Skip to main content

၉-၄-၂၀၂၁ ရက်နေ့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့နှင့် သတင်းမီဒီယာ များပြုလုပ်သည့် သတင်းစာရှလင်းလင်းပွဲမှတ်တမ်း

(၁၅--၂၀၂၁ ရက်နေ့မှအဆက်)

၆၁။ ခေတ်ပုံရိဝ်သတင်းဂျာနယ်မှ ဦးမောင်မောင် မြင့်က ယခုအမှတ်စဉ် /၂၀၂၁ သတင်းစာရှင်းလင်း ပွဲကို ကြိုးစားပြီးလာခဲ့ကြောင်း၊ အစိုးရအုပ်ချုပ်ရေး အဖွဲ့မှ သတင်းမီဒီယာများအား ထုတ်ပြန်ကြေညာ ပေးခဲ့ပြီး သတင်းမီဒီယာများ၏ စီးဆင်းမှုနှင့် ပြည်သူလူထုဆီကို ကျယ်ကျယ်ပြန့်ပြန့် ရောက်ရှိ အောင် ဆောင်ရွက်ပေးသော ပွဲဖြစ်သည့်အတွက် ရောက်အောင်လာခဲ့ခြင်းဖြစ်ကြောင်း၊ မိမိအနေဖြင့် သတင်းမီဒီယာများတွင် သုံးလေ့ရှိသော စကားလည်း ဖြစ်ပြီး ပြစ်မှုဆိုင်ရာ ရာဇဝတ်မှုပုဒ်မများတွင် ကျင့်သုံးနေသော အများပြည်သူအကျိုး၊ နိုင်ငံတော် အကျိုးအလို့ငှာ ဆိုသည့်အတိုင်း အများပြည်သူ အကျိုး၊ နိုင်ငံတော်အကျိုးရှိမည့် မေးခွန်းများ မေးမြန်းသွားမည် ဖြစ်ကြောင်း၊ အုပ်ချုပ်ရေးအပိုင်း၊ မီဒီယာအပိုင်းနှင့် အများပြည်သူ အကျိုးရှိမည့် မေးခွန်းများ မေးမြန်းသွား မည်ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဖော် ဝါရီလ ရက်နေ့တွင် အုပ်ချုပ်ရေးအာဏာကို လွှဲယူခဲ့ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၁၁) တွင် ပါရှိသော အရေးပေါ်ကာလဆိုင်ရာ ပြဌာန်းချက် များအရ ပုဒ်မ ၄၁၇ ကို ရှင်းလင်းပြသခဲ့ကြောင်း၊ တပ်မတော်မှ အာဏာလိုချင်၍ သိမ်းသည်ဆိုသော အချက်ကိုသာ ပြည်သူလူထုမှ နားလည်ထားပြီး ပြည်သူလူထုနားမလည်နိုင်သော အချက်တစ်ချက် ရှိကြောင်း၊ ပုဒ်မ ၄၁၇ တွင် ပါရှိသောအချက်များအရ အုပ်ချုပ်ရေးအာဏာကို ဆူပူခြင်း၊ အကြမ်းဖက် ခြင်း၊ မတရားရယူခြင်းတို့ကြောင့် အာဏာကို  ထိန်းသိမ်းခဲ့ရသည်ဆိုသည်ကို ပြည်သူလူထု သိရှိ အောင် ကျယ်ကျယ်ပြန့်ပြန့် ရှင်းပြပေးရန်လိုပါ ကြောင်း၊ အုပ်ချုပ်ရေးတွင် နိုင်ငံတော်မှ တိုင်းဒေသကြီး၊ ပြည်နယ်များကို စီမံခန့်ခွဲ၍ အုပ်ချုပ်မှုသည် အထက် အဆင့်များတွင် အဆင်ပြေသော်လည်း  လက်ရှိအရေးပေါ်ကာလ ဖြစ်လာခဲ့သည်မှာ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်မှု