Skip to main content

Jan 27, 2020

မန္တလေး ဇန်နဝါရီ ၂၇

၂၀၁၉ ခုနှစ်အတွင်း မြန်မာနိုင်ငံသို့ ပြည်ပခရီးသွား ၄ ဒသမ ၄ သန်း ဝင်ရောက်သည့်အနက် မန္တလေးတိုင်းဒေသကြီးအတွင်းသို့ ပြည်ပခရီးသွား ခြောက်သိန်းရှစ်သောင်းကျော် ဝင်ရောက် ခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန၏ စာရင်းများအရ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jan 27, 2020

ရန်ကုန် ဇန်နဝါရီ ၂၆

သမဝါယမတက္ကသိုလ်(သန်လျင်)၏ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်အတွက် သတ္တမအကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်းအနားကို ဇန်နဝါရီ ၂၅ ရက် နံနက် ၉ နာရီတွင် ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပခဲ့သည်၊၊

အပ်နှင်းချီးမြှင့်

ဆက်လက်ဖတ်ရှုရန်

Jan 27, 2020

ရန်ကုန် ဇန်နဝါရီ ၂၆

ဆံတော်ရှင်ဆူးလေစေတီတော် (၁၀၈)ကြိမ် မြောက် ဗုဒ္ဓပူဇနိယပွဲတော်အောင်ပွဲနှင့် ဆွမ်းဆန် စိမ်းလောင်းလှူပူဇော်ပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ ၃ နာရီတွင် အဆိုပါ စေတီတော် ရင်ပြင်ရှိ ကျက်သရေဆောင်ခန်းမ၌ ကျင်းပ သည်။

အခမ်းအနားတွင် နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ အကျိုးတော်ဆောင်ချုပ် အဂ္ဂမဟာ ပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ သန်လျင် မင်းကျောင်းဆရာတော် ဘဒ္ဒန္တစန္ဒိမာဘိဝံသထံ မှ ဂေါပကအဖွဲ့ဝင်များ၊ ဘာသာရေးဝတ်အသင်း အဖွဲ့များနှင့် စေတနာရှင် အလှူရှင်များက ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်၊ သံဃာတော်များ ရွတ်ပွားသရဇ္စျာယ်ကြသည့် ပရိတ်တရားတော်များ နာယူကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 27, 2020

ယခုကာလအတွင်း ပြည်သူများအကြား စိုးရိမ်ဖွယ်ဖြစ်နေသည့် 2019 Novel Coronavirus (2019-nCoV) အဆုတ်ရောင်ရောဂါနှင့် ပတ်သက်၍ ရောဂါကြိုတင်ကာကွယ် နှိမ်နင်းရေးလုပ်ငန်းများ ဆောင်ရွက်နေကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် အဆိုပါရောဂါ မဖြစ်ပွားသော်လည်း မဖြစ်မီက ကြိုတင် ကာကွယ်တားဆီးခြင်းဖြင့် ပြည်သူများ စိတ်ချလက်ချ နေနိုင်ရန် ဆောင်ရွက်နေခြင်း ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jan 27, 2020

ပညာမရှိလျှင် အမှားအမှန်ကို ခွဲခြားသိမြင်နိုင်ဖို့ ခက်၏၊ ပညာ မရှိလျှင် အကောင်းအဆိုး၊ ဓမ္မနှင့် အဓမ္မကိုလည်း ရောထွေး ရှမြင်လေ့ရှိ၏။ ယနေ့ခေတ်လို နည်းပညာထွန်းကား လာသည်နှင့်အမျှ အမှားကို အမှန်ကဲ့သို့ ထင်ယောင်ထင်မှား ဖြစ်အောင် လုပ်နိုင်လာသည့်အခါ၊ မတရားမှုကို တရားမှုကဲ့သို့ သတင်းနှင့် အချက်အလက်များကို ပြုပြင်မွမ်းမံလာနိုင်သည့် အခါ၊ ထိုသို့ အမှားအမှန်တို့ကို ရှုပ်ထွေးအောင် လုပ်ဆောင် ရာ၌လည်း အတုတို့သည် တကယ့် အမှန်အစစ်ထက်ပင် တူနေ သယောင် ပြုပြင်ဖန်တီးနိုင်လာကြသည့်အခါ စဉ်းစားချင့်ချိန်မှု နှင့် ပညာ၏အခန်းကဏ္ဍက ပိုမိုအရေးကြီးလာပါသည်။ ပညာမရှိလျှင် အတုကို အတုမှန်းမသိနိုင်။ ပညာရှိမှသာ အမှားကိုသိကာ အမှန်ကိုဆ

