နေပြည်တော် ဇူလိုင် ၁
ဧရာဝတီတိုင်းဒေသကြီး ကွင်းကောက်မြို့နယ်၊ အင်္ဂပူမြို့နယ်။ လေးမျက်နှာမြို့နယ်နှင့် ကြံခင်းမြို့နယ်တို့ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင် များ စားရေးအဆင်ပြေစေရန်အတွက် ဆန်၊ ဆီ၊ ဆား၊ ပဲ အမယ် လေးမျိုး ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့တွင် ကွင်းကောက်မြို့ နယ်မြေခံ သင်တန်းကျောင်းခန်းမ၌ ပြုလုပ်ရာ အနောက်တောင်တိုင်းစစ်ဌာနချုပ် ဟင်္သာတတပ်နယ်မှ တပ်နယ်မှူး ဗိုလ်မှူးချုပ် ဇော်မြင့်ဦး နှင့် တာဝန် ရှိသူများ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ တပ်နယ်မှူးက အဖွင့်အမှာစကားပြောကြားပြီး စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ စားရေး အဆင်ပြေစေရန်အတွက် ဆန်၊ ဆီ၊ ဆား၊ ပဲအမယ်လေးမျိုးအား ထောက်ပံ့ပေးအပ်ပြီး စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင် ရွက်ပေးသည်။
အလားတူ မြောင်းမြမြို့နယ်အတွင်းရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ စားရေး အဆင်ပြေစေရန် အတွက် ဆန်၊ ဆီ၊ ဆား၊ ပဲအမယ်လေးမျိုးကို နယ်မြေခံတပ်ရင်းခန်းမ၌ တာဝန်ရှိသူများက ထောက်ပံ့ပေးအပ်ခဲ့ ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်