Skip to main content

Feb 12, 2025

တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၏ ပဉ္စမအကြိမ်မြောက် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို ယနေ့ညနေပိုင်းတွင် အဆိုပါဝန်ကြီးဌာန၌ကျင်းပရာ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးခွန်သန့်ဇော်ထူးနှင့် ဇနီး၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ တာဝန်ရှိသူများနှင့် ဝန်ထမ်းများပျော်ရွှင်စွာ စုပေါင်းပါဝင်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Feb 12, 2025

(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ စတုတ္ထအကြိမ် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးဌာန၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးနှင့် တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများနှင့် အရာထမ်းအမှုထမ်းများ ပျော်ရွှင်စွာပါဝင်ဆင်နွှဲကြသည်။

ဆက်လက်ဖတ်ရှုရန်

Feb 12, 2025

ဥပဒေရေးရာဝန်ကြီးဌာနနှင့် တရုတ်-အာဆီယံ သုတေသနစင်တာတို့အကြား ကျင်းပမည့် ဥပဒေရေးရာ ပူးပေါင်းဆောင်ရွက်ခြင်းနှင့် ဥပဒေပြုရေး သုတေသနစီမံကိန်းဆိုင်ရာ နှစ်နိုင်ငံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် ဥပဒေရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး၊ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် ဒေါက်တာထိန်လင်းဦး၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တရုတ်-အာဆီယံသုတေသနစင်တာမှ သုတေသနမှူး Dr. Zhong Jia ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ဝင်များ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Feb 12, 2025

နယ်စပ်ရေးရာဝန်ကြီးဌာန ဥပဒေအသိပညာပြန့်ပွားရေး ဆင့်ပွားသင်တန်း သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နယ်စပ်ရေးရာဝန်ကြီးဌာန ဧရာဝတီခန်းမ၌ကျင်းပရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်၊ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသားသင်တန်းသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Feb 12, 2025

၂၀၂၅ ခုနှစ်၊ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများ၊ သီလရှင်များအား နေ့ဆွမ်းဆက်ကပ်ပွဲအခမ်းအနားကို မတ် ၁၁ ရက်နှင့် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ချီးမြှင့်အပ်နှင်းပွဲအခမ်းအနားကို မတ် ၁၃ ရက်(၁၃၈၆ ခုနှစ်၊ တပေါင်းလပြည့်နေ့) ကြာသပတေးနေ့တွင် နေပြည်တော်၊ မာရဝိဇယဗုဒ္ဓဥယျာဉ်တော်အတွင်းရှိ အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော်၌ ကျင်းပ သွားမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Feb 12, 2025

​​​​​​​မြန်မာနိုင်ငံသည် ပြည်ထောင်စုနိုင်ငံဖြစ်သည်နှင့်အညီ နိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားပြည်သူများ၏ သွေးစည်းညီညွတ်မှုသည် အသက်တမျှအရေးကြီးသည်။ စည်းလုံးညီညွတ်မှု၏ သက်သေပြယုဂ်အဖြစ် မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိရေးအတွက် အရေးပါသည့် ပင်လုံစာချုပ်ကို ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် သက်သေထူခဲ့ပြီးဖြစ်သည်။ ယနေ့အချိန်အခါ သည် တိုင်းရင်းသားပြည်သူအားလုံး၏ စည်းလုံးညီညွတ်မှုကို သက်သေထူပြခဲ့သည့် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ နေ့ထူးအခါဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Feb 12, 2025

​​​​​​​မိမိတို့နိုင်ငံအတွက် မရှိမဖြစ် ရေသောက်မြစ်သဖွယ်ဖြစ်သော တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် ပြည်ထောင်စုစိတ်ဓာတ်တို့ ထာဝစဉ်ရှင်သန်ထက်မြက်နေစေရန် တပ်လှန့်နှိုးဆော်ပေးသည့်အနေဖြင့် ပြည်ထောင်စုနေ့အခမ်းအနားများကို နှစ်စဉ်မပျက် ကျင်းပလာခဲ့ရာ (၇၈)နှစ်သို့ပင် ရောက်ရှိခဲ့ပြီဖြစ်သည်။ နှစ်ပေါင်း ၁၀၀ ကျော် ဆုံးရှုံးခဲ့ရသည့် နိုင်ငံ့လွတ်လပ်ရေးကို ပြန်လည်ရရှိနိုင်ရန် တပ်မတော်နှင့် တိုင်းရင်းသားပြည်သူများ လက်တွဲကာ အသက်သွေးချွေးများစွာကို ရင်းနှီး၍ အခက်အခဲပေါင်းများစွာကို ရင်ဆိုင်ကြိုးပမ်းခဲ့ကြရာတွင် တိုင်းရင်းသားပြည်သူများအကြား စည်းလုံးညီညွတ်မှုကိုရယူကာ ပြည်ထောင်စုစိတ်ဓာတ်ကို မဖြစ်မနေတည်ဆောက်ခဲ့ကြရသည်။

