Skip to main content

Feb 10, 2025

MSME လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်တွင်းလိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရုံသာမကဘဲ ပြည်ပနိုင်ငံများသို့ပါ တင်ပို့နိုင်သည့် အရည်အသွေး ပြည့်မီသော အဆင့်မီထုတ်ကုန်များအဖြစ် ထုတ်လုပ်နိုင်သည်အထိ ဆောင်ရွက်ကြရန်လိုအပ်ကြောင်း နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ အရည်အသွေးပြည့်မီသော ပြည်တွင်း MSME ထုတ်ကုန်အသစ်များ ပေါ်ပေါက်လာစေရေးရည်ရွယ်၍ အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၏ အစီအစဉ်ဖြင့် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၁၀ ရက်မှ ၁၄ ရက်အထိ ကျင်းပသွားမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Feb 10, 2025

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်သည် အိန္ဒိယနိုင်ငံမှ လူသားချင်းစာနာထောက်ထားမှုခေါင်းဆောင်နှင့် ငြိမ်းချမ်းရေးသံတမန်ကြီး Gurudev Sri Sri Ravi Shankar ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Feb 10, 2025

ရန်ကုန်မြို့၌ ရောက်ရှိနေသည့် အိန္ဒိယနိုင်ငံမှ လူသားချင်းစာနာထောက်ထားမှုခေါင်းဆောင်နှင့် ငြိမ်းချမ်းရေးသံတမန်ကြီး Gurudev Sri Sri Ravi Shankar ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ နေပြည်တော်သို့ လေကြောင်းခရီးဖြင့် ရောက်ရှိကြရာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်း၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Feb 10, 2025

၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်အပြည်ဆိုင်ရာ ကွန်းဗင်းရှင်းဗဟိုဌာန-၁ ၌ ခမ်းနားထည်ဝါစွာ ကျင်းပခဲ့ပြီးဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Feb 10, 2025

၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၉ ရက် ညနေပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန- ၁ ၌ ခမ်းနားထည်ဝါစွာ ကျင်းပရာ အနုပညာနယ်ပယ်ပေါင်းစုံမှ အနုပညာရှင်၊ အတတ်ပညာရှင်များ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Feb 10, 2025

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အိန္ဒိယနိုင်ငံမှ လူသားချင်းစာနာထောက်ထားမှုခေါင်းဆောင်နှင့် ငြိမ်းချမ်းရေးသံတမန်ကြီး Gurudev Sri Sri Ravi Shankar အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Feb 10, 2025

၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန - ၁ (MICC-1) ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အဖွင့်အမှာစကားပြောကြားပြီး ရုပ်ရှင်တစ်သက်တာ ထူးချွန်ဆုများ ပေးအပ်ချီးမြှင့်သည်။

ဆက်လက်ဖတ်ရှုရန်

Feb 10, 2025

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်ထိန်းသိမ်းခြင်းနှင့် နိုင်ငံသားများ ပြည်သူ့စစ်မှုထမ်းဥပဒေအရ တာဝန်ထမ်းဆောင်ခြင်းတို့ကို ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းများနှင့်အညီ စနစ်တကျလုပ်ကိုင်ဆောင်ရွက်လျက်ရှိသည်။ သို့သော် ကလေးသူငယ်များနှင့်ပတ်သက်၍ ပြည်ပမှ ဖိအားအမျိုးမျိုးပေးလျက်ရှိသလို ပြည်သူ့စစ်မှုထမ်းခြင်းနှင့်ပတ်သက်၍လည်း ပြည်ဖျက်မီဒီယာများနှင့် အကြမ်းဖက်လှုံ့ဆော်သူများက အမျိုးမျိုးသွေးထိုးလှုံ့ဆော်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Feb 10, 2025

၁၉၂၀ ပြည့်နှစ်တွင် ရိုက်ကူးထုတ်လုပ်မှု စတင်ခဲ့သည့် မြန်မာ့ရုပ်ရှင်မှာ နှစ်ပေါင်း ၁၀၀ ကျော်၍ ၁၀၅ နှစ်သို့ ရောက်ရှိခဲ့ပြီဖြစ်ရာ ငွေရတု၊ ရွှေရတု၊ စိန်ရတု၊ ရာပြည့်ခေတ်အဆက်ဆက်ကို ဖြတ်သန်း၍ ရာပြည့်လွန်ခေတ်သို့ တိုင်ခဲ့ပြီဖြစ်သည်။ မြန်မာနိုင်ငံတွင် ၁၉၂၀ ပြည့်နှစ် မတိုင်မီကပင် ရုပ်ရှင်ကုမ္ပဏီအချို့ရှိခဲ့ကြောင်း အထောက်အထားအချို့ရှိခဲ့ရာ နိုင်ငံခြားရုပ်ရှင်ဇာတ်ကားများကို ပြည်တွင်းသို့ တင်သွင်းပြသသည့် ကုမ္ပဏီများဖြစ်ဖွယ်ရှိသည်။ မြန်မာ့ရုပ်ရှင်၏ နိဒါန်းအစမှာ အမျိုးသားရေးစိတ်ဓာတ်၊ အမျိုးသားရေးအားမာန်၊ တီထွင်ကြံဆမှုတို့နှင့် စတင်ခဲ့ခြင်းဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Feb 09, 2025