အောက်ရှိ ပြည်သူ လူထုများထဲမှ ထွက်ပေါ်လာခြင်းဖြစ်ကြောင်း၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေး တွင် တည်ငြိမ်မှု မရှိ သေးကြောင်း၊ ထို့ကြောင့် ဆူပူဆန္ဒပြမှုများ များပြား ခဲ့ကြောင်း၊ ပြည်သူများ၏ ဆန္ဒပြမှုများကို အပြစ် ပြော၍ မရသကဲ့သို့ မှန်ကန်သည်ဟုလည်း မပြောလိုကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၅၄ အရ လွတ်လပ်စွာ ဆန္ဒပြခွင့်ရှိကြောင်း၊ ငြိမ်းချမ်းစွာ ဆန္ဒပြသည့်အပိုင်းတွင် ၎င်းတို့ မှန်ကန်ခဲ့ပြီးဖြစ် ကြောင်း၊ ထို့နောက်ပိုင်း အကြမ်းဖက်မှုများ၊ လက်နက်ကိုင်ဆောင်မှုများ၊ မီးရှို့သည့်အပိုင်းများ ဖြစ်လာသည့်အခါ နိုင်ငံတော်မှ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးကို တိကျခိုင်မာစွာ ဆောင်ရွက်ပေး နိုင်မည့် အခြေအနေရှိ၊ မရှိ သိလိုကြောင်း၊ မီဒီယာ အနေဖြင့် မီဒီယာကြီးမှ မဟုတ်ကြောင်း၊ နယ်ဘက် ကျေးရွာများတွင် လက်ရှိဖြစ်နေသော အကြောင်း  အရာများ အား ဖော်ပြလိုခြင်းကြောင့် စိတ်စေတနာ အပြည့်ဖြင့် ဆောင်ရွက်ပေးနေပါကြောင်း၊ အမှန် တရားအကြောင်းကို မီဒီယာကြီးတစ်ခုမှ မိမိအား မေးမြန်းဖူး ပါကြောင်း၊ အမှန်တရားသည် အများ ပြည်သူ၏ ဆန္ဒအရ၊ အများ ပတ်ဝန်းကျင်၏ လိုလားချက်အရ ဥပဒေနှင့်အညီ ဆောင်ရွက်ခြင်းသည်သာ အမှန်တရားဟု မိမိမှ ပြန်လည်ဖြေ ကြားခဲ့ကြောင်း၊ အဖြေမှန်သည်၊ မှားသည်ကို မသိပါကြောင်း၊ အမှန် တရားဆိုသည်မှာ တရားဥပဒေနှင့် ညီညွတ်ရမည် ဟု မိမိနားလည်ထားပါကြောင်း၊ မိမိနှင့် မိသားစု၊ နီးစပ်ရာ ပတ်ဝန်းကျင်အားလုံးကို ဥပဒေလေးစား လိုက်နာရန် အမြဲတိုက်တွန်းကြောင်း၊ မီဒီယာ အပိုင်းတွင် အဖွဲ့အစည်းတစ်ခု ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်အတွက် ဘုန်းတော်ဘွဲ့ အခမ်း အနား၊ ဖဲကြိုးဖြတ်သတင်းများရေးပြီး တစ်ဖက်ကို အထင်သေးစေသော၊ သိက္ခာကျစေသော၊ ထိခိုက် စေသော သတင်းများရေးသားသည့် မီဒီယာများ ရှိကြောင်း၊ ယင်းမီဒီယာများကိုလည်း အရေးယူ ပြီးဟုသိရကြောင်း၊ မိမိတို့လို မီဒီယာငယ်များ အနေဖြင့် သတင်းတစ်ချက် အရေးမှားပါက မကျေ နပ်မှုကြောင့် လုပ်ကြံမှုများ ရှိသည့်အတွက် အရေး ယူမည်ဆိုပါက မီဒီယာကောင်စီနှင့် ညှိနှိုင်း ဆောင်ရွက်ရန် အတိုင်းအတာ အနေဖြင့် မိမိတို့ မီဒီယာငယ်များကို အထောက်အကူ၊ အကာအကွယ် ပြုနိုင်သည့် စီမံချက်ရှိ/မရှိ သိလိုကြောင်း၊ အများ ပြည်သူအရေးဆိုသည်မှာ ပြည်သူလူထု အောက်ခြေ လူတန်းစားကို ပြောလိုကြောင်း၊ အများပြည်သူဟု ဆိုရာတွင် အများပြည်သူဆိုတိုင်း ဥပဒေနှင့်မညီ သောအရာ ပြုလုပ်သူတိုင်းကို ပြည်သူမှန်သည်ဟု မည်သည့် အခါမှ မရေးခဲ့ပါကြောင်း၊ တရားဥပဒေနှင့် ညီညွတ်စွာဆောင်ရွက်ပါမှ အများပြည်သူအရေးကို နိုင်ငံတော်မှ ကြည့်ရှုဆောင် ရွက်ပေးမည်ဟု ယုံကြည်  ပါကြောင်း၊ ကိုဗစ်ကာလသည် ၂၀၁၉ ခုနှစ် မတ်လမှ စပြီး တားဆီးမှု၊ ပိတ်ပင်မှုများရှိကြောင်း၊ ပြည်သူ လူထု အောက်ခြေလူတန်းစားများ အလုပ်အကိုင် အခက်အခဲများဖြစ်ခဲ့ရကြောင်း၊ အခက်အခဲဖြစ်သည့် အတွက် သွားလာမှုအပိုင်းအတွက် နံပါတ်တစ် ပြောလိုကြောင်း၊ ယခင်အစိုးရလက်ထက်တွင် ယခုကာလ အတွင်း လုပ်ငန်းရှင်ဖြစ်သော သယ်ယူ ပို့ဆောင်ရေးလုပ်ငန်းများသည် လူမပြည့်သည့် အတွက် နှစ်ခုံတစ်ယောက် ပေးရခြင်းကြောင့် နစ်နာ မှုရှိကြောင်း၊ ပြည်သူလူထုဘက်မှလည်း တစ်ခုံ နှစ်ယောက်စာပေးစီး ရသည့်အတွက် နစ်နာမှု ရှိကြောင်း၊ ပြည်သူလူထုသည် အရေးပေါ်အခြေအနေ တစ်ရပ်ကြောင့် ခါးစည်းခံရသည့် သဘော ဖြစ်ကြောင်း၊ ယင်းကိစ္စအတွက် နိုင်ငံတော်မှ စီစဉ် ပေးရန် ရှိ၊ မရှိ သိလိုကြောင်း၊ လက်လုပ်လက်စား များ အရေးပေါ်အခြေအနေကြောင့် အပြင်မထွက် ရသည်များရှိကြောင်း၊ ကိုဗစ်-၁၉ ကြောင့် အပြင် မထွက်ရသည် များလည်း ရှိပါကြောင်း၊ လက်လုပ် လက်စား၊ တစ်နေ့လုပ် တစ်နေ့စား ပြည်သူများ အလုပ်အကိုင်အခက်အခဲများ ဖြစ်ပေါ်ခဲ့ပါကြောင်း၊နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ပြည်သူ လူထု လုပ်ကိုင်မည့်အခွင့်အလမ်းများ ဖွင့်ပေးစေလို ကြောင်း၊ အခွင့်အလမ်းများဖွင့်ပေးရန် မည်သို့ စီစဉ်ထားသည်ကို သိလိုကြောင်း၊ အုပ်ချုပ်ရေးပိုင်း အနေဖြင့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးကို တည်ငြိမ်အောင်၊ ပီပြင်အောင် မည်သို့ဆောင်ရွက် ပေးမည်ကို သိလိုကြောင်း မေးမြန်းသည်။

