နေပြည်တော် နိုဝင်ဘာ ၂၂
၂၀၂၅ ခုနှစ် အကြိမ်(၆၀)မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲဆဋ္ဌမနေ့ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပရာ နံနက်ပိုင်းမှ စတင်၍ ပြည်တွင်း၊ ပြည်ပရတနာ ကုန်သည်များသည် မဏိရတနာ ကျောက်စိမ်းခန်းမအတွင်းနှင့် ခန်းမအပြင်ဘက် သတ်မှတ်နေရာများအလိုက် ခင်းကျင်းပြသထားသည့် ကျောက်စိမ်းအတွဲများကို စိတ်ကြိုက်လေ့လာ ကြည့်ရှုကြသည်။
ယနေ့ပြပွဲတွင် အုပ်စု(အေနှင့်ဘီ)တို့မှ ကျောက်စိမ်းအတွဲပေါင်း ၁၀၀၀ အနက် ကျောက်စိမ်းအတွဲ ပေါင်း ၇၁၆ တွဲကို ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချ ခဲ့ရကြောင်း ထုတ်ပြန်ကြေညာသည်။
ထို့ပြင် ပြပွဲသတ္တမနေ့တွင် ရောင်းချမည့် ကျောက်စိမ်းအတွဲ အမှတ်(၂၀၀၁)မှ (၂၉၀၀) အထိကို ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များက ကြည့်ရှုစစ်ဆေးကြပြီး ဈေးနှုန်းပေးသွင်းလွှာများကို သက်ဆိုင်ရာ တင်ဒါပုံးများအတွင်း ထည့်သွင်းကြသည်။ အဆိုပါ ဈေးနှုန်းတင်သွင်းလွှာများကို တာဝန်ရှိသူများက ယနေ့ညနေပိုင်းတွင် ဖွင့်ဖောက်စစ်ဆေးပြီး ရောင်းချရသည့် ကျောက်စိမ်းအတွဲများကို နိုဝင်ဘာ ၂၃ ရက် နံနက်ပိုင်းတွင် ကြေညာသွား မည်ဖြစ်သည်။
၂၀၂၅ ခုနှစ် အကြိမ်(၆၀)မြောက် မြန်မာ့ကျောက်မျက် ရတနာပြပွဲကို နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ နိုဝင်ဘာ ၁၇ ရက်မှ ၂၆ ရက်အထိ ကျင်းပနေခြင်းဖြစ်ပြီး ပြပွဲအတွင်း ပုလဲအတွဲပေါင်း ၄၄၃ တွဲ၊ ကျောက်မျက်အတွဲပေါင်း ၆၇ တွဲကို ပြည်တွင်း၊ ပြည်ပရတနာ ကုန်သည်များအား ရောင်းချပေးနိုင်ခဲ့သည်၊၊
ထို့ပြင် ပြပွဲတွင်အုပ်စု(အေ၊ ဘီနှင့်စီ)တို့မှ ကျောက်စိမ်းအတွဲပေါင်း ၅၀၈၅ တွဲကို နေ့ရက် အလိုက် ပြည်တွင်း၊ ပြည်ပရတနာ ကုန်သည်များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးလျက်ရှိရာ ပြပွဲပဉ္စမနေ့တွင် ကျောက်စိမ်းအတွဲပေါင်း ၁၀၀၀ အနက်ကျောက်စိမ်း အတွဲပေါင်း ၇၅၄ တွဲကိုလည်းကောင်း၊ ပြပွဲဆဋ္ဌမနေ့တွင် ကျောက်စိမ်းအတွဲ ပေါင်း ၁၀၀၀ အနက်ကျောက်စိမ်းအတွဲပေါင်း ၇၁၆ တွဲကိုလည်းကောင်း ရောင်းချပေးနိုင်ခဲ့ပြီးကျန်ရှိသည့် ကျောက်စိမ်းအတွဲ ပေါင်း ၃၀၈၅ တွဲကို နိုဝင်ဘာ ၂၆ ရက်အထိ နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမ၌ ပြည်တွင်း၊ ပြည်ပ ရတနာ ကုန်သည်များအား ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်၊၊
မင်းကျော်စွာ
ဓာတ်ပုံ-ကိုအေးသန်း