ဆက်လက်ဖတ်ရှုရန်

Feb 11, 2025

မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၊ မကျီးစင်ကျေးရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်၍ နေအိမ် ၃၀ ခန့်အားမီးရှို့ခဲ့ပြီး အမျိုးသား ၁ ဦးအား သတ်ဖြတ်ခဲ့ကြောင်း တရားမဝင် ပြည်ဖျက်မီဒီယာများက သတင်းအမှားများ မဟုတ်မမှန်ရေးသား ဖြန့်ဝေလျက်ရှိကြောင်း တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Feb 11, 2025

မြန်မာတို့၏ (၁၂)လရာသီပွဲတော်များအနက် ကောက်ပဲသီးနှံ၊ ဆန်၊ စပါးတို့ထွက်ရှိပြီး ဖူလုံစေသည့်လဖြစ်သော တပို့တွဲလတွင် အဖွဲ့လိုက်စုပေါင်းဆောင်ရွက်ရသည့် စည်းလုံးညီညွတ်မှုစွမ်းအားကို ဖြစ်စေသော မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲများကို နိုင်ငံအဝန်းတွင် ဒေသအလိုက်စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိကြသည်။ ထို့အတူ တိုင်းစစ်ဌာနချုပ်အသီးသီး၌ အရာရှိ၊ စစ်သည်၊ မိသားစုများကလည်း မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲများကို ကျင်းပပြုလုပ်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Feb 11, 2025

အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသည့် CRPH ၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသောအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရယန္တရားများ ပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုလုပ်ခဲ့မှုအပေါ် ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်းနှင့် ထိုသို့ လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ်အရေးယူသွားမည်ဖြစ်ကြောင်း မိဘပြည်သူများ သိရှိနိုင်ရေး အသိပေးသတင်းထုတ်ပြန်ပြီးဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Feb 11, 2025

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီလ ၆ ရက်နေ့ ည ၁၀ နာရီခွဲအချိန် မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ ကျွဲတပ်ဆုံကျေးရွာအနီးတွင် တောင်ကြီးမှ ရန်ကုန်ဘက်သို့ အားဘ(ခ)အားဆာ မောင်းနှင်ပြီး မမိုးမိုးအေးလိုက်ပါလာသည့် MITSUBISHI PAJERO မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၅ သိန်း ဖမ်းဆီးရမိခဲ့ကြောင်း၊

ဆက်လက်ဖတ်ရှုရန်

Feb 11, 2025

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့်ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာကြသည့် တိုင်းဒေသကြီးနှင့်ပြည်နယ်ဝန်ကြီးချုပ်များအား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ခန်းမဆောင်၌ တွေ့ဆုံအမှာစကားပြောကြားပြီး အကြမ်းဖက်ဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာနေရသည့် ပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေများပေးအပ်သည်။

ဆက်လက်ဖတ်ရှုရန်

Feb 11, 2025

မျက်မှောက်ကာလတွင်ဖြစ်ပွားလျက်ရှိသော လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အကြမ်းဖက်မှုတားဆီးရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ပရိသတ်များ၏ ရင်တွင်းခံစားချက်စကားသံများအား သဇင် FM ၏ “ပြည်သူ့ကြားက ပြည်သူ့စကား” အစီအစဉ်မှ “NUG ကလည်း တော်လိမ်ရေးရန်ပုံငွေအဝေမတည့်၊ PDF ကလည်း ဓားပြတိုက်လို့ရတဲ့ငွေ အဝေမတည့်နဲ့ အချင်းချင်းချောက်ချနေတဲ့ နိုင်ငံရေးဗန်းပြများ” ခေါင်းစဉ်ဖြင့် ၁၂-၂-၂၀၂၅ ရက် မွန်းလွဲ ၁ နာရီတွင် ထုတ်လွှင့်တင်ဆက်ပေးသွားမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Feb 11, 2025

