နေပြည်တော် ဩဂုတ် ၂၉
ရန်ကုန်မြို့ မင်းဓမ္မလမ်းရှိ တိုးချဲ့ ကာကွယ်ဆေးသိုလှောင်ခန်းတွင် ထားရှိသည့် ကိုဗစ်ရောဂါကာကွယ်ဆေးများကို စံချိန် စံညွှန်းများအတိုင်း တိုင်းဒေသ ကြီးနှင့် ပြည်နယ်အသီးသီးသို့ တပ်မတော်လေယာဉ်များ၊ Cold Chain Delivery Logistics တော်ယာဉ်ကြီးများဖြင့် ပို့ဆောင် ဖြန့်ဖြူးပေးလျက်ရှိသည်။
ထိုသို့ဖြန့်ဖြူးပေးလျက်ရှိရာ ယနေ့တွင် ရခိုင်ပြည်နယ် သံတွဲမြို့သို့ ကာကွယ်ဆေးအလုံးရေ ၅၀၄၅ လုံး၊ စစ်တွေမြို့သို့ ၁၃၂၀၅ လုံး၊ ပလက်ဝမြို့သို့ ၆၄၉ လုံး၊ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုး မြို့သို့ ၅၆၇၈ လုံး၊ ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံမြို့သို့ ၄၀၉၂ လုံးနှင့် ကချင်ပြည်နယ် မြစ်ကြီးနား မြို့သို့ ၇၉၁၂ လုံးတို့ကိုတပ်မတော် လေယာဉ်များဖြင့် လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့သို့ ကာကွယ်ဆေးအလုံးရေ ၃၈၅၉၂ လုံး၊ ကရင်ပြည်နယ် ဘားအံမြို့သို့ ၉၂၉၈ လုံး၊ မွန်ပြည်နယ် မော်လမြိုင်မြို့သို့ ၁၂၂၁၈ လုံး၊ ရန်ကုန်မြို့သို့ ၅၅၅၇၆ လုံးနှင့် မကွေးတိုင်းဒေသကြီး မကွေးမြို့သို့ ၂၃၈၇၈ လုံးတို့ကို မြေပြင်ခရီးလမ်းကြောင်းမှ Cold Chain Delivery Logistics မော်တော်ယာဉ်ကြီးများဖြင့်လည်းကောင်း ဆက်လက်ပေးပို့ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ တာဝန်ရှိသူများက လက်ခံရယူပြီး သက်ဆိုင်ရာသို့ ဆက်လက်ဖြန့်ဖြူးပေးသွားမည်ဖြစ်သည်။
ယင်းသို့ ပေးပို့ဖြန့်ဖြူးပေး သော ကိုဗစ်-၁၉ ကာကွယ်ဆေး များကို ဦးတည်အုပ်စု လူဦးရေ၊ ဦးစားပေးအစီအစဉ်များနှင့်အညီ ပြည်သူများသို့ အမြန်ဆုံးထိုးနှံ ပေးနိုင်ရေးအတွက် ဆောင်ရွက် ခြင်းဖြစ်ပြီး ဝေးလံခက်ခဲသော ဒေသများသို့ တပ်မတော်(လေ)မှ ပို့ဆောင်ရေးလေယာဉ်၊ ရဟတ်ယာဉ်များ၊ မြန်မာ့လေကြောင်း တို့၏ အကူအညီများ ရယူကာ လေကြောင်း ခရီးဖြင့်လည်း ဆက်လက် ဖြန့်ဖြူးပေးလျက်ရှိ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်