နေပြည်တော် ဇူလိုင် ၂
အာဆီယံဒေသတွင်းဆိုင်ရာ စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ် ASEAN Plan of Action for Energy Cooperation (APAEC) အရ မြန်မာနိုင်ငံနှင့်လာအို နိုင်ငံတို့အကြား လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍပူးပေါင်းဆောင်ရွက်ရေး ညှိနှိုင်းအစည်းအဝေး ကို ယနေ့တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ရုံးအမှတ်(၂၇)၌ ကိုဗစ်-၁၉ ကာကွယ်ရေး နည်းစနစ်များနှင့်အညီ Virtual Meeting ဖြင့် ကျင်းပသည်။
အစည်းအဝေးတွင် မြန်မာနိုင်ငံမှ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအောင်သန်းဦး၊ ဒုတိယဝန်ကြီး ဦးသန့်စင်၊ အမြဲတမ်းအတွင်းဝန် ဦးသန်းဇော်နှင့် ဦးစီးဌာန၊ လုပ်ငန်းတို့မှဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ကြပြီး လာအိုနိုင်ငံမှ စွမ်းအင်နှင့်သတ္တုတွင်းဝန်ကြီးဌာနဝန်ကြီး H.E Dr. Dabong Phonekeo နှင့်အတူ Cabinet Office/MEM မှ အမြဲတမ်းအတွင်းဝန် Mr.Phetsavanh Rattanathongxay နှင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်