Skip to main content

ဆေးကုသရန် အခက်အခဲဖြစ်ပေါ်လျက်ရှိသည့် ပြည်သူ့ဆေးရုံနှင့် တိုက်နယ်ဆေးရုံများသို့ တပ်မတော်သားပါရဂူများ၊ ဆရာဝန်များနှင့် သူနာပြုများက သွားရောက်၍ လိုအပ်သည့်ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

 

နေပြည်တော် မတ် ၂၆

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာ ခရိုင် သာစည်မြို့နယ်ဆေးရုံ၊ ဟံဇားတိုက်နယ်ဆေးရုံ၊ ယင်းမာ ပင်တိုက်နယ် ဆေးရုံ၊ သပိတ်ကျင်း မြို့နယ် တကောင်းတိုက်နယ် ဆေးရုံ၊ ကျောက်ဆည်မြို့နယ် စဉ့်ကိုင်ပြည်သူ့ဆေးရုံ၊ ပျော်ဘွယ် မြို့နယ် ယင်းတော်တိုက်နယ် ဆေးရုံ၊ ဝမ်းတွင်းမြို့နယ် ပင်းတလဲ တိုက်နယ်ဆေးရုံ၊ မြစ်သားမြို့နယ် ပြည်သူ့ဆေးရုံ၊ တောင်သာမြို့ နယ် ဝဲလောင်တိုက်နယ်ဆေးရုံ၊ ကျောက်ပန်းတောင်း မြို့နယ် ပြည်သူ့ဆေးရုံ၊ ပဲခူးတိုင်းဒေသ ကြီး ကျောက်တံခါးမြို့နယ် ပြည်သူ့ဆေးရုံ၊ ရွှေကျင်မြို့နယ် ဒုံဇရစ်ကျေးရွာ တိုက်နယ်ဆေးရုံ နှင့် လက်ပံတန်းမြို့နယ် ပြည်သူ့ ဆေးရုံတို့ရှိ ဝန်ထမ်းများနှင့် လူနာရှင်များက အကူအညီ တောင်းခံမှုကြောင့် တပ်မတော်မှ ဆေးကုသရေး အဖွဲ့များအား စေလွှတ်၍ ရောဂါဝေဒနာခံစား နေရသည့်ဒေသခံပြည်သူများအား လိုအပ်သည့် ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများ ဆောင်ရွက် ပေးလျက်ရှိရာ ယနေ့တွင်လည်း ခွဲစိတ်ကုသမှုဆိုင်ရာ ရောဂါ၊ သွားနှင့် ခံတွင်းရောဂါ၊ အရိုး အကြောရောဂါ၊ အစာအိမ်ရောဂါ၊ မျက်စိရောဂါ၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ၊ သားဖွား မီးယပ်ရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် -ကျန်းမာရေး စစ်ဆေးကုသပေး ခြင်းများကို ဆက်လက်ဆောင် ရွက်ပေးပြီး ခွဲစိတ်ကုသရန်လိုအပ် သော လူနာများအား ခွဲစိတ်ကုသ ပေးခြင်းများ ဆောင်ရွက်ပေး ခဲ့သည်။

အလားတူ မန္တလေးတိုင်း ဒေသကြီး သာစည်မြို့နယ် ညောင်ရမ်း တိုက်နယ်ဆေးရုံရှိ ဆရာဝန်များနှင့် သူနာပြုများ သည် ၎င်းတို့၏ လုပ်ငန်းတာဝန် များကို ထမ်းဆောင်ခြင်းမရှိဘဲ တာဝန်များ ပျက်ကွက်လျက်ရှိပြီး ဒေသခံပြည်သူများက အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်သို့ အကူအညီ တောင်းခံလာခဲ့သဖြင့် ယနေ့တွင် တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မှ တပ်မတော်သားဆရာဝန် များနှင့် သူနာပြုများပါဝင်သော ဆေးအဖွဲ့ အား အဆိုပါဆေးရုံသို့ စေလွှတ်ခဲ့ရာ ရပ်မိရပ်ဖများနှင့်ဒေသခံပြည်သူများကဝမ်းမြောက် ဝမ်းသာစွာဖြင့် လှိုက်လှဲစွာ ကြိုဆို ခဲ့ကြကြောင်းနှင့် ဒေသခံပြည်သူ များ၏ ကျန်းမာရေးစောင့်ရှောက် မှုလုပ်ငန်းများကို စတင်ဆောင် ရွက်ပေးလျက်ရှိကြောင်း သတင်း ရရှိသည်။

သတင်းစဉ်