ဆက်လက်ဖတ်ရှုရန်

Jan 27, 2020

နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဗဟို ကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဇန်နဝါရီလ ၂၁ ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီး နန်းယွန်းမြို့နယ် စုပေါင်းရုံးခန်းမ၌ ဒေသခံပြည်သူများနှင့်တွေ့ဆုံစဉ် "တစ်ယောက်ချင်း၊ တစ်ယောက်ချင်းဟာ နိုင်ငံအတွက်အရေးပါပါတယ်။ နိုင်ငံရဲ့ အင်အားဆိုတာ ဟာ တစ်ယောက်ချင်း၊ တစ်ယောက်ချင်းရဲ့ အင်အားနဲ့ စုထားတာပါ" ဟု ပြောကြားချက်ကို သတိပြုမိသည်။

ဆက်လက်ဖတ်ရှုရန်

Jan 27, 2020

မည်သည့်နေရာဒေသသို့ ရောက်ရှိသည်ဖြစ်စေ တိုင်းရင်းသားလူမျိုးပေါင်းစုံ၊ နိုင်ငံသူ၊ နိုင်ငံသားမျိုးစုံတို့နိုင်ငံအတွင်း မှီတင်းနေထိုင်ကြရာ၌ တစ်ယောက်နှင့်တစ်ယောက်၊ အသိုက်အဝန်းတစ်ခုနှင့်တစ်ခု ချစ်ချစ်ခင်ခင်အတူ လက်တွဲနေထိုင်ကြသည်ကို မြင်တွေ့ရသည်မှာ ဂုဏ်ယူဖွယ်ဖြစ်သလို ဝမ်းမြောက်ဖွယ်လည်း ကောင်းလှပါသည်။ ယင်းနှင့်ပတ်သက်၍ နိုင်ငံအတွင်း စုစုစည်းစည်း၊ ချစ်ချစ်ခင်ခင်နေထိုင်ခြင်းသည် နိုင်ငံ၏အင်အား ဖြစ်သလို အနာဂတ်ကို တည်ဆောက်ရမည့် ပြည်ထောင်စုကြီး၏ အခြေခံစိတ်ဓာတ်ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ဇန်နဝါရီလ ၂၃ ရက်နေ့တွင် တမူးမြို့သို့ရောက်ရှိစဉ် ပြောကြားခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jan 27, 2020

စည်းလုံးခြင်းသည် အင်အားဖြစ်သည်။ နိုင်ငံတစ်နိုင်ငံ အဖို့မူ စည်းလုံးခြင်းမှ ရရှိအပ်သည့် အင်အားသည် နိုင်ငံကို တည်ဆောက်ရန်နှင့် နိုင်ငံကို ကာကွယ်ရန်တို့အတွက် မရှိမဖြစ် လိုအပ်သည်။ မိမိတို့နိုင်ငံသည် ပြည်ထောင်စုနိုင်ငံ ဖြစ်သည်။ မတူကွဲပြားသည့် တိုင်းရင်းသား လူမျိုးများ နှစ်ပရိစ္ဆေဒ ကြာမြင့်စွာကတည်းက အတူနေထိုင်ခဲ့ကြသည့် နိုင်ငံလည်း ဖြစ်သည်။ စုစည်းညီညွတ်စွာ၊ တစ်စည်းတစ်လုံးတည်း၊ အေးအတူပူအမျှ နေထိုင်ခဲ့ကြခြင်းဖြစ်သည့် အလျောက် တစ်မြေတည်းနေ၊ တစ်ရေတည်းသောက် ဟူ၍လည်း တင်စားကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 26, 2020

