Skip to main content

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ငွေကျပ် ၁ ဒသမ ၀၂ ဘီလီယံ တန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြားများဖမ်းဆီးရမိ

နေပြည်တော်၊ မတ် ၂၇ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ငွေကျပ် ၁ ဒသမ ၀၂ ဘီလီယံ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် သတင်းအရ မတ် ၂၆ ရက် ညနေ ၅ နာရီတွင် ကျိုက်ထိုမြို့နယ်၊ ရန်ကုန်-မော်လမြိုင် သွားကားလမ်း၊ မိုင်တိုင်အမှတ် ၉၇ အနီးတွင် စစ်တောင်းတံတားဘက်မှ ကျိုက်ထိုဘက်သို့ ယားဘို(၄၉)နှစ် မောင်းနှင်လာသည့် Hilux SURF မော်တော်ယာဉ်ကို ရှာဖွေစစ်ဆေးရာ မော်တော် ယာဉ်၏ကိုယ်ထည်အတွင်း ထည့်သွင်းသယ်ဆောင်လာသည့် ငွေကျပ် ၁ ဒသမ ၀၂ ဘီလီယံ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၃၄၀,၀၀၀ သိမ်းဆည်းရမိခဲ့ကြောင်း၊ စစ်ဆေးပေါ်ပေါက်ချက်အရ သိမ်းဆည်းရမိသော စိတ်ကြွရူးသွပ်ဆေးပြားများအား ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျေးသီးမြို့နယ်၊ ဝမ်ဟိုင်းကျေးရွာမှ မွန်ပြည်နယ် ဘီလင်းမြို့နယ်သို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရှိရ သဖြင့် ၎င်းအား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။ (သတင်းစဉ်)