သတင်းမီဒီယာကောင်စီ

၆၂။ ဗိုလ်ချုပ်ဇော်မင်းထွန်းက အုပ်ချုပ်ရေးအပိုင်းအနေဖြင့် မိမိဖြေကြားပေးခဲ့ပြီးဖြစ်ကြောင်း၊ ရပ်ကွက်၊ ကျေးရွာများတွင် ဖြစ်နေသည့်ကိစ္စများ၊ အောက်ခြေတွင် ပြည်သူလူထု ခံစားနေရသော ကိစ္စများ မိမိသိရှိပါကြောင်း၊ အမြဲတမ်းနားစွင့်နေကြောင်း၊ အမြဲတမ်းသတင်းပေးမှုများ၊ ပြောဆိုမှု များကြောင့် သိရှိရကြောင်း၊ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးများတွင် ပြောရမည်ဆိုပါက တက်ကြွ သည့် လူများလုပ်နေသည်ဟု ပြောနေသော်လည်း အမှန်တကယ် လက်တွေ့ အခြေအနေတွင် လူမိုက် များကသာ လုပ်ဆောင်နေကြောင်း၊ အုပ်ချုပ်နေကြောင်း၊ လူမိုက်များက ဒလန်ဟုပြောသူကိုသတ် ကြပြီး ဒလန်ဟုပြောသည့်အိမ်ကို မီးရှို့ နေကြောင်း၊ ယခုနောက်ပိုင်း သာမန်ပြည်သူများကိုပင် ဆွဲထုတ် သည့်အခြေအနေဆိုးများ ဖြစ်နေပါကြောင်း၊ မိမိ ပြောလိုသည်မှာ တရားဥပဒေစိုးမိုးရေးအတွက် အမြန်ဆုံး ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး လက်တွေ့ဆောင် ရွက်နိုင်ရန်လည်း စီမံဆောင်ရွက် လျက်ရှိကြောင်း၊ မီဒီယာအပိုင်းအနေဖြင့် ပြောလို သည်မှာ သတင်းမီဒီယာ ကောင်စီ၏ ဥပဒေနှင့် နည်းဥပဒေများရှိကြောင်း၊ ယခုအချိန်အထိ ညှိနှိုင်း ဆောင်ရွက်ခြင်းများရှိကြောင်း၊ ပြန်ကြားရေး ဝန်ကြီးဌာနမှ သတင်းမီဒီယာဥပဒေနှင့်ပတ်သက်ပြီး ပြန်လည်သုံးသပ်လျက်ရှိကြောင်း၊ သတင်း မီဒီယာ ဥပဒေပြဌာန်းချက်များအရ နှစ်နာသူများမှ တိုက်ရိုက် ရာဇသတ်ကြီးဖြင့်တရားစွဲခြင်း နှစ်နာသူဥပဒေဖြင့် တရားစွဲပါက သတင်းမီဒီယာကောင်စီသည်လည်း တရားရုံးအထိရောက်ရှိပါက မည်သို့မှမတတ်နိုင် ပါကြောင်း၊ သတင်းမီဒီယာကောင်စီအနေဖြင့် ဖြေလျှော့ပေးသည့် လုပ်ငန်းစဉ်များ လုပ်ဆောင် နိုင်ရန် ဆောင်ရွက်ပေး လျက်ရှိကြောင်း၊ ဝန်ကြီးဌာနများ၊ ဌာနဆိုင်ရာများအနေဖြင့် တရားစွဲဆိုပါက သတင်းမီဒီယာကောင်စီဖြင့် ညှိနှိုင်း၍ ဆောင်ရွက် လျက်ရှိကြောင်း၊ လက်လုပ်လက်စား ပြည်သူလူထု၏ အခွင့်အလမ်းအနေအထား ပြောလို သည်မှာ တပ်မတော်အနေဖြင့် ယခင်ကတည်းကတိုင် ရိက္ခာ လေးမျိုး ဝေဌပေးခဲ့မှုများရှိကြောင်း၊ လုံလောက်မှု ရှိမည်မဟုတ်ကြောင်း၊ အဓိကဆောင်ရွက်ရမည့် ကိစ္စမှာ အောက်ခြေအဆင့်အထိ လုပ်နိုင်သော စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ လက်တွေ့ဆောင်ရွက်နိုင်ရန် လည်း စီမံဆောင်ရွက်လျက် ရှိကြောင်း ပြန်လည် ဖြေကြားသည်။

၆၃။ ခေတ်ပုံရိပ်သတင်းဂျာနယ်မှ ဦးမောင်မောင်မြင့်က ပြည်သူလူထုအတွက် သိလိုပါကြောင်း၊ အောက်ခြေ လူတန်းစားများ ချေးငွေချေးထားခြင်း များရှိကြောင်း၊ ကိုဗစ်-၁၉ ကြောင့် အလုပ်မရှိသည့် အတွက် ချေးငွေပြန်ဆပ်ရန် အခက်အခဲဖြစ်နေ ကြောင်း၊ မဆပ်နိုင်သေးသည့်အတွက် နိုင်ငံတော်က မည်သို့ဆောင်ရွက် ပေးမည်ကို သိလိုပါကြောင်း မေးမြန်းသည်။

၆၄။ ဗိုလ်ချုပ်ဇော်မင်းထွန်းက ယင်းကိစ္စနှင့် ပတ်သက်ပြီး မှတ်သားထားမည်ဖြစ်ကြောင်း၊ မူဝါဒ လည်း ရှင်းရှင်းလင်းလင်း မသိသေးကြောင်း၊ သက်ဆိုင်ရာကို မေးမြန်းပြီး ပြန်လည်ဖြေကြားပေး မည်ဖြစ်ကြောင်း ဖြေကြားသည်။

