Skip to main content

May 02, 2022

တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင် ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဧပြီ ၂၉ ရက်တွင် ရှမ်းပြည်နယ် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တောင်ကြီးမြို့နယ် အကောက်ခွန်ဦးစီးဌာနမှူးရုံး၊ (၄) မိုင် သစ်တော ပူးပေါင်းစစ်ဆေးရေးစခန်း၌ တာဝန်ကျဝန်ထမ်းများက တာချီလိတ်မြို့မှ မန္တလေးမြို့သို့ ထွက်ခွာလာသော ကုန်တင်ယာဉ် နှစ်စီးကို စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တရားဝင်စာရွက် စာတမ်း တင်ပြနိုင်ခြင်းမရှိသော ငရုတ်သီး ခြောက်အိတ်၊ Full Moon Wine နှင့် ဆိုင်ကယ်များ (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀၆၇၈၀၀၀) နှင့် အဆိုပါ ပစ္စည်းများတင်ဆောင်လာသော Nissan Diesel အမျိုးအစား ၁၂ ဘီး ကုန်တင်ယာဉ် တစ်စီးနှင့် Isuzu အမျိုးအစား ခြောက်ဘီး ကုန်တင်ယာဉ် တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၀၀၀၀၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၀၆၇၈၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်း နှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

May 02, 2022

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ် နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

May 02, 2022

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် ယနေ့နံနက်ပိုင်းတွင် ကော့သောင်းမြို့ရှိ မဉ္ဇူသကခန်းမ၌ ခရိုင်အဆင့်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများအား တွေ့ဆုံအမှာစကား ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

May 02, 2022

ပြည်ထဲရေးဝန်ကြီးဌာန တပ်ဖွဲ့ဝင်/ဝန်ထမ်းအရာထမ်း၊ အမှုထမ်းမိသားစုများက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီး ကျောင်းများသို့ ဆွမ်းဆန်တော်များ ဆက်ကပ် လှူဒါန်းခြင်းကို ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

May 02, 2022

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး အောင်စိုး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မှ တပ်မတော်အရာရှိကြီးများ၊ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စောသန်းလှိုင်နှင့် တာဝန်ရှိသူတို့ လိုက်ပါ၍ ယနေ့တွင် ဇာဒက်ကြီးကျွန်းနှင့် ကော့သောင်းတပ်နယ်တို့မှ အရာရှိ၊ စစ်သည် မိသားစုဝင်များအား သီးခြားစီတွေ့ဆုံ၍ အမှာစကား ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

May 02, 2022

မြန်မာနိုင်ငံတွင် လူဦးရေအများစုသည် ကျေးလက်ဒေသများတွင် နေထိုင်ကြသည်။ အခြေခံပြည်သူများသည် နိုင်ငံလူဦးရေ၏ အများစုဖြစ်သည်။ ထို့ကြောင့် ပြည်သူအများ စားဝတ်နေရေး အဆင်ပြေချောင်လည်စေရေးအတွက် အလုပ်အကိုင် အခွင့်အလမ်းများ အစဉ်တိုးတက်ကောင်းမွန်ရန် လိုအပ်သည်။ နိုင်ငံတော်အစိုးရ အနေဖြင့်လည်း တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးကို အမျိုးသားရေးလုပ်ငန်းစဉ်အဖြစ် အစွမ်းကုန် ဆောင်ရွက်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

May 02, 2022

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သို့ သတင်းပေးပို့ တိုင်ကြားနိုင်ရေးအတွက် လိပ်မူတိုင်ကြားရန် လိပ်စာများကို မီဒီယာများမှတစ်ဆင့် ပြည်သူကို အသိပေး ထားသည်။ တစ်ဦးတစ်ယောက်အဂတိလိုက်စားခြင်း၊ အဂတိ လိုက်စားမှုဖြင့် ကြွယ်ဝချမ်းသာလာခြင်းတို့ကို သက်သေခံ အထောက်အထားများဖြင့် သတ်မှတ်ချက်များနှင့် အညီ တိုင်ကြားကြရန်လည်း လိုအပ်သည်။

ဆက်လက်ဖတ်ရှုရန်

May 01, 2022

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ရောဂါ ထိန်းချုပ် ရေးလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ပြည်သူလူထုအနေဖြင့် ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေး ဆိုင်ရာ စည်းကမ်းများကို စနစ်တကျ လိုက်နာဆောင်ရွက်ရန် လိုအပ်ပြီး COVID-19 ကာကွယ်ဆေးထိုးနှံမှု ခံယူခြင်းအား အထူး ဂရုပြု ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

May 01, 2022

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၃)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကို ၂၀၂၂ ခုနှစ်၊ ဧပြီ ၂၇ ရက် မွန်းလွဲ ၁ နာရီတွင် ပြန်ကြားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးစုပေါင်း အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ဆက်လက်ဖတ်ရှုရန်

May 01, 2022

နိုင်ငံတော်၏ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးစသည်တို့ တိုးတက်ပြောင်းလဲလာသည်နှင့်အမျှ ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းများ ယခုထက် ပိုမိုအဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၅၄ ၊ ၂၈၄ (ခ) တို့နှင့်အညီ မူလက ခရိုင်(၇၅)ခရိုင်ဖြင့် ဖွဲ့စည်းထားရှိရာမှ ၂၀၂၂ခုနှစ်၊ ဧပြီလ ၃၀ ရက်တွင် ပြည်ထဲရေးဝန်ကြီးဌာန၏ အမိန့် ကြော်ငြာစာအမှတ်၊ ၃၁၉/၂၀၂၂၊ ၃၂၀/၂၀၂၂၊ ၃၂၁/ ၂၀၂၂၊ ၃၂၂/ ၂၀၂၂၊ ၃၂၃/ ၂၀၂၂၊ ၃၂၄/ ၂၀၂၂၊ ၃၂၅/ ၂၀၂၂၊ ၃၂၆/ ၂၀၂၂၊ ၃၂၇/ ၂၀၂၂၊ ၃၂၈/ ၂၀၂၂၊ ၃၂၉/ ၂၀၂၂၊ ၃၃၀/ ၂၀၂၂၊ ၃၃၁/ ၂၀၂၂၊ ၃၃၂/ ၂၀၂၂၊ ၃၃၃/ ၂၀၂၂ တို့ဖြင့် ခရိုင်(၄၆)ခရိုင်အား အောက်ပါအတိုင်း ထပ်မံတိုးချဲ့ ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်-

ဆက်လက်ဖတ်ရှုရန်