Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းကိုဗစ်-၁၉ အလွန်ကာလတွင် ခရီးသွားလုပ်ငန်း ရှင်သန်ရပ်တည်နိုင်ရေး အထောက်အကူပြု Application မိတ်ဆက်ရှင်းလင်းတင်ပြသည့် အစည်းအဝေး တက်ရောက်

နေပြည်တော် ဇူလိုင် ၁၃


ကိုဗစ်-၁၉ အလွန်ကာလတွင် ခရီးသွားလုပ်ငန်း ရှင်သန်ရပ်တည်နိုင်ရေး အထောက် အကူပြု Application မိတ်ဆက်ရှင်းလင်းတင်ပြသည့် Skylark ကုမ္ပဏီ တာဝန်ရှိသူများနှင့် တွေ့ဆုံညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီး ဌာန နီလာအစည်းအဝေး   ခန်းမ၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန် ထားရှိသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ Social Distancing စနစ်ဖြင့် ကျင်းပသည်။


အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက အနာဂတ်ခရီးသွား လုပ်ငန်းတွင် ကိုဗစ်-၁၉ ကပ်ရောဂါ အခြေအနေကြောင့် ပုံမှန်သွားလာခြင်းမျိုးမှ New Normal ပုံစံဖြင့် သွားလာရမည်ဖြစ် ကြောင်း၊ New Normal ပုံစံနှင့်ပတ်သက်ပြီး အကျိုးရှိရှိ အသုံးပြုနိုင်မည့် Application တစ်ခုဖြစ်ပေါ်စေရေးအတွက် အဓိကထား ဆွေးနွေးပေးစေ လိုကြောင်း၊ အဆိုပါ Application အား ကိုဗစ်-၁၉ ကာလအတွင်း ပြည်သူများနှင့် ခရီးသွားဧည့် သည်များအားလုံး အကျိုးရှိစေရန်နှင့် ရေရှည်တွင် ခရီးသွားလုပ်ငန်း အထောက်အကူဖြစ် စေရန်ရည်ရွယ်ပါကြောင်း၊ ကိုဗစ်-၁၉ အလွန်ကာလများတွင် ခရီးသွား လုပ်ငန်း ပြန်လည် ရှင်သန်ရပ်တည်နိုင်ရေး နည်းပညာပိုင်းနှင့်ပတ်သက်၍ ထိထိ ရောက်ရောက် အကျိုးပြုနိုင် မည့် နည်းလမ်းများကို ဆွေးနွေးပေးစေလိုကြောင်း ပြောကြား သည်။


ယင်းနောက် Skylark ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးမင်းမြတ်စိုးမိုးက ကုမ္ပဏီအနေ ဖြင့် ကိုဗစ်-၁၉ ဒုတိယလှိုင်းကာလအတွင်း အင်းလျားစင်တာနှင့် မော်လမြိုင်ရှိ Quarantine Center တို့တွင် Quarantine Center Management System၊ Certificate Management System များ အခမဲ့ ကူညီပံ့ပိုးဆောင်ရွက်ပေးခဲ့မှု၊ Tourism Portal/ App အသုံးပြု လုပ်ငန်းစဉ် အဆင့်ဆင့်၊ Mobile App ၏ အခြေခံလုပ်ဆောင်ချက်၊ လိုအပ်ချက်များနှင့် Application အသုံးပြုသူ များအတွက် အကျိုးကျေးဇူးရရှိမှုအခြေအနေများအား ဆွေးနွေး တင်ပြသည်။

 

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ညွှန်ကြားရေးမှူးချုပ်များက Application အသုံးပြု ခြင်းအားဖြင့် ခရီးသည်များ၏ လုပ်ငန်းဆောင်ရွက်ချက်များ နှစ်ဖက်နှစ် လမ်း အကျိုးရှိစေရေးအတွက် စဉ်းစားဆောင်ရွက်ရန် အခြေအနေများကို တင်ပြဆွေးနွေးပြီး ဌာနဆိုင်ရာ တာဝန်ရှိသူများက Application နှင့် ပတ်သက်၍ သိရှိလိုသည်များကို အပြန် အလှန် မေးမြန်းဆွေးနွေးသည်။

         

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ယင်း Application ကို အသုံးပြုခြင်းအားဖြင့် ခရီးသွား ဧည့်သည်များ၏ အချက်အလက်များ၊ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံထားရှိမှု ၊ ခရီး သွားလာမှု မှတ် တမ်းများနှင့် ကိုဗစ်-၁၉ သတင်းအချက်အလက်များကို နောက်ဆုံးအခြေအနေ ထိ သိရှိ နိုင်ပြီး ဝန်ကြီးဌာနအနေဖြင့် ခရီးသွားဧည့်သည်များ ဝင်ရောက်မှုများကို ကြီးကြပ် ဆောင် ရွက်နိုင်မည် ဖြစ်ပါကြောင်း ပြောကြားသည်။


(သတင်းစဉ်)