၆၅။ VOA သတင်းဌာနမှ သတင်းထောက် ဦးဇော်ထက် က ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ရက် နေ့ နောက်ပိုင်းမှစ၍ ဖမ်းဆီးခံထားရသည့် သတင်းသမားများ အယောက် ၆၀ ထက်မနည်း ရှိသည်ဟု သိရပါကြောင်း၊ ထိုအထဲတွင် အယောက် ၃၀ကျော်သည် ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲခံထားရ သည်ဟု သိရကြောင်း၊ ယခုကဲ့သို့ ဖမ်းဆီးခြင်းသည် သတင်းရေးသား တင်ဆက်နေသည့် သတင်း ထောက်များ၏ လွတ်လပ်စွာပြောဆိုခွင့်အတွက် အတားအဆီးဖြစ်၊ မဖြစ်ကို သိလိုပါကြောင်း၊ ယခု အချိန်တွင် ၎င်းတို့ကို အမြန်ဆုံးလွတ်မြောက်စေ လိုပါကြောင်း၊ မိမိမေးလိုသည်မှာ လက်ရှိတွင် သတင်းထောက် မည်မျှဖမ်းဆီးထားသည်ကို သိလိုကြောင်းနှင့် ၎င်းတို့ကို မည်သည့်ပုဒ်မများဖြင့် တရားစွဲဆိုမှုများ ပြုလုပ်ထားသည်ကို အတိအကျ ထုတ်ပြန်ပေးရန် အစီအစဉ်ရှိ၊ မရှိ သိလိုကြောင်း မေးမြန်းသည်။

သတင်းမီဒီယာများကို ကန့်သတ်တားဆီးရန်မရှိ

၆၆။ ဗိုလ်ချုပ်ဇော်မင်းထွန်းက အချို့နေရာများ၌ သတင်းထောက်များအနေဖြင့် ဖမ်းဆီးခဲ့ခြင်းမဟုတ် သည်ကို သိရပါကြောင်း၊ ယခုမေးခွန်းနှင့် ပတ်သက်၍ ယခင်သတင်းစာရှင်းလင်းပွဲများတွင်လည်း မိမိ ပြောခဲ့ပြီးဖြစ် ကြောင်း၊ ဆန္ဒပြမှုများတွင် သတင်း ရယူနေသည့် သတင်းထောက်တိုင်းကို ဖမ်းဆီးမှု မရှိပါကြောင်း၊ မှားယွင်းဖမ်းဆီးခံခဲ့ရခြင်းများ ရှိကောင်းရှိလိမ့်မည်ဖြစ်သော်လည်း မှားယွင်းဖမ်းဆီး မှုဖြစ်ကြောင်းကို အကျိုးအကြောင်း ခိုင်ခိုင်လုံလုံ ပြောနိုင်သဖြင့် ပြန်လည်လွှတ်ပေးခဲ့သည့် သတင်း ထောက်များလည်းရှိကြောင်း၊ အချို့ သတင်းထောက် များမှာ သတင်းထောက်ဆိုသော်လည်း ဆန္ဒပြပွဲများကို ၎င်းတို့ကိုယ်တိုင် ဦးစီးဆောင်ရွက်ပြီး သတင်းရယူ ရိုက်ကူးထုတ်လွှင့်မှုများ ပြုလုပ်ခဲ့ခြင်းကြောင့် အရေး ယူခံရခြင်းဖြစ်ကြောင်း၊ ဥပဒေအရ အရေးယူရာတွင် သတင်းထောက်ဖြစ်၍ အရေးယူခြင်းမဟုတ်ဘဲ ပုဒ်မ ၅၀၅ နှင့် ငြိစွန်းသည့် လုပ်ဆောင်ချက်မျိုး လုပ်ဆောင်ခဲ့သည့်အတွက်အရေးယူခြင်းဖြစ်သည်ဟု ပြောလိုပါကြောင်း၊ ဆန္ဒပြမှုများတွင် ဖမ်းဆီးခံရသည့် သတင်းထောက် အရေအတွက် စာရင်းအတိအကျ မိမိထံတွင်မရှိပါကြောင်း၊ သတင်းမီဒီယာများနှင့် ပတ်သက်၍ပြောရလျှင် မှန်ကန်သည့်သတင်း၊ ဘက်ညီသည့်သတင်း၊ တရားမျှတသည့် သတင်း များကို ရေးသားနေသည့် သတင်းမီဒီယာများကို ကန့်သတ်တားဆီးရန်မရှိပါကြောင်း၊ သို့သော် ပြည်သူလူထုကို ထင်ယောင်ထင်မှားဖြစ်စေမည့် သတင်းများကို သွေးထိုးလှုံ့ဆော်၍ မမှန်မကန် ရေးသားနေသည့် သတင်းဌာနများကို ပြည်သူ့အကျိုး အတွက် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။