တိုင်းရင်းသားလူမျိုးစုံဖြင့် ဖွဲ့စည်းထားသည့် နိုင်ငံတစ်နိုင်ငံအနေဖြင့် နိုင်ငံသားများအားလုံးတွင် ပြည်ထောင်စုစိတ်ဓာတ်ရှိခြင်းဖြင့် နိုင်ငံထူထောင် ရေးကို တက်ညီလက်ညီ ဝိုင်းဝန်းဆောင်ရွက်နိုင်မည်ဖြစ်၏။ ပြည်ထောင်စုစိတ်ဓာတ်ဟူသည် နိုင်ငံသားအားလုံးအတူတကွ စုစုစည်းစည်း ညီညီညွတ်ညွတ်ဖြင့် အေးအတူစံစား၊ ပူအမျှခံစားရင်း ကိုယ့်နိုင်ငံကို ကြိုးပမ်းထူထောင်ကြမည် ဆိုသည့် သဘောထားပေါ်တွင် အခြေခံ၏။

ဆက်လက်ဖတ်ရှုရန်

Jan 26, 2020

နေပြည်တော်    ဇန်နဝါရီ   ၂၆

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အို စောင့်ရှောက်ရေး အဖွဲ့ (မြန်မာ) (HelpAge International Myanmar)တို့ ပူးပေါင်း ဆောင်ရွက်ခဲ့သည့်  ပြည်သူ့ကျန်းမာရေး စွမ်းဆောင်ရည် မြှင့်တင်မှုစီမံချက် လုပ်ငန်းရလဒ်များ ရှင်းလင်း တင်ပြမှု အလုပ်ရုံဆွေးနွေးပွဲကို ဇန်နဝါရီ ၂၅ ရက် နံနက်ပိုင်းတွင် ပြည်သူ့ကျန်းမာရေး တက္ကသိုလ် (ရန်ကုန်)၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 26, 2020

ရန်ကုန် ဇန်နဝါရီ ၂၆

၂၀၂၀ ပြည့်နှစ် တရုတ်ရိုးရာ နှစ်သစ်ကူးပွဲတော် ဆွမ်းဆန်စိမ်း လောင်းလှူပွဲနှင့် ရေစက်ချ အလှူတော်မင်္ဂလာ အခမ်းအနားကို ယနေ့ မွန်းလွဲ ၃ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး လသာမြို့နယ်နှင့် မဟာဗန္ဓုလလမ်းထောင့်ရှိ ယာယီမင်္ဂလာ မဏ္ဍပ်၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 26, 2020

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို မန်းရွှေစက်တော် ဘုရားပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းများ ကွင်းဆင်းကြည့်ရှု စစ်ဆေး

မင်းဘူး  ဇန်နဝါရီ  ၂၆

မကွေးတိုင်းဒေသကြီး၊ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးများသည် မန်းရွှေစက်တော် ဘုရားပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်း များ ကွင်းဆင်းကြည့်ရှု စစ်ဆေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီ အချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jan 26, 2020

ပြည် ဇန်နဝါရီ ၂၆

ဇန်နဝါရီလ (၂၅) ရက်နေ့၊ နံနက်(၉) အချိန်က ပြည်မြို့နယ်၊ ပေါင်းတလည်မြို့၊ ကုန်းဇင်းကျောင်းရွာ သဒ္ဓမ္မမဉ္ဇီကျောင်းတိုက် ၌ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲပြုလုပ်သည်။

ဆက်လက်ဖတ်ရှုရန်

Jan 26, 2020

မြဝတီ ဇန်နဝါရီ ၂၆

ကရင်ပြည်နယ်၊ မြဝတီမြို့ သောင်းရင်းခန်းမတွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာ သော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပထမအကြိမ် ထောက်ပံ့ငွေများ ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ ညနေ ၄ နာရီ အချိန်က ကျင်းပခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jan 26, 2020

မန္တလေး ဇန်နဝါရီ ၂၆

မန္တလေးတိုင်းဒေသကြီး ဥပဒေချုပ်ရုံးဝန်ထမ်းအိမ်ရာသစ်ဖွင့်ပွဲကို မန္တလေးမြို့၊ ၃၄လမ်းနှင့် ၃၅လမ်း ကြား၊ ၆၃လမ်းနှင့် ၆၄လမ်းကြားရှိ တိုင်းဒေသကြီးဥပဒေချုပ်ရုံးတွင် ယနေ့ နံနက် ၉ နာရီ က ကျင်းပပြုလုပ်သည်။

