နေပြည်တော် ဧပြီ ၂၀
ကချင်ပြည်နယ် ဗန်းမော်မြို့နယ်တွင် ငွေကျပ်သိန်း ၁၉၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ သည် ယနေ့နံနက် ၉ နာရီခွဲတွင် သတင်းအရ ဗန်းမော်မြို့နယ် နမ့်ဖာရပ်ကွက် ဗန်းမော်-မြစ်ကြီး နား သွားကားလမ်းတွင် ဗန်းမော်မှ မြစ်ကြီးနား ဘက်သို့ ဇယ်လွမ်း(၃၆ နှစ်) မောင်းနှင်လာသည့် ပါကျဲရိုးအမျိုးအစား မော်တော်ယာဉ်ကို ရှာဖွေရာ ယာဉ်၏ ဆီတိုင်ကီအတွင်းမှ ဆပ်ပြာခွက် ၁၀၂ခွက် ဖြင့်ထည့်လျက် ဘိန်းဖြူ ၁ ဒသမ ၀၂ ကီလိုနှင့် စိတ်ကြွရူး သွပ်ဆေးပြား ၁၁၈၉၅၀ (ဒေသတန်ဖိုး ငွေကျပ်သိန်း ၁၉၈၈ ဒသမ ၂၅ သိန်း) တို့ကို သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေး ပေါ်ပေါက်ချက်အရ သိမ်းဆည်းရမိ မူးယစ်ဆေး ဝါးများကို ရှမ်းပြည် နယ်(မြောက်ပိုင်း) ကွတ်ခိုင်မှ ကချင်ပြည်နယ် (ဝိုင်းမော်)သို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ် ကြောင်းသိရှိရသဖြင့် ၎င်းအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်း လဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူ များအား စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်