နေပြည်တော်၊ မတ် - ၂၇
၂၀၂၁ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ပူဇော်ပွဲ မဟာမင်္ဂလာ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် ဥပ္ပါတသန္တိစေတီတော် ပရိဝုဏ်အတွင်းရှိ သာသနာ့မဟာဗိမာန်တော်ကြီး၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက်ကြည်ညို၍ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ပူဇော်ကြသည်။
အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ၊ မန္တလေးမြို့ ဗန်းမော် ကျောင်းတိုက် ပဓာနနာယက အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ ဗန်းမော်ဆရာတော်ဘုရားကြီးနှင့် နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ အကျိုးတော်ဆောင် သန်လျင်မြို့ မင်းကျောင်းပထမပြန် စာသင်တိုက် ပဓာန နာယက အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တစန္ဒိမာ ဘိဝံသ အမှူးပြုသော ဘွဲ့ခံဆရာတော်ကြီးများ ကြွရောက်ချီးမြှင့်တော်မူကြပြီး နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီးတို့နှင့်အတူ ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ဒုတိယ ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ မန်းငြိမ်းမောင်၊ ဒေါ်အေးနုစိန်၊ ဦးမောင်းဟာ၊ ဦးစိုင်းလုံးဆိုင်၊ ဒေါက်တာ ဗညားအောင်မိုး၊ ကောင်စီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌ ဦးသန်းကျော်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုး၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ)၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် ၎င်းတို့၏ ဇနီးများ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဗန်းမော်ဆရာတော် ဘုရားကြီးထံမှ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့်ဇနီးနှင့် ဧည့်ပရိသတ်တို့က ငါးပါးသီလ ခံယူဆောက်တည်ကြသည်။
ယင်းနောက် အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော် ဆက်ကပ်ခံယူတော်မူမည့် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ မြို့မစာသင်တိုက် ပဓာနနာယက ဆရာတော် ဘဒ္ဒန္တဂန္ဓမာ မဟာထေရ်မြတ်က သမ္မောဒနီယဩဝါဒကထာကို မြွက်ကြားချီးမြှင့်တော်မူပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက သာသနာရေးဆိုင်ရာများကို လျှောက်ထားသည်။
ထို့နောက် ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများအား သာသနာတော်ဆိုင်ရာ ဘွဲ့တံ ဆိပ်တော်များ ဆက်ကပ်ပူဇော်ကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ရ ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ မြို့မစာသင်တိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တဂန္ဓမာ ထံ ဘွဲ့တံဆိပ်တော်နှင့် အဆောင်အယောင်များ ဆက်ကပ်ပူဇော်သည်။
ယင်းနောက် ကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ရ မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ် ညောင်ကန်ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တဣန္ဒကထံ လည်းကောင်း၊ ကောင်စီဝင် ဗိုလ်ချုပ်ကြီး မြထွန်းဦးက အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ရ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ မဟာဝိဇ္ဇာသိပ္ပံ စာသင်တိုက် ဆရာတော် ဘဒ္ဒန္တသူရိယ ထံလည်းကောင်း၊ ကောင်စီဝင် ဗိုလ်ချုပ်ကြီး တင်အောင်စန်းက အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ရ မကွေးတိုင်းဒေသကြီး ရေစကြိုမြို့ အောင်မြေသာယာဝန်မင်းကြီးကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တဝိမလာဘိဝံသ ထံလည်းကောင်း ဘွဲ့တံဆိပ်တော်နှင့် အဆောင်အယောင်များ ဆက်ကပ်ပူဇော်သည်။
ဆက်လက်၍ ကောင်စီဝင် ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်က အဘိဓဇ အဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဘွဲ့တံဆိပ်တော်ရ ပဲခူးတိုင်းဒေသကြီး ကဝမြို့နယ် ဇွဲကိုက်ဘုန်းတော်ကြီး သင်ပညာရေး အလယ်တန်းကျောင်းဆရာတော် ဘဒ္ဒန္တသုမန ထံလည်းကောင်း၊ ကောင်စီဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းက အဘိဓဇ အဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဘွဲ့တံဆိပ်တော်ရ နေပြည်တော်ကောင်စီနယ်မြေ တပ်ကုန်းမြို့နယ် မြို့ရှေ့(ရွာဦး) စန္ဒာရုံပရိယတ္တိစာသင်တိုက် ဆရာတော် ဘဒ္ဒန္တစန္ဒသိရီ ထံလည်းကောင်း၊ ကောင်စီဝင် မန်းငြိမ်းမောင်က အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘွဲ့တံဆိပ်တော်ရ ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ် ကညင်ချောင်းကျေးရွာ ကျောင်းတောင်တောရ ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တစန္ဒာဝရ ထံလည်းကောင်း၊ ကောင်စီဝင် ဒေါ်အေးနုစိန်က အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘွဲ့တံဆိပ်တော်ရ မွန်ပြည်နယ် မော်လမြိုင်မြို့ ပန်းဘဲတန်းရပ်ကွက် ရွှေပရိယတ္တိ စာသင်တိုက်ဆရာတော် ဘဒ္ဒန္တပညာဝံသ ထံလည်းကောင်း ဘွဲ့တံဆိပ်တော်နှင့် အဆောင် အယောင်များ ဆက်ကပ်ပူဇော်ကြသည်။
ယင်းနောက် ကောင်စီဝင် ဦးမောင်းဟာက အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ရ ရခိုင်ပြည်နယ် မြောက်ဦးမြို့ အောင်မင်္ဂလာကျောင်းတိုက်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တပညာသာမိ ထံလည်းကောင်း၊ ကောင်စီဝင် ဦးစိုင်းလုံးဆိုင်က အဘိဓဇ မဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ရ မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ် မိုးကောင်း ကျောင်းတိုက် ဇယဝတီကျောင်းဆရာတော် ဘဒ္ဒန္တသုဇနာဘိဝံသ ထံလည်းကောင်း၊ ကောင်စီဝင် ဒေါက်တာဗညားအောင်မိုးက အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ရ ရန်ကုန်တိုင်းဒေသကြီး သင်င်္ဃန်းကျွန်းမြို့နယ် ဖက်ပင်အိုင်စာသင်တိုက်ဆရာတော် ဘဒ္ဒန္တဝါသေဋ္ဌ ထံလည်းကောင်း၊ ကောင်စီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးက အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ရ မန္တလေးမြို့ ရတနာ့ဗိမာန် ချမ်းသာကြီးတိုက် ဆရာတော် ဘဒ္ဒန္တ ဇောတိကာ ဘိဝံသ ထံလည်းကောင်း၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးက အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ရ မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့ မင်းကျောင်းစာသင်တိုက်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ ဝေဠုရိယ ထံလည်းကောင်း ဘွဲ့တံဆိပ် တော်နှင့် အဆောင်အယောင်များ ဆက်ကပ်ပူဇော်ကြသည်။
ထို့နောက် ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦးက အဘိဓဇ အဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဘွဲတံဆိပ်တော်ရ ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ် အရှေ့ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ သုန္ဒရ ထံလည်းကောင်း၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာခုံရုံးဥက္ကဋ္ဌ ဦးသန်းကျော်က အဘိဓဇ အဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဘွဲတံဆိပ်တော်ရ ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် ရွှေသုဝဏ်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ သဒ္ဓိယ ထံလည်းကောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးက အဘိဓဇ အဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဘွဲတံဆိပ်တော်ရ ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် ဇေယျသိဒ္ဓိ(မဟာသွံဿာရ) ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ ကုမာရ ထံလည်းကောင်း ဘွဲ့တံဆိပ်တော်နှင့် အဆောင်အယောင်များ ဆက်ကပ်ပူဇော်ကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်က အဘိဓဇမဟာ ရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ရ ရခိုင်ပြည်နယ် စစ်တွေမြို့ မဏိရတနာ စာသင်တိုက်ဆရာတော် ဘဒ္ဒန္တ သောမ ထံလည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်က အဘိဓဇ မဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ရ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ နိဂြောဓာရုံညောင်ပင်သာ စာသင်တိုက် ဆရာတော် ဘဒ္ဒန္တ ဝိဿုတ ထံလည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ရ ရန်ကုန်တိုင်း ဒေသကြီး ဗဟန်းမြို့နယ် အလယ်တောရ စံပြစာသင်တိုက် ဆရာတော် ဘဒ္ဒန္တဂန္ဓ မာလာဘိဝံသ ထံလည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ရ ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် ပါဠိကာရီစာသင်တိုက် ဆရာတော် ဒေါက်တာဘဒ္ဒန္တ အင်္ဂိသ ထံလည်းကောင်း ဘွဲ့တံဆိပ်တော်နှင့် အဆောင် အယောင်များ ဆက်ကပ်ပူဇော်ကြသည်။
ထို့နောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင် သန်လျင် မင်းကျောင်းဆရာတော်ကြီးထံမှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် နှင့်ဇနီး၊ ဧည့်ပရိသတ်တို့က အနုမောဒနာတရား နာယူကြပြီး လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းလောင်း အမျှပေးဝေကြကာ ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
ယနေ့ကျင်းပသည့် ၂၀၂၁ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ် ပူဇော်ပွဲ အခမ်းအနားတွင် အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး (၁၃) ပါးနှင့် အဘိဓဇ အဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး (၇) ပါးတို့အား သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်များကို ဆက်ကပ်ခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)