ၁၀ ဒသမ ၄ သန်းအား တာဝန်ရှိသူ အဆင့်အဆင့်က ရှင်းလင်းပေးမှုမရှိဘဲ နိုင်ငံတော်၏ အာဏာအရပ်ရပ်ကို အတင်း အဓမ္မရယူလာခြင်းကြောင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ(၂၀၀၈ ခုနှစ်) အရ တပ်မတော်က ထိန်းသိမ်းဆောင်ရွက်ခဲ့ရမှုတို့နှင့်ပတ်သက်မှုတို့အပေါ် သင်တန်းသား အရာရှိများနှင့် အပြန်အလှန် ဆွေးနွေးကြသည်။ ဆက်လက်၍ တပ်မတော်က နိုင်ငံတော်အာဏာအရပ်ရပ်အား ထိန်းသိမ်း ရယူ၍ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်းဆောင်ရွက်စဉ်ငြိမ်းချမ်းစွာ ဆန္ဒပြ သည့်ကာလ၊ ခြိမ်းခြောက် အကြပ်ကိုင်သည့် ကာလ၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးတို့အား ပျက်ပြားစေရန် ရည်ရွယ်၍ မီးရှို့ဖျက်ဆီး သတ်ဖြတ်လာသည့် ကာလ၊ ဥပဒေ လုပ်ထုံးလုပ်နည်းနှင့်အညီ ထိန်းသိမ်းဆောင်ရွက်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ်ရရာ လက်နက်စွဲကိုင် တိုက်ခိုက် လာသည့် ကာလတို့နှင့် ပတ်သက်၍ လည်းကောင်း၊ အနောက်နိုင်ငံနှင့် မီဒီယာ အချို့က ငြိမ်းချမ်းစွာ ဆန္ဒဖော် ထုတ်မှုအဆင့်မှ ဆူပူအကြမ်းဖက်သူများအနေဖြင့် တရားမဝင် ငွေကြေး ထောက်ပံ့မှု များရယူကာ မီးရှို့ဖျက်ဆီးသတ်ဖြတ်မှုဖြစ်စစဉ်အထိ အဆင့်လိုက် ပြောင်းလဲလာခဲ့သည့် ဖြစ်စစဉ် ဖြစ်ရပ်များအပေါ် မျက်ကွယ်ပြုကာ ငြိမ်းချမ်းစွာဆန္ဒပြနေသည့် အပြစ်မဲ့ပြည်သူ များကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ရက်ရက်စက်စက်သတ်ဖြတ်နေကြောင်း တစ်ဖက် သက် စွပ်စွဲထုတ်ပြန်မှုတို့နှင့် ပတ်သက်၍လည်းကောင်း သင်တန်းသားအရာရှိများ၏ အမြင်၊ သဘောထားများကို အပြန်အလှန်ဆွေးနွေးကြသည်။ ယင်းနောက် နိုင်ငံတော် စီမံအုပ်ချုပ် ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း က သင်တန်းသား အရာရှိများအနေဖြင့် အတွေးအခေါ်ကြံဆမှုများအား အမြင်ကျယ်ကျယ်ဖြင့် လေ့လာ မှတ်သားရန်၊ မိမိပတ်ဝန်း ကျင်နှင့် လက်အောက်တို့အား အမှားနှင့်အမှန် ကွဲကွဲပြားပြား သိရှိနိုင်ရေး လက်ဆင့်ကမ်း ဆွေးနွေးကြရန်တို့အား မှာကြားခဲ့ကြောင်း သတင်းရရှိ သည်။ သတင်းစဉ်