Jun 22, 2022
အာဆီယံစီးပွားရေးအသိုက်အဝန်း (ASEAN Economic Community-AEC) ၂၀၂၅ အောက်ရှိ “စားနပ်ရိက္ခာ၊ စိုက်ပျိုးရေးနှင့် သစ်တောကဏ္ဍလုပ်ငန်းကော်မတီ”၏ ပထမအကြိမ် အစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းက နေပြည်တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jun 22, 2022
မြန်မာနိုင်ငံ၏ တစ်ဆက်တစ်စပ်တည်းသော မြန်မာ့သမိုင်းစဉ် ဆွေးနွေးပွဲနှင့် ပတ်သက်၍ မြို့ပြတည်ထောင်မှု စတင်ခဲ့သော ပျူခေတ်ကာလသမိုင်းစဉ်ဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲ ဒုတိယနေ့ကို ယနေ့တွင် အမျိုးသားပြတိုက် (ရန်ကုန်)ဘက်စုံခန်းမ၌ ဆက်လက်ကျင်းပသည်။
Jun 22, 2022
ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ်၏ ၂၀၂၂ ခုနှစ် တိုင်းမှူးဒိုင်း ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ် တိုင်းရန်အောင်ခန်းမ၌ ကျင်းပရာ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် သစ်လွင်ထူးနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင် အားကစားသမားများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြသည်။
Jun 22, 2022
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက နတ်တလင်းမြို့ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်) သိုလှောင်ရုံ(၁)ဝင်း ရှင်းလင်းဆောင်သို့ ရောက်ရှိရာ နတ်တလင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ခရိုင်အဆင့် ဌာနဆိုင်ရာရုံးများ ယာယီအသုံးပြုနိုင်ရေး အဆောက်အအုံများ လျာထားဆောင်ရွက်မှုနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာ ရုံးများအတွက် မြေနေရာလျာထားမှုကို ရှင်းလင်းတင်ပြသည်။
Jun 22, 2022
ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ အတည်ပြုခန့်ထားခြင်းနှင့် ဝန်ထမ်းအဖွဲ့အစည်း အကြီးအမှူး ခန့်ထားခြင်း
Jun 22, 2022
စီးပွားရေးမူဝါဒပြောင်းလဲမှု သို့မဟုတ် ဈေးကွက်စီးပွားရေးစနစ် ဖြစ်တည်မှုသည် နိုင်ငံ၏ နိုင်ငံရေးပုံစံပြောင်းလဲမှုနှင့် ထက်ကြပ်မကွာ လိုက်ပါပြောင်းလဲနိုင်မှသာ ပြည်သူများ၏ စားဝတ်နေရေးနှင့် လူမှုဘဝများကို ပုံဖော်ပေးနိုင်မည် ဖြစ်သည်။
Jun 22, 2022
နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုကို ကောင်းစွာ ထိန်းချုပ်ထားနိုင်သည့် အခြေအနေသို့ ရောက်ရှိနေပြီး ကမ္ဘာ့နိုင်ငံ အသီးသီးတို့တွင်လည်း ကပ်ရောဂါအရှိန် လျော့လာပြီဖြစ်ရာ ကိုဗစ်-၁၉ အလွန်စီးပွားရေး ပြန်လည်ထူထောင်မှုများကို အားသွန်ခွန်စိုက် ကြိုးပမ်းကြရမည့်အချိန်သို့ ရောက်ရှိလာပြီ ဖြစ်သည်။ သို့ရာတွင် နောက်ထပ်ဖြစ်ပေါ်လာသည့် ကမ္ဘာ့နိုင်ငံရေး အခြေအနေများမှ ရိုက်ခတ်လာသည့် အခက်အခဲ၊ အကျပ်အတည်းများက ကိုဗစ်-၁၉ ဖိစီးနှိပ်စက်မှုမှ နာလန်ထလာကြရသည့် နိုင်ငံများကို ထိခိုက်ခံစားရမှု ကြီးမားစေသည်။
Jun 21, 2022
မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုကောင်စီ နှစ်ပတ်လည်အစည်းအဝေး (၂၀၂၂)ကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဒက္ခိဏသီရိမြို့နယ်ရှိ မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုဌာနချုပ်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုကောင်စီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း(အငြိမ်းစား)နှင့် ဗဟိုအမှုဆောင်အဖွဲ့ဝင်များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဗဟိုကောင်စီဝင် တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး တိုင်းဒေသကြီး/ ပြည်နယ်များမှ ဗဟိုကောင်စီဝင်များက ဗွီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။
Jun 21, 2022
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
Jun 21, 2022
NUG အမည်ခံ အကြမ်းဖက်အဖွဲ့နှင့် ၎င်း၏လက်အောက်ခံ PDF အမည်ခံ အကြမ်းဖက်သမားများသည် အနာဂတ်ရင်သွေးငယ်များ၏ ပညာသင်ကြားသင်ယူခွင့် အခွင့်အလမ်းများ ပျက်ပြား၍ ပညာမဲ့လူတန်းစားများ ဖြစ်ပေါ်လာစေရန်နှင့် ၎င်းတို့ကို အကြောက်တရားဖြင့် ထောက်ခံအားပေးလာစေရန် ယုတ်မာရိုင်းစိုင်းသော ရည်ရွယ်ချက်များဖြင့် ကျောင်းသား၊ ဆရာ၊ မိဘများအား ခြိမ်းခြောက်အကြပ်ကိုင်ခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ပညာရေးဆိုင်ရာ အဆောက်အဦများအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်း၊ အထောက်အကူပြုပစ္စည်းများနှင့် ကျောင်းသုံး ပုံနှိပ်စာအုပ်များ၊ ကျောင်းသုံးစာအုပ်များအား မီးရှို့ဖျက်ဆီးခြင်း၊ အတင်းအဓမ္မလုယူခြင်း စသည့် နည်းလမ်းမျိုးစုံ အသုံးပြုကာ ပညာရေးကဏ္ဍမြင့်မားရေးကို နှောင့်ယှက်ဖျက်ဆီးလျက် ရှိသည်။