နေပြည်တော် ဧပြီ ၂ဝ
ဆူပူအကြမ်းဖက်သူများ အသုံးပြုလျက်ရှိသည့် လက်နက်များနှင့် ပစ္စည်းများ သိုဝှက်ထားမှုနှင့် ကိုင်ဆောင် မှုများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်ဆေးရှာဖွေသတင်းထုတ် ဖမ်းဆီးထိန်းသိမ်း ခြင်းများ ဆောင်ရွက်လျက်ရှိသည်။ ။
သိမ်းဆည်းရမိ ထိုသို့ ဆောင်ရွက်ခဲ့ရာ ဧပြီ ၁၉ ရက် နံနက် ၉ နာရီခွဲတွင် လှိုင်မြို့နယ် အမှတ်(၁၂)ရပ်ကွက် လှိုင် တက္ကသိုလ်ဝင်းအတွင်းရှိ “ဇွဲကပင်” အဆင်အတွင်း မှ ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ် သပြေကုန်းကျေးရွာနေ မျိုးမြတ်ဇော်(၂)နှစ် (ဘ) ဦးဝင်းမောင်ပါ အမျိုးသား နှစ်ဦးအား လေးခွ တစ်လက်၊ ဓာတ်ငွေ့ကာ နှစ်ခု၊ ဖိုက်ဘာဦးထုပ် ငါးလုံး၊ ဆူပူအကြမ်းဖက်မှုတွင် အသုံးပြုသည့် ပစ္စည်းများဖြင့် လည်းကောင်း၊ နံနက် ၁၀ နာရီတွင် မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ် လက်ဆည်ကန်ကျေးရွာ ရန်ကုန်-မန္တလေး လမ်းဟောင်းဘေးနေ သိန်းဇော် (၃၆)နှစ် (ဘ) ဦးမြင့်သိန်း၏ “ဇော်”ကားက်မှတ်အရောင်းဆိုင်မှ သိန်းဇော်အား ဓာတ်ဆီ တစ်ဘူး၊ မီးကွင်း လေးခု၊ နိုင်ငံတော်ဆန့်ကျင်ရေးစာသားများ ရေးသားထား သည့်ဗီနိုင်း တစ်ခုဖြင့်လည်းကောင်း၊ ပဲခူးတိုင်းဒေသ ကြီး မိုးညိုမြို့နယ်ရွှေသောင်ကျေးရွာနေ သန်းအောင် စိုး (၅၅)နှစ် (ဘ) ဦးစံဖြူ အား ဂျင်ကလိ ၁၄ ချောင်း၊ ဓားမြှောင် တစ်ချောင်း၊ လှံတစ်ချောင်း၊ မှိန်း သုံးချောင်း၊ သေနတ်ပုံသစ်သားကိုယ်ထည် တစ်ခု၊ သတ္တုပြောင်း ခြောက်ခု UECရွေးကောက်ပွဲ ဆန္ဒပြု တံဆိပ်တုံး တစ်ခု၊ ဆူပူဆန္ဒပြရာတွင် အသုံးပြုသည့် အခြားဆက်စပ်ပစ္စည်းများဖြင့် လည်းကောင်း နံနက် ၁ နာရီ မိနစ် ၄၀ တွင်လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် အမှတ်(၂၃)ရပ်ကွက် မိုးကုတ်လမ်း ကမာကြည်တံတားအဆင်း၌ ယဉ် များ အား စစ်ဆေး ဆောင်ရွက်နေစဉ် သာကေတ မြို့နယ်ဘက်မှ ဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ဘက် သို့ ဒဂုံမြို့ (ဆိပ်ကမ်း)မြို့နယ်နေ ပြည့်စုံ(၂ဝ)နှစ် (ဘ) ဦးမြင့်ဦး မောင်းနှင်ပြီး ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် (၂၁)ရပ်ကွက်နေ သိန်းစိုး (၂ဝ)နှစ် (ဘ) ဦးတင်မောင် လိုက်ပါလာသော ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရာ ပြည့်စုံ၏ပုဆိုးခါးပိုက်အတွင်းမှ ယမ်းကြိုး ဆု ချောင်း၊ ယမ်းမီးခြစ်ဘူး ငါးဘူးအား သိမ်းဆည်းရမိခဲ့ပြီး ဆက်စပ်ဖော်ထုတ်ချက်အရ သင်္ဃန်းကျွန်းမြို့နယ်နေ နွေဦး(စိစစ်ဆဲ)၏ နေအိမ် အား သွားရောက်ရှာဖွေခဲ့ရာ နေအိမ်အတွင်းမှ လက်လုပ်သေနတ် တစ်လက်၊ ဓား တစ်ချောင်း၊ ယမ်းကြိုး အချောင်း ၁၁၀ ၊ စတီးဘောစေ့ ၉၄ လုံး၊ လေးခွ နှစ်လက်ဆော်ဆီတစ်ဂါလန်ဖိုက်ဘာဦးထုပ် နှစ်လုံး၊ ဓာတ်ငွေ့ကာတစ်ခုနှင့် အခြားဆက်စပ် ပစ္စည်းများဖြင့် လည်းကောင်း၊ မွန်းလွဲ ၁ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့မရဲစခန်းမှ ၅၀၅-က အမှုဖြင့် အမှုဖွင့်လှစ်ခံထားရပြီး တိမ်းရှောင်နေသူ သုံးခွမြို့ အမှတ်(၇)ရပ်ကွက်နေ ကိုကိုဇင်လင်း (၃၃) နှစ် (ဘ)ဦးခင်မောင်သည် သုံးခွမြို့နယ် အမှတ်(၅) ရပ်ကွက်ရှိ မဟာစည်သာသနာ့ရိပ်သာသို့ ရောက်ရှိ နေကြောင်း သတင်းအရ သွားရောက်ဖမ်းဆီးခဲ့ရာ ကိုကိုဇင်လင်းအား Porter ယာဉ် တစ်စီးနှင့်အတူ | Laptop တစ်လုံး၊ လက်ကိုင်ဖုန်း နှစ်လုံး၊ Memory Stick တစ်ခု၊ ပင်နီတိုက်ပုံ ၄၈ ထည် NLD တံဆိပ်ပါ ဦးထုပ် ငါးလုံး၊ လက်သုံးချောင်းထောင်ပုံပါ ခမောက် နှစ်လုံး၊ CDM Teacher တံဆိပ်ပါရင်ထိုး ၁၉၀၊ NLD စာတန်းနှင့် ခွပ်ဒေါင်းတံဆိပ်ပါ အကျီ ငါးထည်၊ ဟန်းစပီကာ သုံးလုံး၊ နိုင်ငံတော်ဆန့်ကျင်ရေး စာသားများ ရေးသားထားသော ဗီနိုင်း ၈၄ ခုဖြင့် လည်းကောင်း၊ ညနေ ၄ နာရီခွဲတွင် ရန်ကုန်တိုင်း သေကြီးသင်္ဃန်းကျွန်းမြို့နယ် ရန်ကုန်သစ်ရပ်ကွက် ရှိ မျိုးသက်နိုင် (ခ) ကုလား (၃၇)နှစ် (ဘ)ဦးမျိုးသိန်း ၏ နေအိမ်အတွင်းမှ စတီးဒိုင်း ၂၆ ခု၊ မီးစတပ်ဆင် ထားသော မီးပုလင်း၃၁ ပုလင်း၊ နိုင်ငံတော်ဆန့်ကျင် ရေးစာသားများ ရေးသားထားသော ဗီနိုင်းစငါးခုတို့ ကိုလည်းကောင်း၊ ညနေ ၅ နာရီခွဲတွင် ရန်ကုန်တိုင်း ဒေသကြီး တာမွေမြို့နယ် ကျားကွက်သစ်ရပ်ကွက် ဓမ္မဝိဟာရလမ်း အမှတ်(၄၀) အခန်း A-2 ပထမထပ် တွင် နေထိုင်သော ရွှေဖြူ (စိစစ်ဆဲ)၏ နေအိမ် အတွင်းမှ တာမွေမြို့နယ် ကျားကွက်သစ်နေ အေးမောင်(ခ)မောင်ပေ (၁၇)နှစ် (ဘ) ဦးတော်အား ကျည်ကာအင်္ကျီငါးထည်၊ ဆန့်ကျင်စာသားများ ရေးသားထားသော ဗီနိုင်းဆိုင်းဘုတ်များ၊ မီးရှူး မီးပန်းတစ်ခု၊ ဖိုက်ဘာဦးထုပ် သုံးလုံး၊ ဟန်းစပီကာ လေးလုံး၊ G-Z အတွက် ထောက်ပံ့ကြေးငွေဟု ရေးသားထားသော စာအိတ်သုံးအိတ် အခြား ဆက်စပ်ပစ္စည်းများဖြင့်လည်းကောင်း၊ ညနေ ၆ နာရီခွဲ တွင် တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့ ရွှေပြည်သာရပ်ကွက်နေ သန်းတင်စိုး(၄၃)နှစ် (ဘ) ဦးဟာရောက်၏ နေအိမ်၌ ၎င်း၏ ဇနီးဖြစ်သူ သီသီခိုင် (ခ) သီခိုင်(၄၄)နှစ် (ဘ) ဦးထွန်းသိန်းအား ယမ်းကတ် ၁၀၀၊ မီးရှူးမီးပန်း ၂ ချောင်း၊ မီးကြယ် အချောင်း ၁၅၀၊ ကြက်သွန်ဖြူကြောက်အိုး ၆၃ ထုပ်၊ ဗြောက်အိုးမျိုးစုံ ၂၀၄၀ တို့ဖြင့်လည်းကောင်း၊ ညနေ ၆ နာရီခွဲတွင် မကွေးတိုင်းဒေသကြီး ကံမမြို့နယ် သက္ကယ်မောင်ကျေးရွာနေ စန်းဦး(၅၇)နှစ် (ဘ) ဦးကျော်မြင့်၏ နေအိမ်မှ စန်းဦးပါ အမျိုးသား ငါးဦးအား လက်လုပ်သေနတ် ရှစ်လက်နှင့်လည်း ကောင်း၊ သန့်ဇင်ဖြိုး(စိစစ်ဆဲ)၏ နေအိမ်မှ လက်လုပ်သေနတ်သုံးလက်၊ လေထိုးတံနှစ်ချောင်း နှင့် ဆက်စပ်ပစ္စည်းများကို လည်းကောင်း၊ ကျေးရွာ အပြင် ကောက်ရိုးပုံတစ်ခုအနီးမှ လက်လုပ်သေနတ် တစ်လက်ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
အလားတူ ယနေ့ နံနက် ၅ နာရီတွင် တနင်္သာရီ တိုင်းဒေသကြီးထဝယ်မြို့ ဝဲကျွန်းထိန်သစ်ရပ်ကွက် နေယဉ်ကြည် (၄၁)နှစ် (ဘ) ဦးဥဏ်စိန်၏ နေအိမ် အတွင်းမှ ယဉ်ကြည်နှင့်အတူ တစ်ရပ်ကွက်တည်း နေ ကောင်းမြတ်ဦး (ခ)ကင်း(၂၅)နှစ် (ဘ)ဦးသန်းတို့ နှစ်ဦးအား