May 07, 2021
ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာကဏ္ဍ (နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာ တက္ကသိုလ်များ) ဘဏ္ဍာရေးဆိုင်ရာ စီမံခန့်ခွဲကြီးကြပ်မှု မွမ်းမံသင်တန်းကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၂၁) အစည်းအဝေးခန်းမ၌ ကျင်းပ သည်။
May 07, 2021
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ (၂၀၂၁ ခုနှစ်၊ မေလ (၇)ရက်နေ့ ည(၇:၀၀) နာရီအချိန် ထုတ်ပြန်ချက်)
May 07, 2021
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၃/၂၀၂၁) ကြိမ်မြောက် အစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော် ရုံးအမှတ်၁၈၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အုပ်ချုပ်မှုရုံး၌ ကျင်းပသည်။ အစည်းအဝေးသို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနှင့် ကော်မရှင်အဖွဲ့ဝင်များ တက်ရောက်ကြသည်။
May 07, 2021
လျှပ်စစ်ကားများ ထုတ်လုပ်နိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် စက်မှုဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
May 07, 2021
ဗီယက်နမ်နိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် မြန်မာအားကစားအဖွဲ့များ ဝင်ရောက်ယှဉ်ပြိုင် အောင်မြင်မှု ရရှိစေရေးအတွက် ကြိုတင်ပြင်ဆင်ထားရှိမှု ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ(၁) နာရီတွင် နေပြည်တော်ရှိ ရုံးအမှတ်(၃၁) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
May 07, 2021
ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ရှိ တပ်ဖွဲ့၊ ဦးစီးဌာနများမှ မိသားစုဝင်များအနေဖြင့် တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေးလုပ်ငန်းများ စိုက်ပျိုးခြင်းဖြင့် အပိုဝင်ငွေရရှိစေရန်နှင့် အာဟာရ ပြည့်ဝပြီး သန့်ရှင်းလတ်ဆတ်သော ဟင်းသီးဟင်းရွက်များကို ကိုယ်တိုင်စိုက်ပျိုး စားသုံးနိုင် စေရန် ရည်ရွယ်ဖွင့်လှစ်သော စိုက်ပျိုးရေးပညာပေးသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၊ အရိန္ဒမာခန်းမ၌ ကျင်းပသည်။
May 07, 2021
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်နိုင်တို့သည် ယနေ့ နံနက်(၇)နာရီတွင် လယ်ဝေးမြို့နယ်အတွင်းရှိ သဖန်းပင် - ညောင်ပင်သာလမ်းပေါ်ရှိ မြစိမ်းရောင်မေတ္တာပေါင်းကူးတံတားနှင့် ကြို့ပင်သာ-ပေါင်းလောင်း စစ်တောင်းမြစ်ကူးတံတား တည်ဆောက်နေသည့် လုပ်ငန်းခွင်သို့ သွားရောက် ကြည့်ရှုစစ်ဆေးသည်။
May 07, 2021
မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်အနေဖြင့် ဆန်စျေးနှုန်းတည်ငြိမ်မှုရှိစေရေး၊ ပြည်တွင်း ဆန်ပြတ်လပ်မှု မရှိစေရေးနှင့် ဆန်လိုအပ်သည့် ဒေသများတွင် ဆန်သိုလှောင် ရောင်းချနိုင်ရေး တို့အတွက် ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ ဦးရဲမင်းအောင် ထံမှ သိရသည်။