May 02, 2022
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါသည်။
May 02, 2022
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်သည် Japan-Myanmar Association ၏ Chairman, Mr. Watanabe Hideo ကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
May 02, 2022
အသက်မွေးဝမ်းကျောင်းပညာရပ် လေ့လာလိုသူ လူငယ်များအတွက် စိုက်ပျိုးရေးသိပ္ပံ ကျောင်းများတွင် မွေးမြူရေး ဒီပလိုမာသင်တန်းများ ဖွင့်လှစ်ပေးခြင်း၊ အဆင့်မြင့်ပညာရပ် ဆက်လက်သင်ယူလိုသူများအတွက် ဘွဲ့ကြို၊ ဘွဲ့လွန်နှင့် ပါရဂူသင်တန်းများအထိ ပေါင်းကူး တက်ရောက်နိုင်ရေးကိုလည်း စီစဉ်ဆောင်ရွက်ပေးပြီးဖြစ်ရာ ဆရာ ဆရာမများအနေဖြင့် အနာဂတ်လယ်ယာကဏ္ဍအတွက် အားထားရမည့် မျိုးဆက်သစ်လူငယ်များအဖြစ် လေ့ကျင့်သင်ကြား မွေးထုတ်ပေးနိုင်ရေး ကြိုးပမ်းကြစေလိုကြောင်း မေ (၁)ရက် နံနက်ပိုင်းက မြစ်ကြီးနား စိုက်ပျိုးရေးသိပ္ပံကျောင်း အစည်းအဝေးခန်းမ၌ စိုက်ပျိုးရေးသိပ္ပံ ဆရာ ဆရာမများနှင့် တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးက ပြောကြားသည်။
May 02, 2022
ယနေ့အချိန်အခါတွင် ရာသီဥတုပြောင်းလဲလာမှုများ လျင်မြန်စွာ ဖြစ်ပေါ်လျက်ရှိရာ သဘာဝ အရင်းအမြစ်များ ဆုံးရှုံးမှုကို ရင်ဆိုင် ကြုံတွေ့နေရသောကြောင့် စိုက်ပျိုးရေးထုတ်လုပ်မှုကကို ထိခိုက်စေပါသည်။ အနာဂတ်လူသားတို့၏ စားနပ်ရိက္ခာဖူလုံစေရေးအတွက် စဉ်ဆက်မပြတ် စိုက်ပျိုး ထုတ်လုပ်မှုကို ရရှိရန် စိုက်ပျိုးရေးဆိုင်ရာ သဘာဝအရင်းအမြစ်များကို ထိန်းသိမ်းရေးသည် အရေးကြီးလှပါသည်။
May 02, 2022
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို လေကြောင်း၊ ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေးအတွက် အချိန်နှင့်တစ်ပြေးညီ စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ မေ ၁ ရက်တွင် ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ ကုမ္ပဏီနှစ်ခု၊ ယာဉ်စီးရေ သုံးစီးဖြင့် နှာခေါင်းစည်း ၁၀ တန်နှင့် PPE ဝတ်စုံ ၂၈၀၀၀ တင်သွင်းခဲ့ကြောင်း သိရသည်။
May 02, 2022
နွေရာသီအားကစားသင်တန်းနှင့် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ (ရန်ကုန်) ဖွင့်ပွဲအခမ်း အနားကို ယနေ့မွန်းလွဲ ၁ နာရီက ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် အမျိုးသားအားကစားပြိုင်ပွဲရုံ (၁) သုဝဏ္ဏ၌ ကျင်းပသည်။
May 02, 2022
ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးသည် ဧပြီ ၃၀ ရက်က ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်နှင့် ဝိုင်းမော်မြို့နယ်များမှ တောင်သူများ၊ စိုက်ပျိုး မွေးမြူရေးဆိုင်ရာ ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးမြှင့် ဆောင်ရွက်နိုင်ရေး ကိစ္စရပ်များနှင့် စပ်လျဉ်းပြီး ဆွေးနွေးပြောကြားသည်။
May 02, 2022
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့မီးရထား၏ (၁၄၅)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် မြန်မာ့မီးရထားရုံးချုပ် နေပြည်တော်ဘူတာကြီးရှိ ပုဗ္ဗသီရိမင်္ဂလာခန်းမ၌ ကျင်းပသည်။
May 02, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၃)ကြိမ်မြောက် သတင်းစာ ရှင်းလင်းပွဲကို ၂၀၂၂ ခုနှစ်၊ ဧပြီ ၂၇ ရက် မွန်းလွဲ ၁ နာရီတွင် ပြန်ကြားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး စုပေါင်း အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
May 02, 2022
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဧပြီ ၃၀ ရက် ညနေ ၄ နာရီခွဲတွင် ဗန်းမော်မြို့နယ် စီဟဲကျေးရွာအနီး၊ ဗန်းမော်-မန္တလေး ကားလမ်းတွင် မကြွေ မောင်းနှင်လာသည့် ဆိုင်ကယ်ကို ရပ်တန့် စစ်ဆေးရှာဖွေရာ