ဆူပူအကြမ်းဖက်ရာတွင် သုံးပြုသည့် ပစ္စည်းများဖြင့်လည်းကောင်း၊ မန္တလေးတိုင်းဒေသ ကြီး ချမ်းမြသာစည်မြို့နယ်မြို့သစ်(၃)ရပ်ကွက် ၆၄ လမ်း ၁၇ (A) လမ်းထောင့်နေ သန်းရွှေ(ခ) ကျားနှင့် ၏ နေအိမ်အတွင်းမှ ပစ္စတိုသေနတ် တစ်လက်၊ ၉ မမကျည် ၁၃ တောင့်၊ ၎င်းကျည်အိမ်နှစ်ခုနှင့်အတူ အခြားဆက်စပ်ပစ္စည်းများကို လည်းကောင်း၊ နံနက် ၈ နာရီ မိနစ် ၅၀ တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင် သော ပူးပေါင်းအဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး လသာမြို့နယ် အမှတ်(၁)ရပ်ကွက် ကမ်းနားလမ်းနှင့် (၁၈)လမ်းထိပ်တွင် ယာဉ်စစ်ဆေး ပိတ်ဆို့ဆောင်ရွက် နေစဉ် ပန်းဘဲတန်းမြို့နယ်ဘက်မှ လသာမြို့နယ် ဘက်သို့ ကမ်းနားလမ်းအတိုင်း မောင်းနှင်လာသော ( တွံတေးမြို့နယ် ဈေးသစ်ရပ်ကွက်နေ နေခြည်ဝင်း (၄၃)နှစ် (ဘ) ဦးမောင်ဝင်း မောင်းနှင်လာသော YGN SM-5839 Alphard W980: 8:0dccep ယာဉ်အတွင်းမှ နိုင်ငံတော်ဆန့် ကျင်ရေးစာသားများ ရေးသားထားသော လက်ကမ်းစာစောင် ၁၄၀၀ ၊ နိုင်ငံတော်ဆန့်ကျင်ရေးစာသားပါ ဗီနိုင်း လေးခု နှင့် အခြစာရွက်စာတမ်းများဖြင့် လည်းကောင်း၊ နံနက် ၉ နာရီခွဲတွင် ရန်ကုန်တိုင်းဒေသကြီး ပုဇွန်တောင် မြို့နယ် အမှတ် (၇)ရပ်ကွက် ရေကျော်လမ်း အမှတ် (၆၃)ရှိ CB ဘဏ်နောက်ကျော မဟာဇေယျလမ်း လမ်းကြားတွင် ကော်ပိုက်ဖြင့် ပြုလုပ်ထားသော ( လက်လုပ်ဗုံး ၁၆ လုံးနှင့် မီးလောင်ကျွမ်းထားသည့် လက်လုပ်ဗုံး တစ်လုံးတို့ကိုလည်းကောင်း၊ နံနက် ၉ နာရီခန့်တွင် ဗဟန်းမြို့နယ် ဗိုလ်စိန်မှန်လမ်း နှင့် ဗိုလ်တေဇလမ်းထောင့်ရှိ နေအိမ်၌ နီနီခိုင်(ခ)မမိုး (၅၃)နှစ်(ဘ)ဦးမြင့်ပါ အမျိုး သား လေးဦးတို့ကို လက်ပစ်ဗုံးနှစ်လုံး၊ လက်လုပ်ဗုံးမျိုးစုံ ခုနစ်လုံးနှင့် ဆူပူအကြမ်းဖက်ရာတွင် အသုံးပြုသည့်ပစ္စည်းများ ဖြင့်လည်းကောင်း၊ မဟာအောင်မြေမြို့နယ် ၈၆လမ်း၊ ၃၉ လမ်းနှင့် လမ်း ၄၀ ကြားရှိ တောင်ခွင်မင်းကြီး ကျောင်းတိုက်အတွင်းရှိ နေအိမ်တွင်းမှ လက်လုပ် မိုင်းများနှင့် ဆူပူအကြမ်းဖက်ရာတွင် အသုံးပြုသည့် ပစ္စည်းများဖြင့် လည်းကောင်း၊ နံနက်၁ နာရီခန့်တွင် မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ် ကုက္ကိုစုရပ်ကွက် ၃၉ လမ်းနှင့် လမ်း ၄၀ အကြား၊ ၈၆ လမ်းနှင့် ၇၈ လမ်းကြား တောခွင်တိုက်ပိုင် ခေမာရဘုရား၏ အနောက်မြောက်ထောင့်ရှိ အုတ်တံတိုင်းအနီးရှိ မြေကျင်းများအတွင်းမှ လက်လုပ်သေနတ်ငါးလက်၊ လက်လုပ်မိုင်း ၁၆ လုံး၊ ဝါးဆစ်တုတ်၂၃ ချောင်း၊ မီးသတ်ဆေးဘူး ကိုးဘူး၊ ဂက်စ်အိုး တစ်လုံး၊ မီးရှူးမီးပန်း ခုနစ် ခုကျည်ကာ အကျီ ၁၀ ထည်၊ ဒူးလေးတစ်လက်၊ ဓားရှည် နှစ်ချောင်း၊ ယမ်းထုပ် ၁၄ ထုပ်၊ ကန့်လေးထုပ်၊ စပ်ထားသော ယမ်းတစ်ထုပ်၊ မီးစာတပ်ဆင်ထား သော ဓာတ်ဆီပုလင်း ၂၀၀၊ သေနတ်ဒင် သုံးခု၊ ဂျင်ကလိ၇၀၀ ၊ ဓာတ်မြေသြဇာတစ်ထုပ်၊ နိုင်ငံတော် ဆန့်ကျင်ရေး စာသားပါ ဆိုင်းဘုတ် ၁၆ ခုနှင့် အခြား ဆက်စပ်ပစ္စည်းများလည်းကောင်း သိမ်းဆည်းရမိ ခဲ့သည်။
ဖမ်းဆီးရမိ ထို့အတူ ဧပြီ ၁၇ ရက် ည ၁၀ နာရီခွဲခန့်တွင် စမ်းချောင်းမြို့နယ် လင်းလွန်းတောင်ရပ်ကွက် ကြည့်မြင်တိုင်မီးရထားဝင်နေဖောက်ခွဲရေးသင်တန်း တက်ရောက်ရန် အမည်စာရင်းပေးထားသည့် ရဲဇာနည်မင်း (ဘ) ဦးဇော်မင်းအား ၎င်း၏နေအိမ်၌ လည်းကောင်း၊ မင်္ဂလာဒုံမြို့နယ် (၁/က) ရပ်ကွက် ဘူတာရုံလမ်းနေ ဆူပူဆန္ဒပြမှုတွင် ပါဝင်သူ ဇော်မင်းဦး(ဘ) ဦးအောင်ကြည်အား ၎င်း၏နေအိမ်၌ လည်းကောင်း၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် (၁၁၈)ရပ်ကွက် အောင်သပြေလမ်းနေ ဆူပူဆန္ဒပြသူ ရဲထွန်း(ဘ)ဦးငွေကြည်နှင့် ဇနီးဖြစ်သူ ဒေါ်လွန်း ချွန်း (ဘ)ဦးဒိုင်ရီတို့ နှစ်ဦးအား နေအိမ်၌ လည်းကောင်း ဖမ်းဆီးရမိခဲ့သည်။
ဆက်လက်ဆောင်ရွက်လျက်ရှိ အထက်ပါဖြစ်စဉ်များမှ ဖမ်းဆီးရမိသူများ၊ ဆူပူအကြမ်းဖက်ရာတွင် အသုံးပြုမည့် လက်နက် ပစ္စည်း ကိရိယာများအား လက်ဝယ်ထားရှိသူများနှင့် သိုဝှက်သိမ်းဆည်းထားရှိသူများအား ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်