Skip to main content

ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အမျိုးသားရေး

COVID-19 ရောဂါသည် လုံးဝအလျှင်းမပျောက်နိုင်သည့် ရောဂါမျိုးဖြစ်သည်ဟု ယူဆရသည့် အတွက် ကာကွယ်ဆေးများ အမြဲမပြတ်လိုအပ်နေမည်ဖြစ်သဖြင့် မိမိ တို့နိုင်ငံအတွင်း ကာကွယ် ဆေးထုတ်လုပ်နိုင်ရေး သက်ဆိုင်ရာကျန်းမာရေးဝန်ကြီး ဌာနနှင့် တပ်မတော်ဆေး သုတေသန တပ်ဖွဲ့ များအားလုံး ပူးပေါင်းဆောင်ရွက်ရန်နှင့် CoVID-19 ရောဂါကာကွယ်ရေးသည် အမျိုးသားရေးဖြစ်သဖြင့် ပုဂ္ဂလိကကဏ္ဍများ ကပါ ပူးပေါင်းဆောင်ရွက်ရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ခြင်းဖြင့် နိုင်ငံတော် အတွက် များစွာအကျိုးရှိမည်ဖြစ်ကြောင်း” နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့သည်။

တပ်မတော်အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသမှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး အတွက် နေရာ ၁၂၇၈ နေရာတွင် လူဦးရေ ၃၈၉၇၂ ဦး လက်ခံ နိုင်ရေး ပြင်ဆင်ထားရှိပြီး အရပ်ဘက်အနေဖြင့် နေရာ ၁၄၅၃ နေရာတွင် လူဦးရေ ၇၁၄၇၅ ဦး လက်ခံနိုင်ရေး ပြင်ဆင်ထားရှိပြီးဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍အဓိကလိုအပ်နေသော အောက်ဆီဂျင်ရရှိရေးအတွက်ရှိပြီးအောက်ဆီဂျင် စက်ရုံများ၊ ထပ်မံလှူဒါန်းတည်ဆောက်မည့် အောက်ဆီဂျင်စက်ရုံများကို အသင့် ပြင်ဆင်စီမံ ဆောင်ရွက်နေ သည်။ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ ကြိုတင်စီမံ ပြင်ဆင်ဆောင်ရွက်ရေးလုပ်ငန်းများ ကို မျက်ခြည်မပြတ် အရှိန် အဟုန်ဖြင့် ဆောင်ရွက် လျက်ရှိသည်။

ထိုသို့ အဘက်ဘက်က စီမံဆောင်ရွက်လျက်ရှိနေချိန်တွင် ကိုဗစ်-၁၉ ရောဂါ နှင့်ပတ်သက်ပြီး “စိုးရိမ်ပူပန်မှုတော့ သိပ်မဖြစ်စေဖို့ရယ်။ မလိုအပ်တဲ့ကောလာဟလတွေ ဖြန့်ချီပြီးတော့ ဆောင်ရွက်တာမျိုး မလုပ်ကြဖို့ရယ်။ ပြည်သူတွေကလည်း ဒါလေး ပူးပေါင်းဆောင်ရွက် ပေးဖို့ကိုလည်း ကျွန်တော်ပြောလိုပါတယ်။ အဓိကကတော့ ဒီအပေါ်မှာ နိုင်ငံရေးအရ အမြတ်ထုတ်ချင်တဲ့လုပ်ရပ်တွေမလုပ်ဖို့ လိုတယ် ဆိုတာလေး လည်း ကျွန်တော်ပြောလိုပါတယ်။ ဒါကလူမှုရေးကိစ္စပါ။ ကျန်းမာရေး ကိစ္စ။ လူ့အသက်ကိစ္စ။ ဒါနိုင်ငံရေးကိစ္စမဟုတ်ဘူး။ ကျန်းမာရေးကိစ္စ။ လူ့အသက် ကိစ္စ။ ဒီအပေါ်မှာလာပြီးတော့မှ ဒုက္ခရောက်အောင် မလုပ်ဖို့ လိုတယ်။ ဒါလုပ်တယ် ဆိုရင်တော့ တော်တော်ကို မိုက်မဲရာ ကျတဲ့လုပ်ရပ်ပဲလို့ ကျွန်တော် ပြောလိုတယ်”ဟု နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက အထက်ပါအစည်းအဝေးတွင် ပြောကြားခဲ့သည်။

ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ကုသရေးအတွက် ကျန်းမာရေးဝန်ထမ်း များနှင့် စေတနာ့ ဝန်ထမ်းများ လိုအပ်လျက်ရှိသည်။ လက်ရှိတွင် ရောဂါဖြစ်ပွားမှု၊ ကူးစက်မှု၊ သေဆုံးမှုနှုန်းများ မြင့်မားလျက်ရှိရာတွင် ကြိုတင်ပြင်ဆင်မှုများကို စဉ်ဆက်မပြတ်ဆောင်ရွက်နေရမည်ဖြစ်ပြီး အဓိကအားဖြင့် ပြည်သူလူထု ပူးပေါင်း ဆောင်ရွက်မှုနှင့် တာဝန်ရှိအဖွဲ့ အစည်းများက ထိထိရောက်ရောက် ပေါင်းစပ်ဆောင်ရွက်သွားမည်ဆိုပါက ကိုဗစ်- ၁၉ ရောဂါဖြစ်ပွားမှုနှုန်းကို အတတ်နိုင်ဆုံး အနေအထား အထိ ထိန်းထားနိုင်မည်ဟု ယုံကြည်သည်။ မြန်မာနိုင်ငံတွင် ရောဂါ စတင်ဖြစ်ပွားသည့်အချိန်မှ ယနေ့အထိ လူတစ်သိန်းနီးပါးရှိပြီဖြစ်၍ နိုင်ငံ၏လူဦး ရေ၏ သုည ဒသမ ၃၅ ရာခိုင်နှုန်းရှိသည်။ အာဆီယံနိုင်ငံများတွင် နံပါတ် (၅) နေရာတွင်ရှိသည်။

ရောဂါဖြစ်ပွားမှုမြင့်တက်နေသည်မှာ မြန်မာတစ်နိုင်ငံတည်းမဟုတ်ဘဲ အိမ်နီး ချင်းနိုင်ငံများတွင်လည်း ဖြစ်ပွားနှုန်းမြင့်တက်လျက်ရှိသည်။ မြန်မာနိုင်ငံတွင်

ရောဂါကူးစက်မှုကို ထိန်းချုပ်နိုင်ရန်အတွက် မြေပြင်တွင် လက်ရှိဖြစ်ပျက်နေသည် များအား ပကတိအမှန်အတိုင်း သိရှိလုပ်ဆောင်ကြရန် လိုအပ်သည်။ ကောလာဟလ များနှင့် ဖျက်လိုဖျက်ဆီးလုပ်မှုများသည် တိုင်းပြည်ပျက်စီးအောင် နိုင်ငံရေးပယောဂ ရောယှက်ပြီး ယုတ်မာပက်စက်သောအကြံအစည်ဖြင့် နှောင့်ယှက်ဖျက်ဆီးနေခြင်း ဖြစ်သည်။ ပြည်သူလူထုအနေဖြင့် ရောဂါနှင့်ပတ်သက်၍ မမှန်မကန်ထုတ်လွှင့် နေမှုများကို နားယောင်မှုမပြုခြင်း၊ စိုးရိမ်မှုလွန်ကဲခြင်းတို့ မဖြစ်ကြရန်လိုအပ်သည်။

ပြည်သူများအနေဖြင့် ရောဂါကူးစက်မှုနှင့်ပတ်သက်၍ သံသယရှိလာပါက မိမိတို့အိမ်တွင် ဆေးမြီးတိုဖြင့် ကျိတ်၍ကုသခြင်းများ ဆောင်ရွက်ခြင်းမပြုဘဲ သက်ဆိုင်ရာမြို့နယ်များအလိုက် ဖွင့်လှစ်ထားသည့် ဒေသန္တရကျန်းမာရေးဌာန များသို့ သွားရောက်အစစ်ဆေးခံရန် လိုအပ်သည်။ ဆေးရုံသို့ တိုက်ရိုက်ချက်ချင်း သွားရောက်ခြင်းမပြုသေးဘဲသက်ဆိုင်ရာဒေသန္တရကျန်းမာရေးအရာရှိက စစ်ဆေး ပြီး လိုအပ်ချက်ရှိပါက ဆေးရုံသို့ လွှဲပြောင်းပေးမည်ဖြစ်သည်။ ပြည်သူများအနေဖြင့် မှန်မှန်ကန်ကန်ဖြင့် သတင်းပို့ဆောင်ရွက်သွားကြရန် လိုအပ်သည်။

သို့ဖြစ်ရာ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးသည် အမျိုးသားရေးဖြစ်သဖြင့် နိုင်ငံတော်နှင့်အတူ ပုဂ္ဂလိကကဏ္ဍများကပါ ပူးပေါင်းဆောင်ရွက်၍ ပြည်သူအားလုံး တို့က အသိတရားနှင့်ပူးပေါင်းဆောင်ရွက်နိုင်ခြင်းဖြင့် ပြည်သူများ ရောဂါအန္တရာယ် ကို ကာကွယ်နိုင်ပြီး နိုင်ငံတော်အတွက်ပါ များစွာအကျိုးရှိမည်ဖြစ်ပါကြောင်း။ ။