ဆက်လက်ဖတ်ရှုရန်

Jan 26, 2020

သီပေါ ဇန်နဝါရီ ၂၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် စည်ပင်သာယာရေး ကော်မတီနှင့် ရှမ်းပြည်အလှ ကုမ္ပဏီလီမိတက်တို့ ပူးပေါင်းဆောင်ရွက်သော သီပေါမြို့နယ်၊ နမ့်လန်ကျေးရွာ အာစီ(၂)ထပ်စျေးသစ်ဖွင့်ပွဲ အခမ်းအနားကို  ယနေ့နံက်(၁၁)နာရီအချိန်က အဆိုပါစျေးသစ်ကြီးတွင် ကျင်းပ ပြုလုပ်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jan 26, 2020

ရန်ကုန် ဇန်နဝါရီ ၂၅

Film & Television Lawyer Mr.Morris Averill ၏ ရုပ်ရှင်နှင့် ရုပ်မြင်သံကြားလုပ်ငန်းများဆိုင်ရာ စာချုပ်စာတမ်းများ၊ မူပိုင်ခွင့်နှင့် အခွင့်အရေးများနှင့် ပတ်သက်၍ ဆွေးနွေးပွဲတစ်ရပ်ကို ယနေ့ မွန်းလွဲပိုင်းက ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေတောင်ကြားလမ်း အမှတ်(၅၀) အနုပညာ ရပ်ဝန်းရှိ ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေးစင်တာ (FDC) သင်တန်းခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 26, 2020

ရန်ကုန် ဇန်နဝါရီ ၂၅

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဝူဟန်မြို့တွင် ဖြစ်ပွားလျက်ရှိသော နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရန်ကုန်တိုင်းဒေသကြီးတွင် ရောဂါဖြစ်ပွားသည့်လူနာမတွေ့ရှိသေးကြောင်းနှင့် ရောဂါ ဖြစ်ပွားသည့် လူနာတွေ့ရှိပါက အချိန်မီကုသနိုင်ရန် မြောက်ဥက္ကလာပ ဝေဘာဂီဆေးရုံကြီးတွင် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ ကျန်းမာရေး နှင့် ကုသရေးဦးစီး ဌာနမှ သိရသည်။

ရောဂါဖြစ်ပွားတဲ့လူနာမရှိသေး

ဆက်လက်ဖတ်ရှုရန်

Jan 26, 2020

မန္တလေးမြို့အောင်မြေသာစံမြို့နယ် အနှိပ်တော်ရပ်ကွက် ၁၉ လမ်းနှင့် လမ်း ၂၀ ကြားရှိ နန်းတော်ရှေ့နယ်လုံးဆိုင်ရာ စာကြည့်သင်း၏ ရာပြည့်အထိမ်းအမှတ်ပွဲတော်ကို ဇန်နဝါရီ ၂၃ ရက်မှ ၂၇ ရက်အထိ နန်းတော်ရှေ့ဘောလုံးအားကစားကွင်း အတွင်း စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိသည်။ အဆိုပါအသင်းကြီးကို ၁၉၂၀ ပြည့်နှစ်တွင် ဆရာကြီးဦးရာဇတ်၊ နန်းတော်ရှေ့ဆရာတင်တို့နှင့်အတူ နန်းတော်ရှေ့ဒေသခံများ ဦးဆောင်ဖွဲ့စည်းတည်ထောင်ခဲ့ပြီး မန္တလေးမြို့ရှိ စာကြည့်သင်း များအနက် မှတ်ပုံတင်အမှတ်စဉ်(၁)အဖြစ် ဖွင့်လှစ်ခဲ့သည့်အပြင် စာပေ၊ ဂီတ၊ အနုပညာအသိုင်းအဝိုင်းများ၊ နန်းတော်ရှေ့ဒေသခံများ၊ အလှူရှင်များ၊ မန္တလေးမြို့ရှိစာကြည့်အသင်းများ၏ ပူးပေါင်းပါ

ဆက်လက်ဖတ်ရှုရန်