May 05, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၃)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကို ၂၀၂၂ ခုနှစ်၊ ဧပြီ ၂၇ ရက် မွန်းလွဲ ၁ နာရီတွင် ပြန်ကြားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
May 05, 2022
ကျန်းမာရေးဝန်ကြီးဌာနသည် အသက် ၁၈ နှစ်နှင့်အထက် လုပ်သားပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ဦးတည်အုပ်စုများသတ်မှတ်၍ အသက်အုပ်စုအလိုက် အဆင့်ဆင့်ထိုးနှံပေးခဲ့သည်။ စာရင်းဇယားများအရ မြန်မာနိုင်ငံတွင် အသက် ၁၈ နှစ်နှင့်အထက် လူဦးရေ ၃၄ သန်းကျော်ရှိသော်လည်း ပြည်ပတွင် သွားရောက်နေထိုင်သူများ၊ လုပ်ငန်းလုပ်ကိုင်သူများနှင့် တာဝန်ထမ်းဆောင်သူဦးရေမှာ ၂ ဒသမ ၄ သန်းကျော် ရှိသည့်အတွက် နိုင်ငံအတွင်းမြေပြင်၌ အမှန်တကယ်နေထိုင်လျက်ရှိသည့် အသက် ၁၈နှစ်နှင့်အထက် လူဦးရေ ၃၁ သန်းကျော်ကို ကာကွယ်ဆေးထိုးနှံနိုင်ရေး စီစဉ်ပေးခဲ့သည်။
May 05, 2022
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး၊ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများသည် မေ ၂ ရက် နံနက်ပိုင်းက ဝိုင်းမော်မြို့နယ် စမ်းခါးကျေးရွာရှိ လုံယောင်းကုမ္ပဏီက စိုက်ပျိုးထားရှိသည့် တစ်သျှူးငှက်ပျောစိုက်ခင်းများနှင့် ငှက်ပျောခိုင်များ ခုတ်သိမ်း ထုပ်ပိုးနေမှုတို့ကို ကြည့်ရှုအားပေးကြသည်။
May 05, 2022
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းသည် Japan Myanmar Association ၏ Chairman, Mr. Watanabe Hideo ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို ယနေ့မွန်းလွဲပိုင်းက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
May 05, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး အောင်စိုး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ) မှ တပ်မတော်အရာရှိကြီးများ၊ အရှေ့တောင် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုမောင်၊ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် စောသန်းလှိုင်နှင့် တာဝန်ရှိသူတို့လိုက်ပါ၍ ယနေ့တွင် မော်လမြိုင်တပ်နယ်နှင့် ထားဝယ်တပ်နယ်တို့မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအား တပ်နယ်ခန်းမအသီးသီးတွင် သီးခြားစီတွေ့ဆုံ၍ အမှာစကားပြောကြားသည်။
May 05, 2022
တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ကမ်းရိုးတန်းဒေသများမှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန် ရောက်ရှိနေသည့် နယ်လှည့်အထူးကုဆေး အဖွဲ့များပါဝင်သည့် တပ်မတော်ပင်လယ်သွားဆေးရုံ ရေယာဉ် (သံလွင်)သည် ယနေ့တွင် ကိုကိုးကျွန်းရှိ ပြည်သူ့ဆေးရုံ၌ ဒေသခံပြည်သူ ၃၉၅ ဦးကို ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ စတင်ဆောင်ရွက်ပေးသည်။
May 05, 2022
မြန်မာနိုင်ငံတွင် မှီတင်းနေထိုင်သူတစ်ဦးသည် နိုင်ငံသားအခွင့်အရေးများရပိုင်ခွင့်ရှိသည်။ နိုင်ငံသား အခွင့်အရေးများရရှိနိုင်ရန် အတွက် နိုင်ငံသားအထောက်အထား တစ်ခုခုတော့ရှိဖို့လိုမည်ဖြစ်သည်။ မွေးဖွားသည်မှ သေဆုံးသည့်အချိန်အထိ နိုင်ငံသားဆိုင်ရာ အထောက်အထား တစ်မျိုးမျိုးရှိရမည်ဖြစ်သည်။ ထိုအထောက်အထား အသိအမှတ်ပြုလက်မှတ်များကို သက်ဆိုင်ရာဌာနက အစဉ်အမြဲပြုလုပ်ပေးလျက်ရှိသည်။
May 05, 2022
မီးဘေးကာကွယ်ရေးအတွက် တပ်ဖွဲ့အသွင် ဖွဲ့စည်းဆောင်ရွက်မှုသည် ပုဂံခေတ် အနော်ရထာမင်းလက်ထက်ကပင် ရှိခဲ့သည်ဟု ဆိုသည်။ မီးလောင်ကျွမ်းသည့်အခါ နိုင်ငံ၏ အရင်း အမြစ်များ ဆုံးရှုံးရသည့်အပြင် ပြန်လည်ထူထောင်ရေးအတွက် ငွေအား၊ လူအား၊ ပစ္စည်းအားတို့ စိုက်ထုတ်သုံးစွဲရသည့်အတွက် မီးဘေးကာကွယ်ရေးကို ရှေးမြန်မာမင်းအဆက်ဆက်တို့ အလေးအနက် ဆောင်ရွက်ခဲ့ကြခြင်း ဖြစ်ဖွယ်ရှိသည်။ ကိုလိုနီနိုင်ငံဘဝသို့ ကျရောက်ခဲ့ရချိန်တွင်မူ မီးဘေးကာကွယ်ရေးကို စီးပွားရေးအချက်အချာ မြို့များမှလွဲလျှင် မြန်မာလူငယ် အပျော်တမ်း မီးသတ်အဖွဲ့အစည်းများက ဒေသအလိုက် ဖွဲ့စည်းဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။
May 04, 2022
ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား MRTV Media Worldwide Mobile Satellite Data Application Service MRTV App & Web စတင်ဖွင့်လှစ်ခြင်းအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ၊ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ (MICC-2)၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။