နေပြည်တော် ဇွန် ၃၀
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်ရှိ မြန်မာ့စီးပွားရေးဘဏ်သို့ ဇွန် ၂၉ ရက်နံနက် ၁၀ နာရီ ၄၅ မိနစ်ခန့်တွင် လက်လုပ်မိုင်းဖြင့် မိုင်းထောင်ဖောက်ခွဲရန် ကြိုးပမ်းစဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အဆိုပါ မိုင်းထောင်ဖောက်ခွဲသူအား ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ (၈)ရပ်ကွက်၊ ဗိုလ်ဗထူးလမ်း၊ မြန်မာ့စီးပွားရေးဘဏ်ရှေ့ရှိ စင်္ကြန်လမ်း၌ ပေါက်ကွဲသံကြားသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ မီးသွေးဆောင်၊ အခန်း(၂)၊ ဗထူး(၉) လမ်း၊ (၂)ရပ်ကွက်၊ လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်နေသူ ထက်အောင်ကို (ခ)ကိုအောင် (၁၆)နှစ်(ဘ)ဦးတင်ဦးအား တွေ့ရှိရကာ ၎င်း၏ ဘေးလွယ် အိတ်အတွင်းမှ လက်လုပ်မိုင်းဖြင့် မိုင်းထောင်ဖောက်ခွဲရန် ကြိုးပမ်းစဉ် ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ထက်အောင်ကိုအား မိုင်းစထိမှန်ဒဏ်ရာများဖြင့် ဖမ်းဆီးရမိခဲ့ကြောင်းနှင့် လက်လုပ်မိုင်းပေါက်ကွဲမှုကြောင့် အဆောက်အဦ ထိခိုက်ပျက်စီးမှုမရှိကြောင်း သိရှိရသည်။
CRPH ၊ NUG ၊ PDF အမည်ခံအကြမ်းဖက်သမားများအနေဖြင့် ပြည်သူလူထု အထိတ်တလန့် ဖြစ်ပွားစေရန်ရည်ရွယ်၍ ယခုကဲ့သို့ အသက်ငယ်ရွယ်သူများကို မက်လုံးပေးစေခိုင်း၍ မိုင်းထောင်ဖောက်ခွဲစေခဲ့ခြင်းဖြစ်ကြောင်းနှင့် ပါဝင်ပတ်သက်သူများကို ထိရောက်စွာအရေးယူနိုင်ရေး လိုအပ်သည်များ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။