Skip to main content

Jul 01, 2022

မြန်မာနိုင်ငံ၏ ကုန်သွယ်စီးပွားဖွံ့ဖြိုးရေးတွင် နယ်စပ်ကုန်သွယ်ရေးကို အားထားနေရပေသည်။ နယ်စပ်ကုန်သွယ်ရေး ဖွံ့ဖြိုးတိုးတက်ရန်အတွက် နယ်စပ်ဒေသများ အထူးသဖြင့် ကုန်သွယ်မှုလမ်းကြောင်းတစ်လျှောက်ရှိဒေသများ တည်ငြိမ်အေးချမ်းမှသာလျှင် တရားမဝင်ကုန်သွယ်မှုပပျောက်ရေးကို စနစ်တကျကိုင်တွယ် ဆောင်ရွက်နိုင်ပြီး တရားဝင်ကုန်သွယ်ရေးကို ထိထိရောက်ရောက် ဖွံ့ဖြိုးတိုးတက်လာအောင် ဆောင်ရွက်နိုင်မည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jul 01, 2022

မြန်မာနိုင်ငံသို့ သမဝါယမစနစ်ရောက်ရှိခဲ့သည်မှာ နှစ်ပေါင်း ၁၂၀ ခန့်ရှိပြီဖြစ်သည်။ မြန်မာ့သမဝါယမ၏ အစသည် ၁၉၀၅ ခုနှစ် မြင်းမူ ငွေစုငွေချေးသမဝါယမဖြစ်ရာ တိတိကျကျဆိုရလျှင် ၁၁၇ နှစ် ရှိပြီဖြစ်သည်။ သမဝါယမ လူ့အဖွဲ့အစည်းများ၏ အနှစ်သာရမှာ အများအတွက်တစ်ယောက်၊ တစ်ယောက်အတွက်အများ၊ စုပေါင်းဆောင်ရွက်၊ မျှဝေခံစားခြင်းဖြစ်ရာ မူလမြန်မာလူမျိုးတို့၏ ရိုးရာဓလေ့စရိုက်တို့နှင့်လည်း ကိုက်ညီသည်။ သို့ရာတွင် သမဝါယမဟုဆိုသည်နှင့် တစ်ခေတ်တစ်ခါက ရပ်ကွက်/ကျေးရွာ စားသုံးသူ သမဝါယမအသင်းများ၏ အသင်းသား ပြည်သူလူထု အကျိုးစီးပွားကို အပြည့်အဝ မဖော်ဆောင်နိုင်ခဲ့သည့်ပုံရိပ်များ အပါအဝင် မကောင်းသည့်၊ မအောင်မြင်သည့် ပုံရိပ်များစွာတို့က စွဲထင်နေဆဲဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jun 30, 2022

အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် မြန်မာနိုင်ငံသို့ AHA Centre မှတစ်ဆင့် လှူဒါန်းသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ စီမံခန့်ခွဲရေးလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ ဦးကိုကိုလှိုင်သည် ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးနှင့် အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ် မစ္စတာပရပ်ဆုတ်ခွန်းအား ၂၀၂၂ ခုနှစ်၊ ဇွန်လ (၃၀)ရက်နေ့၊ (၁၇:၂ဝ) နာရီအချိန်တွင် နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

ဆက်လက်ဖတ်ရှုရန်

Jun 30, 2022

နိုင်ငံခြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးနှင့်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးနှင့် အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ် မစ္စတာ ပရပ်ဆုတ်ခွန်းအား ၂၀၂၂ ခုနှစ်၊ ဇွန်လ (၃၀)ရက်နေ့(၁၆:၃၀)နာရီအချိန်တွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

ဆက်လက်ဖတ်ရှုရန်

Jun 30, 2022

အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ရန်ကုန်နှင့် နေပြည်တော်သို့ရောက်ရှိခြင်း

ဆက်လက်ဖတ်ရှုရန်

Jun 30, 2022

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီး H.E. Mr. Prak Sokhonn ကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး၊ သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Jun 30, 2022

ရန်ကုန်တိုင်းဒေသကြီးအတွင်း အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးခြင်းနှင့် အပြစ်မဲ့ပြည်သူများအား အဓိကပစ်မှတ်ထား၍ သတ်ဖြတ်ခြင်းတို့အား ဆောင်ရွက်နိုင်မှုမရှိစေရေး ဖော်ထုတ်ဖမ်းဆီးခြင်းများ ဆောင်ရွက်လျက်ရှိရာ အကြမ်းဖက်မှုအားမလိုလားသော ပြည်သူများ၏ သတင်းပေးမှုများကြောင့် ၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၄ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ နံ့သာကုန်းရပ်ကွက်ရှိ အင်းစိန်ပန်းခြံ၌ Teenager Killer Force (TKF) အမည်ခံ အကြမ်းဖက်အဖွဲ့ဝင်များဖြစ်သည့် ကောင်းသီဟနိုင် (ခ)ဇင်ယော်၊ ငြိမ်းစုရည်ဖြိုး(ခ)ဝေယံ၊ မိုးပွင့်ဖြူ(ခ)လရောင်နှင့် ဝါဝါဦး(ခ) ပန်ပန်တို့အားလည်းကောင်း၊ အင်းစိန်မြို့နယ်၊ ရွာမအရှေ့ရပ်ကွက်၊ ဒေါနလမ်းသွယ်(၁)ရှိ အိမ်အမှတ်(၅)၌ ဉာဏ်လင်းထက်(ခ)ကိုဉာဏ်၊ အောင်မင်းခန့်(ခ)သခွားသီးနှင့် ထက်နန္ဒသိမ့် (ခ)နန္ဒ တို့အား လက်လုပ် Remote မိုင်း ၁ လုံး၊ Sound Box အတွင်း ထည့်သွင်းတပ်ဆင်ထားသည့် Remote မိုင်း ၁ လုံး၊ Keypad ဖုန်း ၁ လုံး၊ ကြယ်ဖြူတစ်လုံးပါ အလံ ၁ ခုတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jun 30, 2022

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်ရှိ မြန်မာ့စီးပွားရေးဘဏ်သို့ ဇွန် ၂၉ ရက်နံနက် ၁၀ နာရီ ၄၅ မိနစ်ခန့်တွင် လက်လုပ်မိုင်းဖြင့် မိုင်းထောင်ဖောက်ခွဲရန် ကြိုးပမ်းစဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အဆိုပါ မိုင်းထောင်ဖောက်ခွဲသူအား ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Jun 30, 2022

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ ကော့ကျေးရွာရှိ အခြေခံပညာ အလယ်တန်းကျောင်း၌ လုံခြုံရေးဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား PDF အကြမ်းဖက်သမားများက Drone ယာဉ်အသုံးပြု၍ လက်လုပ်ဗုံးတစ်လုံး လာရောက်ပစ်ချ ပေါက်ကွဲခဲ့သဖြင့် စာသင်ကျောင်းအမိုးအနည်းငယ်ပျက်စီးခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်