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးထိန်လင်းနှင့် ဦးဇင်မင်းထက်တို့သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ်ရှိ ဝန်ကြီးဌာနအလိုက် နေထိုင်လျက်ရှိသော ဝန်ထမ်းအိမ်ရာများကို လိုက်လံကြည့်ရှုစစ်ဆေးကြသည်။

ဆက်လက်ဖတ်ရှုရန်

Feb 09, 2025

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန သမဝါယမကောလိပ် (ဖောင်ကြီး) ၏ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်မှ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အထိ စီးပွားရေးလုပ်ငန်း စာရင်းကိုင်ဒီပလိုမာ (Diploma in Business Accounting)၊ ဈေးကွက်ဖော်ဆောင်ရေး စီမံခန့်ခွဲမှုဒီပလိုမာ (Diploma in Marketing Management)၊ ဒေသဆိုင်ရာဖွံ့ဖြိုးမှုဒီပလိုမာ (Diploma in Regional Development)၊ အသုံးချ စာရင်းအင်းဒီပလိုမာ (Diploma in Applied  Statistics)၊ လူမှုစီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှုဒီပလိုမာ (Diploma in Social Enterprises Management) လက်မှတ်များအပ်နှင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဖောင်ကြီးကောလိပ်စုဝေးခန်းမဆောင်၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 09, 2025

အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသည့် CRPH ၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသောအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရယန္တရားများ ပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများပြုလုပ်ခဲ့မှုအပေါ် ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်းနှင့် ထိုသို့လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ်အရေးယူသွားမည်ဖြစ်ကြောင်း မိဘပြည်သူများသိရှိနိုင်ရေး အသိပေးသတင်းထုတ်ပြန်ပြီးဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Feb 09, 2025

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Feb 09, 2025

(၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲတွင် လုပ်ငန်း/ စီးပွားချိတ်ဆက်မှုပြခန်း၌ MSME လုပ်ငန်းရှင်များအတွက် ပြည်တွင်းဈေးကွက်ချိတ်ဆက်မှု၊ ပြည်ပဈေးကွက်ချိတ်ဆက်မှု၊ ရင်းနှီးမတည်ငွေချိတ်ဆက်မှုနှင့် ဆက်စပ်ဝန်ကြီးဌာနများ၏ One Stop Services များကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Feb 09, 2025

(၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲကို နေပြည်တော်ဥပ္ပါတ သန္တိစေတီတော်တပေါင်းကွင်း၌ ဖေဖော်ဝါရီ ၁၀ ရက်မှ ၁၄ ရက် အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Feb 09, 2025

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၏ (၂၈) ကြိမ်မြောက် မြန်မာ့ရိုးရာစုပေါင်းထမနဲထိုးပြိုင်ပွဲနှင့် ဆုပေးပွဲကို ယနေ့ညနေပိုင်းတွင် တိုင်းစစ်ဌာနချုပ် အရန်စစ်ရေးပြကွင်း၌ပြုလုပ်ရာ တိုင်းမှူးဗိုလ်မှူးချုပ် အောင်ဇော်ထွေးနှင့် အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ပြိုင်ပွဲဝင်အသင်းများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Feb 09, 2025

၂၀၂၅ ခုနှစ် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို နေပြည်တော် စုပေါင်းစက်ဘီးစီးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ဇမ္ဗူသီရိမြို့နယ် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှေ့၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 09, 2025

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ပြည်ထောင်စုဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ် ဦးမျိုးကျော်သူ၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းက အားကစားနှင့်ကာယပညာသိပ္ပံ (တောင်ကြီး) သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Feb 09, 2025

(၆၂) ကြိမ်မြောက် တောင်သူနည်းပညာဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက နေပြည်တော် ဇေယျာသီရိမြို့နယ်ရှိ စိုက်ပျိုးရေးသုတေသနဦးစီးဌာန နဝရတ်ခန်းမ၌ ကျင်းပပြုလုပ်သည်။

ဆက်လက်ဖတ်ရှုရန်