Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့်ဇနီး ဝန်ကြီးဌာနမိုးရာသီ သစ်ပင်စိုက်ပျိုးပွဲနှင့် အားကစားပြိုင်ပွဲ ဆုပေးပွဲတက်ရောက်

 

နေပြည်တော် ဇူလိုင်

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ၂၀၂၁ ခုနှစ် ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး လှုပ်ရှားမှု မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့နံနက် နာရီတွင် နေပြည်တော်ရှိ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပျိုးဥယျာဉ်အနီး၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့်ဇနီး တက်ရောက်၍ ကံ့ကော်ပင်အား ဦးဆောင်စိုက်ပျိုးပေးသည်။

ထို့နောက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဇနီးများ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဌာနတာဝန်ခံများဝန်ထမ်းများက ပျိုးပင်များကို သတ်မှတ်နေရာ အသီးသီးတွင် စိုက်ပျိုးပေးကြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဝန်ထမ်းများ သစ်ပင်စိုက်ပျိုးနေမှုကို လိုက်လံကြည့်ရှုအားပေးသည်။ ယနေ့မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲအခမ်းအနားတွင် ကံ့ကော်၊ ခရေ၊ စကားဝါ၊ မဟော်ဂနီ၊ စွယ်တော်၊ ပိတောက်၊ မယ်ဇလီ၊ စိန်ပန်း၊ ကျွန်း စသည့် သစ်ပင်/ ပျိုးပင် စုစုပေါင်း (၃၆၅) ပင်ကို စိုက်ပျိုးခဲ့ကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ စားပွဲတင် တင်းနစ်နှင့် ပိုက်ကျော်ခြင်း ဗိုလ်လုပွဲ ပွဲစဉ် ယှဉ်ပြိုင်နေမှု ကြည့်ရှုအားပေးသည်။

ယင်းနောက် ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာ စကားပြောကြားသည်။ ယင်းနောက် တတိယဆုရရှိသော ပိုက်ကျော်ခြင်းအသင်းနှင့် စားပွဲတင် တင်းနစ် တစ်ဦးချင်းအမျိုးသားဆု၊ တတိယဆုရရှိသော စားပွဲတင်တင်းနစ် တစ်ဦးချင်း (အမျိုးသမီး) ဆု ဒုတိယဆုရရှိသော ပိုက်ကျော်ခြင်းအသင်းနှင့် စားပွဲတင်တင်းနစ် တစ်ဦးချင်းအမျိုးသားဆု  ဒုတိယဆုရရှိသော စားပွဲတင်တင်းနစ် တစ်ဦးချင်း  (အမျိုးသမီး) ဆုတို့ကို   ညွှန်ကြားရေးမှူးချုပ်များနှင့် ၎င်းတို့၏ဇနီးများက ပေးအပ်ချီးမြှင့်ခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ပထမဆုရရှိသော ပိုက်ကျော်ခြင်း အသင်းနှင့် စားပွဲတင်တင်းနစ် တစ်ဦးချင်း အမျိုးသားဆုကိုလည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး၏ ဇနီးက ပထမဆုရရှိသော စားပွဲတင်တင်းနစ် တစ်ဦးချင်း (အမျိုးသမီး) ဆုကို ပေးအပ်ချီးမြှင့်သည်။

အဆိုပါ ဝန်ကြီးဌာန အားကစားပြိုင်ပွဲကို ဇူလိုင်  ရက် နှင့် ရက် များတွင် ကျင်းပပြီး၊ ပြိုင် ပွဲများသို့ ဝန်ကြီးရုံးနှင့် ဦးစီးဌာနမှ အမျိုးသား(၃၇) ဦး၊ အမျိုးသမီး () ဦး စုစုပေါင်း (၄၂) ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။