Skip to main content

EOC ၏ လုပ်ငန်းဆောင်ရွက်နေမှုများ ရှင်းလင်းတင်ပြသည့်အခမ်းအနားကျင်းပ

 

 

နေပြည်တော် ဇူလိုင် ၁၃

အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာန၏လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများရှင်းလင်းတင်ပြခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန အရေးပေါ်အခြေအနေ စီမံခန့်ခွဲမှုဗဟိုဌာန(EO)၌ ကျင်းပသည်။

 

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က သဘာဝဘေး ဖြစ်ပွားချိန် တုံ့ပြန်ဆောင်ရွက်မှု လုပ်ငန်းများ အတွက် ထိရောက်သည့် သတင်းအချက် အလက်များ ရရှိစေရန် FOC သည် နိုင်ငံတော် အဆင့် Disaster Management Centre တစ်ခု ဖြစ်လာမည်ဖြစ်ကြောင်း၊ ဘေးမဖြစ် ပွားမီ ကြိုတင်သတိပေးခြင်း၊ အရေးပေါ် တုံ့ပြန်ရေး လုပ်ငန်းစဉ်များနှင့် ဘေးဖြစ်ပွား ပြီးနောက် ပြန်လည်ထူထောင်ရေးလုပ်ငန်း များတွင် နည်းပညာရပ်ကျွမ်းကျင်သူများ ဖြစ်လာစေရေးအတွက် လူ့စွမ်းအား အရင်းအမြစ်များ ရရှိစေရန် လည်း ဆောင်ရွက်ရမည် ဖြစ်ကြောင်း ပြောကြားသည်။

 

ထို့နောက် ဒုတိယဝန်ကြီး ဦးအောင်ထွန်း ခိုင်က မြန်မာနိုင်ငံ၌ သဘာဝဘေးဖြစ်ပွားရာ တွင် ထိခိုက်ဆုံးရှုံးမှု လျှော့ချနိုင်စေရေး FOC သည် အရေးပါသည့် အခန်းကဏ္ဍတွင် ပါဝင် နေကြောင်း၊ ကြိုတင်ကာကွယ်ရေးလုပ်ငန်း၌ လည်း EOC မှ ရရှိလာမည့် သတင်းအချက် အလက်များသည် များစွာအရေးကြီးသည် ကို သိရှိနားလည်ထားကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

 

ယင်းနောက် အရေးပေါ်အခြေအနေ စီမံခန့်ခွဲမှုဗဟိုဌာန (FOC) က ဌာနကြီးမှူးနှင့် တာဝန်ရှိသူများက EOC ၏ လုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေ၊ ဘေးတုံ့ပြန်မှု လုပ်ငန်းစဉ် များတွင် လုပ်ငန်းစဉ် သတ်မှတ် ချက်(SOP)နှင့် လက်တွေ့လုပ်ငန်း ဆောင်ရွက် နိုင်ရေး သဏ္ဌာန်တူ ဇာတ်တိုက်စားပွဲဝိုင်း လေ့ကျင့်ခန်း ဆောင်ရွက်ခြင်းတို့နှင့် စပ်လျဉ်း ၍ရှင်းလင်း တင်ပြကြရာ အမြဲတမ်းအတွင်းဝန် က ဖြည့်စွက်တင်ပြသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယ ဝန်ကြီး နှင့် တာဝန်ရှိသူများက အရေးပေါ် အခြေအနေ စီမံခန့်ခွဲမှုဗဟိုဌာန (FOC) ၏ လက်တွေ့လုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုလေ့လာ ကြသည်။ ။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည်  VideoConferencing ဖြင့် ကျင်းပပြုလုပ်သည့် “လူသားချင်းစာနာမှု အကူအညီအထောက် အပံ့ပေးရေးနှင့် ပြန်လည်နေရာချထားရေး လုပ်ငန်း ကော်မတီ” (၁/၂၀၂၁) လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်အမှာစကား ပြောကြားသည်။

 

ထို့နောက် လုပ်ငန်းကော်မတီဒုတိယဥက္ကဋ္ဌ ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာ အောင်ကျော်မင်းက ရခိုင်ပြည်နယ် အတွင်းလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေ များကို ဆွေးနွေးခဲ့ပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်က လုပ်ငန်း ကော်မတီ ဖွဲ့စည်းဆောင်ရွက်မှုများ၊ လုပ်ငန်း ကော်မတီ၏လုပ်ငန်းတာဝန်များနှင့် လုပ်ငန်း တာဝန်များအပေါ် ဝန်ကြီးဌာနများအလိုက် ( အကောင်အထည်ဖော် ဆောင်ရွက်ရမည့် အစီအစဉ်များနှင့် လုပ်ငန်းများကို ရှင်းလင်း ဆွေးနွေးသည်။

 

ယင်းနောက်လုပ်ငန်းကော်မတီဝင်ဒုတိယ ဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များနှင့် တာဝန်ရှိ သူများက သက်ဆိုင်ရာကဏ္ဍများ အလိုက် ရှေ့ဆက်ဆောင်ရွက်မည့် အစီအစဉ် များကို ဆွေးနွေးတင်ပြကြပြီး ကော်မတီဥက္ကဋ္ဌ က ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မှု အခြေ အနေများကို ဆွေးနွေးခဲ့ကြောင်း သတင်း ရရှိသည်။

သတင်းစဉ်