Jun 12, 2022
ခြိမ်းခြောက် အကျပ်ကိုင်ခံရမှုကြောင့် လည်းကောင်း၊ ငြိမ်းချမ်းစွာ ဆန္ဒပြမှုများတွင် ပါဝင်ခဲ့မိသောကြောင့် လည်းကောင်း၊ သွားလာမှုခက်ခဲခြင်းကြောင့် လည်းကောင်း စိုးရိမ်ကြောင့်ကြမှုများကြောင့်
Jun 12, 2022
ရန်ကုန်တိုင်းဒေသကြီးအတွင်း လိုအပ်လျက်ရှိသော လျှပ်စစ်ဓာတ်အားများကို တိုးမြှင့်ဖြန့်ဖြူးပေးနိုင်ရေး၊ ဖြန့်ဖြူးလျက်ရှိသည့် ဓာတ်အားစနစ် တည်ငြိမ် တိုးတက်ကောင်းမွန်စေရေး၊ လျှပ်စစ်ဓာတ်အားလျော့နည်းပပျောက်မှု ကျဆင်းစေရေးတို့အတွက် ခရိုင်လျှပ်စစ်မန်နေဂျာ/ ခရိုင်လျှပ်စစ် အင်ဂျင်နီယာများ၊ မြို့နယ်လျှပ်စစ်မန်နေဂျာ/မြို့နယ် လျှပ်စစ်အင်ဂျင်နီယာများနှင့် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေး ကော်ပိုရေးရှင်း (ရုံးချုပ်) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jun 12, 2022
အကြမ်းဖက်အဖွဲ့အစည်းများဖြစ်သည့် CRPH ၊ NUG နှင့် PDF အကြမ်းဖက်သမားများသည် တိုင်းပြည် တည်ငြိမ်အေးချမ်းမှုနှင့် တရားဥပဒေစိုးမိုးမှုကို ပျက်ပြားစေရန်ရည်ရွယ်ချက်ဖြင့် အချို့ဒေသများတွင် လက်နက်ကိုင်တိုက်ခိုက်မှုများ၊ လမ်း၊ တံတား ဖောက်ခွဲဖျက်ဆီးမှုများအပြင် အများပြည်သူနေထိုင် လျက်ရှိသော နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းများ လုပ်ဆောင် လျက်ရှိသည်။
Jun 12, 2022
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ဇွန် ၁၀ ရက် မွန်းလွဲ ၁ နာရီခွဲက မိတ္ထီလာမြို့ ကန်တော်မင်ရပ်ကွက် ရန်ကုန်-မန္တလေး သွားကားလမ်းဟောင်းတွင် သိန်းစိုးဦး မောင်းနှင်လာသည့်
Jun 12, 2022
တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇွန် ၈ ရက်က ရှမ်းပြည်နယ် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်မှ (ယာယီ) ဗျူဟာမှူး ဒုတိယဗိုလ်မှူး ကြီးမြတ်သူ ဦးဆောင်သောအဖွဲ့က ဟိုပုံးမြို့ရေထွက်၌ ကျိုင်းတုံမြို့မှ တောင်ကြီးမြို့သို့ မောင်းနှင် လာသည့် ကုန်တင်ယာဉ်သုံးစီးကို စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ အကောက်ခွန်မဲ့ စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅၃၆၃၀၀၀ နှင့် အဆိုပါကုန်ပစ္စည်းများ တင်ဆောင်လာသော ကုန်တင်ယာဉ် သုံးစီး ခန့်မှန်းတန်ဖိုးငွေကျပ် ၈၅၀၀၀၀၀၀၊ စုစုပေါင်း ခန့်မှန်း တန်ဖိုးငွေကျပ် ၁၂၀၃၆၃၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူ ဆောင်ရွက်လျက် ရှိသည်။
Jun 12, 2022
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိသည်။
Jun 12, 2022
ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သင်တန်းသား၊ သင်တန်းသူ ၅၂ ဦးတို့သည် ယနေ့နံနက်ပိုင်း က နေပြည်တော် - တပ်ကုန်းရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင် ရုပ်သံထုတ်လွှင့်မှုဆိုင်ရာများနှင့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား စိန်ရတုပြတိုက်တို့တွင် လေ့လာကြသည်။
Jun 12, 2022
မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ် ကျောက်လှေခါးကျေးရွာအနီး ပခုက္ကူ-ရေစကြို ကားလမ်း လမ်းအသုံးပြုခ ကောက်ခံလျက်ရှိသည့် ထွန်းညို လူကုမ္ပဏီပိုင် Toll Gate အနီးရှိ ဝန်ထမ်းနားနေ ဆောင်များကို ဇွန် ၁၀ ရက် ညနေ ၆ နာရီ ၄၅ မိနစ်ခန့်တွင် PDF အမည်ခံ အကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီးပြီး ကားလမ်းပေါ်၌ မိုင်းထောင်ဖောက်ခွဲကာ လမ်းအသုံးပြုခကောက်ခံငွေများအား ခြိမ်းခြောက်လုယက် ယူဆောင်သွားကြောင်း သိရှိရသည်။
Jun 12, 2022
မျိုးဆက်သစ် ရင်သွေးငယ်များ၏ ပညာရေးတွင် နောက်ကျကျန်ရစ်မှု မဖြစ်ပေါ်စေရေးအတွက် ပညာသင်ကြားနိုင်မှု အခွင့်အလမ်းကို ပြည့်ဝစွာ အသုံးချနိုင်စေရန် အခြေခံပညာကျောင်းများကို ဇွန် ၂ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ရာ ကျောင်းသား၊ ဆရာ၊ မိဘများက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ ပူးပေါင်းဆောင်ရွက်နေမှုများအပေါ် PDF အမည်ခံ အကြမ်းဖက် သမားများက ယုတ်မာရိုင်းစိုင်းသော ရည်ရွယ်ချက်များဖြင့် ကျောင်းသား၊ ဆရာ၊ မိဘများအား ခြိမ်းခြောက် အကျပ်ကိုင်ခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ပညာရေးဆိုင်ရာ အဆောက်အဦများအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်း၊ အထောက်အကူပြု ပစ္စည်းများနှင့် ကျောင်းသုံးပုံနှိပ် စာအုပ်များ၊ ကျောင်းသုံးစာအုပ်များအား မီးရှို့ဖျက်ဆီးခြင်း၊ အတင်းအဓမ္မလုယူခြင်း စသည့် နည်းလမ်းမျိုးစုံ အသုံးပြုကာ ပညာရေးကဏ္ဍ မြင့်မားရေးကို ဟန့်တားနှောင့်ယှက်ဖျက်ဆီး လျက်ရှိသည်။
Jun 12, 2022
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် တာဝန်ရှိသူများနှင့်အတူ ဇွန် ၁၀ ရက် နံနက်ပိုင်းက ရန်ကုန် - မန္တလေး အမြန်လမ်းမကြီး (နေပြည်တော် - ရန်ကုန်) လမ်းပိုင်းကို ကြည့်ရှုစစ်ဆေးသည်။