နေပြည်တော် မတ် ၂၇
(၃၁)ကြိမ်မြောက်အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် ပီတန်း အားကစားအသင်း ပထမအကြိမ်လက်ရည်စမ်းပြိုင်ပွဲကို နေပြည်တော်အားကစား လေ့ကျင့်ရေးစခန်း အတွင်းရှိ ပီတန်းလေ့ကျင့်ရေးကွင်း၌ မတ် ၂၆ ရက်နှင့် ၂၇ ရက်တို့တွင် ကျင်းပရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့် ကာယပညာဦးစီဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ဆုများချီးမြှင့်သည်။
ပြိုင်ပွဲတွင် ပီတန်းအားကစားသမား (၁၀)ဦးဝင်ရောက်ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲ အမျိုးအစားအဖြစ် Shooting အားကစားပြိုင်ပွဲတွင် ပထမဆုရရှိသော မောင်ဝင်းသူရှိန်ထွန်းအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် က လည်းကောင်း၊ ဒုတိယဆုရရှိသော မခင်ချယ်ရီသက်အား အားကစားနှင့် ကာယပညာဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးက လည်းကောင်း၊ တတိယဆုရရှိသော မအေးအေးငြိမ်းအား အားကစားနှင့် ကာယပညာဦးစီဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးက လည်းကောင်း ဆုများပေးအပ် ချီးမြင့်ခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)