ဧရာဝတီတံတား(မလွန်)ရေလမ်းတွင် ရေယာဉ်များဖြတ်သန်းသွားလာရန် အစုန်ရေလမ်းကြောင်းကို ရေလယ်တိုင်အမှတ် (၃)နှင့် (၄)အကြားမှလည်းကောင်း၊ အဆန်ရေလမ်းကြောင်းကို ရေလယ်တိုင် အမှတ် (၂)နှင့် (၃) အကြားမှလည်းကောင်း သတ်မှတ်ပေးထားပြီး ယခုအခါ မြစ်ကြမ်းပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်သောကြောင့် တံတားရေလမ်းကြောင်းကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၄ ရက်မှစ၍ အစုန်၊ အဆန် ရေလမ်းအဖြစ် ရေလယ်တိုင်အမှတ်(၄)နှင့် (၅)အကြားမှ ပြောင်းလဲဖွင့်လှစ်မည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Feb 11, 2025

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနသည် ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ ပုသိမ်၊ တောင်ငူ၊ မြစ်ကြီးနား၊ ဖျာပုံ၊ စစ်တွေ၊ ရွာငံနှင့် ထားဝယ်မြို့တို့တွင် အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းများအား ဖွင့်လှစ်ထားရှိကာ စက်ချုပ်သင်တန်းများ (မိန်းမဝတ်၊ ကလေးဝတ်၊ ကျားရှပ်၊ တိုက်ပုံ၊ ကုတ်အင်္ကျီ)၊ လက်မှုသင်တန်း၊ မုန့်မျိုးစုံပြုလုပ်နည်းသင်တန်း၊ အစားအစာချက်ပြုတ်နည်းသင်တန်းနှင့် ပန်းအလှပြင်သင်တန်း စသည့်သင်တန်းများကို ဘဏ္ဍာရေးနှစ်တစ်နှစ်လျှင် သင်တန်းအပတ်စဉ်ရှစ်ခု၊ အပတ်စဉ်တစ်ခုလျှင် ခြောက်ပတ်ကြာ သင်ကြားပေးလျက်ရှိသည့်အပြင် ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ ပုသိမ်ကျောင်းများ၌ စနေ၊ တနင်္ဂနွေနေ့များတွင်လည်း အထူးသင်တန်းများအား ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Feb 11, 2025

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

ဆက်လက်ဖတ်ရှုရန်

Feb 11, 2025

မြန်မာနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက်လျက်ရှိသည့် ပြည်ပနိုင်ငံသားများအား စိစစ်ဖော်ထုတ်မှုများ ဆောင်ရွက်ခဲ့ရာအများစုသည် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့ ၎င်းတို့၏ ကိုယ်ကျိုးစီးပွားများအတွက် အလုပ်လုပ်ကိုင်ရန် တရားမဝင်ဝင်ရောက်လာကြသူများဖြစ်ကြောင်း တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Feb 11, 2025

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Feb 11, 2025

၁။ ပြန်ကြားရေးဝန်ကြီးဌာနသည် ၂၀၁၄ ခုနှစ် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်းများကို ကြီးကြပ်ဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ဆောင်ရွက်လျက်ရှိရာတွင် အောက်ဖော်ပြပါ ပုံနှိပ်သူနှင့်ထုတ်ဝေသူများသည် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေပုဒ်မ ၈၊ ပုဒ်မခွဲ(ဂ)ပါ ညစ်ညမ်းစာများကိုဖော်ပြခြင်း စည်းကမ်းချက်ကိုဖောက်ဖျက်၍ ဟီရိဩတ္တပ္ပကင်းသော၊ မြန်မာ့လူ့အဖွဲ့အစည်းကလက်မခံသော၊ လူငယ်များ၏ တွေးခေါ်မြော်မြင်မှုနှင့် ခံစားနားလည်မှုကို လွဲမှားစေနိုင်သော အကြောင်းအရာများကို ပုံနှိပ်၊ ထုတ်ဝေဖြန့်ချိခဲ့ကြောင်း တွေ့ရှိရပါသည်-

ဆက်လက်ဖတ်ရှုရန်