Skip to main content

Jun 20, 2022

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Jun 20, 2022

ရာသီဥတုအခြေအနေအရ ဖြစ်ပေါ်လာနိုင်သည့် ရေကြီးရေလျှံမှုများနှင့်စပ်လျဉ်း၍ အလျင်အမြန် တုံ့ပြန်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jun 20, 2022

NP News သတင်းဌာနမှသတင်းထောက် ဦးကျော်မျိုးမင်းက ယခုလက်ရှိရွေးကောက်ပွဲကော်မရှင်အနေဖြင့် ရွေးကောက်ပွဲပြန်လည်ကျင်းပပေးရာတွင် လူထုမယုံကြည်မှု၊ နိုင်ငံတကာအသိုင်းအဝိုင်း၏ မယုံကြည်မှု (သို့မဟုတ်) နိုင်ငံရေးအသိုင်း အဝိုင်း၏မယုံကြည်မှုတို့ကို ရင်ဆိုင်ရနိုင်ခြေရှိသည်ဆိုသည့် အခြေအနေကိုသိမည်ဟု ထင်မြင်မိကြောင်း၊ ရွေးကောက်ပွဲကော်မရှင်၏ ၂၀၂၀ ပြည့်နှစ် မဲစာရင်းစစ်ဆေးမှုနှင့်ပတ်သက်သည့် ထုတ်ပြန်ချက်ကိုပင် နိုင်ငံတကာအသိုင်းအဝိုင်းအချို့၊ နိုင်ငံရေးအသိုင်းအဝိုင်းအချို့နှင့် လူမှုရေးအသိုင်းအဝိုင်းတို့တွင် လျစ်လျူရှုထားသည်ကိုတွေ့ရကြောင်း၊ တပ်မတော်က ဖွဲ့စည်းပေးထားသည့် ရွေးကောက်ပွဲကော်မရှင်က ပြန်လည်ကျင်းပပေးမည့်ရွေးကောက်ပွဲအပေါ် မည်မျှယုံကြည်မှုရှိသည်၊ မည်သည့်အတိုင်းအတာအထိ ယုံကြည်စိတ်ချ၍ရနိုင်သည်၊ ယုံကြည်မှုမရှိနိုင် စသည့် မေးခွန်းများကို မည်ကဲ့သို့ ပြန်လည်ဖြေကြားလိုသည်ကိုသိလိုကြောင်း မေးမြန်းသည်။

ဆက်လက်ဖတ်ရှုရန်

Jun 20, 2022

ပြန်ကြားရေးဝန်ကြီးဌာနသည် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေပုဒ်မ ၄ ပုဒ်မခွဲ(ဂ)အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကိုကျင့်သုံး၍ (၃၀-၃-၂၀၂၁)ရက်နေ့တွင် တေးသံသွင်းလုပ်ငန်းလုပ်ကိုင်ခွင့်အမိန့်၊ အမိန့်အမှတ် (၂/၂၀၂၁)ဖြင့် တေးသံသွင်းလုပ်ငန်းလုပ်ကိုင်ခွင့်မှတ်ပုံတင်လက်မှတ်များအား (၁)နှစ်သက်တမ်းဖြင့် ခွင့်ပြုပေးလျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Jun 20, 2022

ယူရီးယားမြေဩဇာဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီသည် မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များ၊ အသင်းဝင်ကုမ္ပဏီများ စုစည်းဖွဲ့စည်းထားသော Consortium အဖွဲ့နှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့နှင့် ပူးပေါင်း၍ တောင်သူ လယ်သမားများ စိုက်ပျိုးရေးလုပ်ငန်းခွင်တွင် အသုံးပြုရန် လိုအပ်လျက်ရှိသော အရည်အသွေးနှင့် စံချိန်စံညွှန်းပြည့်မီသည့် ယူရီးယားမြေဩဇာများ ပြင်ပပေါက်ဈေးထက် ဈေးနှုန်းသက်သာစွာဖြင့် ဖြန့်ဖြူးရောင်းချနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jun 20, 2022

မွန်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနကကြီးကြပ်၍ သံဖြူဇရပ်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ သံဖြူဇရပ်မြို့နယ် ကျိုက္ခမီမြို့ မြို့လယ်ဓမ္မာရုံ၌ ပင်လယ်ငါးဖမ်းရေလုပ်သားများအတွက် အခြေခံလုပ်ငန်းခွင်ကျွမ်းကျင်မှုသင်တန်း အမှတ်စဉ်(၂/၂၀၂၂)ကို ဇွန် ၁၇ ရက် နံနက် ၉ နာရီက ဖွင့်လှစ်ခဲ့ရာ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးသက်နိုင်ဝင်းက အဖွင့်အမှာစကား ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jun 20, 2022

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇွန် ၁၇ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် ရန်ကုန်တိုင်းဒေသကြီး မြန်မာစက်မှုဆိပ်ကမ်းကုန်သေတ္တာ စစ်ဆေးရေးစခန်း၌အဖွဲ့စုံဖြင့် စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ သွင်းကုန်လိုင်စင်တင်ပြနိုင်ခြင်းမရှိသည့် အထည်အလိပ်များ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၇,၈၆၆,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jun 20, 2022

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ သံဃာတော်များ၊ သာသနာ့နွယ်ဝင်သီလရှင်များ၊ ဘာသာရေးခေါင်းဆောင်များအပါအဝင် လူမျိုးမရွေး ဘာသာမရွေး အသက် ၄၀ အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား၊ အကျဉ်းသူများ၊ မသန်စွမ်းသူများ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၊ နာတာရှည်ရောဂါအခံရှိသူများ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီတိုက်ပွဲရှောင်စခန်းများအတွင်းရှိ ပြည်သူများ၊ အသက် ၅ နှစ်မှ ၁၂ နှစ်အထက် အခြေခံပညာမူလတန်း၊ အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ စသည့် ဦးတည်အုပ်စုများသတ်မှတ်၍ တပ်မတော်မှဆေးအဖွဲ့များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jun 20, 2022

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာအောင်ဇေယျသည် ယမန်နေ့တွင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ National Control Center(NCC) ၊ ၂၃၀ ကေဗွီ နေပြည်တော် (၂) ပင်မဓာတ်အားခွဲရုံနှင့် ၂၃၀ ကေဗွီပျဉ်းမနားပင်မဓာတ်အားခွဲရုံ၊ နေပြည်တော် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးခွဲရုံ (၃)နှင့် ဝဏ္ဏသိဒ္ဓိအားကစားပြိုင်ကွင်းခွဲရုံရှိ ADMS Control Center တို့ကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်