၆၇။ VOA သတင်းဌာနမှ သတင်းထောက် ဦးဇော်ထက်က လက်ရှိအချိန်၌ အာဏာယူထားပြီး တစ်နှစ်ကြာသည့် အခါ၌ ရွေးကောက်ပွဲလုပ်ပေး မည်ဟုဆိုသော်လည်း နှစ်နှစ်ကြာနိုင်သည်ဟု ကြားသိနေရပါကြောင်း၊ ထို့ကြောင့် ရွေးကောက်ပွဲ ကို မည်သည့်အချိန်တွင် ပြန်လည်ပြုလုပ်ပေးပြီး  အနိုင်ရပါတီကို မည်သည့်ကာလတွင် အာဏာ လွှဲပြောင်းပေးမည်ကို သိလိုပါကြောင်း မေးမြန်းသည်။

အရေးပေါ်ကာလအဖြစ် တစ်နှစ်ပြဋ္ဌာန်းထား

၆၈။ ဗိုလ်ချုပ်ဇော်မင်းထွန်းက သတင်းထောက်ကြီး၏ မေးခွန်းမှာ အဓိကအနေဖြင့် အရေးပေါ်ကာလ ပြဋ္ဌာန်းချက် နှင့် သက်ဆိုင်ပါကြောင်း၊ ယခုလက်ရှိတွင် အရေးပေါ်ကာလ ပြဋ္ဌာန်းချက်နှင့် သက်ဆိုင်ပါကြောင်း၊ ယခုလက်ရှိ တွင် အရေးပေါ်ကာလအဖြစ် တစ်နှစ်ပြဋ္ဌာန်းထား ကြောင်း၊ အရေးပေါ်ကာလအဖြစ် ကြေညာရာတွင် ပြဋ္ဌာန်းချက်များရှိကြောင်း၊ ယခုကြေညာထားသည့် တစ်နှစ်ဆိုသည်မှာ ပထမဦးဆုံး ပြဋ္ဌာန်းထားခြင်း ဖြစ်ကြောင်း၊ ၎င်းဥပဒေပါ ပြဋ္ဌာန်းချက်များအရ ပြောရလျှင် ကြေညာထားသည့် တစ်နှစ်တာကာလ အတွင်း ဆောင်ရွက်ရမည့်လုပ်ငန်းများ မပြီးစီးပါက နောက်ထပ် ခြောက်လတိုးပိုင်ခွင့်ရှိပြီး ထိုကာလ အတွင်း လုပ်ငန်းများပြီးစီးမှုမရှိပါက နောက်ထပ် ခြောက်လတိုးပိုင်ခွင့်ရှိကြောင်း၊ အရေးပေါ်ကာလ ဆိုင်ရာ ပြဋ္ဌာန်းချက်များထဲတွင် ပါပြီးဖြစ်ကြောင်း၊ အရေးပေါ်ကာလပြဋ္ဌာန်းချက်များတွင် ပုဒ်မ ၄၁၀ မှစပြီး ပုဒ်မ ၄၃၂ အထိရှိကြောင်း၊ ၎င်းတို့အထဲမှ ကိုးကားရမည့် အကြောင်းအရာများသည် ပုဒ်မ ၄၁၇၊ ပုဒ်မ ၄၁၈၊ ပုဒ်မ ၄၁၉ တို့ဖြစ်ပြီး တာဝန်ယူ ခြင်းနှင့်ပတ်သက်၍ ပြည့်ပြည့်စုံစုံ ပါရှိပြီးဖြစ်ပါ

ကြောင်း၊ ထို့ကြောင့် တစ်နှစ်ဆိုသည်မှာ ခြောက်လ၊ ခြောက်လ နှစ်ကြိမ်ဖြစ်ကြောင်း၊ မိမိတို့ပြောနိုင် သည်မှာ အရေးပေါ်ကာလ ကြေညာထားခြင်း သည် နှစ်နှစ်အတွင်းပြီးစီးရမည်ဖြစ်ပြီး နှစ်နှစ် အတွင်း ရွေးကောက်ပွဲကို မဖြစ်မနေ ကျင်းပရမည် ဖြစ်ကြောင်း၊ ၎င်းကာလအတွင်း ရွေးကောက်ပွဲနှင့် ပတ်သက်သည့် အနိုင်ရရှိသူများကို နိုင်ငံတော် တာဝန်လွှဲပြောင်းပေးရမည်ဖြစ်ကြောင်း၊ အာဏာ သိမ်းသည်ဆိုပါက ဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်း ဖျက်သိမ်းရမည်ဖြစ်ကြောင်း၊ သို့သော် မိမိတို့ အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်း

ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ တပ်မတော် အနေဖြင့် တာဝန်ယူထိန်းသိမ်းထားပြီး ရှေ့လုပ်ငန်း စဉ်များနှင့် မူဝါဒလမ်းစဉ်များကို အတိအလင်း ပြောပြီးဖြစ်ကြောင်း၊ အရေးပေါ်ကာလပြဋ္ဌာန်း ချက်များကုန်ပြီဆိုလျှင် ရွေးကောက်ပွဲကျင်းပပေး မည်ဟု ကမ္ဘာသိ အာမခံပြီးဖြစ်ကြောင်း၊ ယင်းကတိ အတိုင်း ဆက်လက်လုပ် ဆောင်သွားမည်ဖြစ် ကြောင်း ပြန်လည်ဖြေကြားသည်။

၆၉။ VOA သတင်းဌာနမှ သတင်းထောက် ဦးဇော်ထက်က မိမိတို့သိထားသည်မှာ စစ်အုပ်ချုပ်ရေး ကြေညာထားသည့် မြို့နယ်များမှာ ရန်ကုန်၌ ခြောက်မြို့နယ်၊ မန္တလေး၌ ခြောက်မြို့နယ်ရှိကြောင်း၊ သို့သော်ဆန္ဒပြမှု အဓိကရုဏ်းဖြေရှင်းသည့်နေရာတွင် တွေ့ရသည်မှာ အားလုံးကိုတစ်ပြေးညီတည်းပုံစံမျိုး လုပ်ဆောင်နေသည်ကို တွေ့ရကြောင်း၊ စစ်အုပ်ချုပ် ရေးကြေညာထားသည့် မြို့နယ်နှင့် စစ်အုပ်ချုပ်ရေး မကြေညာထားသည့် မြို့နယ်များကို မည်သို့ဖြေရှင်း မည်ကို သိလိုကြောင်းမေးမြန်းသည်။

 

၇၀။ ဗိုလ်ချုပ်ဇော်မင်းထွန်းက စစ်အုပ်ချုပ်ရေးသည် ရန်ကုန်၌သာရှိကြောင်း၊ စစ်အုပ်ချုပ်ရေး ကြေညာ ထားသည့်မြို့နယ်နှင့် စစ်အုပ်ချုပ်ရေး မကြေညာ ထားသည့်မြို့နယ် ကွာခြားမှုကို ပြောရလျှင် စစ်အုပ်ချုပ်ရေး မကြေညာမီ ပုဒ်မ ၁၄၄ ထုတ်ပြန် ထားတာရှိကြောင်း၊ ၎င်းပုဒ်မ ၁၄၄ ထုတ်ပြန်ထား သည့်မြို့များမှာ တစ်နိုင်ငံလုံးတွင် များပြားသည့် အတွက် စစ်အုပ်ချုပ်ရေးနှင့် ပုဒ်မ ၁၄၄ လွဲနေသည် ဟု ထင်ကြောင်း၊ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသည့် မြို့နယ်များတွင် ညမထွက်ရအမိန့်ရှိပြီးဖြစ်ကြောင်း၊ လူ ငါးဦးအထက် ပိုမစုရဆို သည်မှာလည်း ပုဒ်မ ( ၁၄၄ တွင် ရှိပြီးဖြစ်ကြောင်း၊ ထို့ကြောင့် ၎င်းတို့ အနေဖြင့် တူညီသည်ဟု ထင်နိုင်ကြောင်း၊ အဘယ် ကြောင့်ဆိုသော် ရန်ကုန်၌ စစ်အုပ်ချုပ်ရေး ထုတ်ပြန်ထားသည့် ခြောက်မြို့နယ်ကို မိမိတို့  အနေဖြင့် အုပ်ချုပ်နေမှုသည် စစ်အုပ်ချုပ်ရေးဆိုသည့် အသွင်သဏ္ဌာန်ထက် များစွာလျော့နည်း အုပ်ချုပ်နေ သောကြောင့် တူညီနေသည်ဟု ထင်နေသည် ဖြစ်နိုင် ကြောင်း၊ အမှန်တကယ် စစ်အုပ်ချုပ်ရေးအရ အုပ်ချုပ်မည်ဆိုလျှင် ယခုလိုပုံမျိုးမဟုတ်ကြောင်း ပြန်လည်ဖြေကြားသည်။

စစ်အုပ်ချုပ်ရေးထုတ်ပြန်

၇၁။ အဆိုပါမေးမြန်းချက်နှင့်ပတ်သက်၍ ပြည်ထဲ ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဖြည့်စွက် ပြောကြားရာတွင် စစ်အုပ်ချုပ်ရေးထုတ်ပြန်သည် ဆိုသည်မှာ သက်ဆိုင်ရာတပ်မှူးကို အုပ်ချုပ်ရေး အာဏာ၊ တရားစီရင်ရေးအာဏာ အစရှိသည်တို့ကို

ကျင့်သုံးရန် အပ်နှင်းလိုက်ခြင်းဖြစ်ကြောင်း၊ ထိုသို့  အပ်နှင်းရာတွင် စစ်အုပ်ချုပ်ရေးနယ်မြေ၌ ကျူးလွန် သည့်ပြစ်မှုများကို အရေးယူမှုနှင့် အခြားစစ်အုပ်ချုပ် ရေး မကြေညာထားသောနယ်မြေများတွင် ကျူးလွန် သည့်ပြစ်မှုများကို အရေးယူသည့်အပိုင်းတွင် ကွာခြားချက်များရှိ ကြောင်း၊ စစ်အုပ်ချုပ်ရေးနယ်မြေ တွင် ပြစ်မှုများကို စစ်ခုံရုံးနှင့် စစ်ဆေးရန်အတွက် အခွင့်အာဏာ အပ်နှင်းထားပြီးဖြစ်ကြောင်း၊ ၎င်းကို တရားစီရင်ရ မည့်အချိန်တွင် နယ်ဘက်တရားရုံး များနှင့် လုပ်ထုံးလုပ်နည်း ကွာခြားသွားမည် ဖြစ်ကြောင်း၊ အခြားစစ် အုပ်ချုပ်ရေး မကြေညာ ထားသည့်နယ်မြေများ၌ တရားစီရင်ရေးကဏ္ဍများ တွင်လည်း သက်ဆိုင်ရာ တရားရုံး များက စီမံ ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ ယင်းကွာခြားမှုများ ရှိကြကြောင်း၊ စစ်အုပ်ချုပ်ရေး ကြေညာထား သည့် နယ်မြေများတွင် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ပတ်သက်၍ သက်ဆိုင်ရာအခွင့်အာဏာ အပ်နှင်း ခြင်းခံရသည့် တပ်မှူးမှလိုအပ်သလို အမိန့်ထုတ်ပြန် ပြီး ဆောင်ရွက်၍ရကြောင်း စသည့်ကွာခြားချက်များ ရှိကြောင်း၊ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသည်နှင့် မတူညီ ကြောင်း၊ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသည်ဆိုသည်မှာ ရာဇဝတ် ကျင့်ထုံးအရ တစ်စုံတစ်ခုမလုပ်ရ၊ ညမထွက်ရ လူငါးယောက်ပိုမစုရဟူ၍ ကန့်သတ် ထားခြင်းဖြစ်ပြီး စစ်အုပ်ချုပ်ရေးနှင့် မတူပါကြောင်း၊ စစ်အုပ်ချုပ်ရေးသည် သက်ဆိုင်ရာတပ်မှူးကို အလုံးစုံ အခွင့်အာဏာ လွှဲအပ်လိုက်သည့်သဘော ဖြစ်ကြောင်း ဖြည့်စွက်ရှင်းလင်းပြောကြားသည်။

(ဆက်လက်ဖော်ပြပါမည်)