Skip to main content

တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်များမှ သင်ကြား/စီမံဝန်ထမ်းများ ကျောင်း/ရုံး လုပ်ငန်းခွင်သို့ အင်အားပြည့် တက်ရောက်ရေးကိစ္စ

နေပြည်တော် ဧပြီ ၂၀

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များမှ ဆရာ ဆရာမများအတွက် အားလပ်ရက်ရှည် (Vacation) ခံစားခွင့်ကို ၂၀၂၁ ခုနှစ် မေ ရက်အထိ သတ်မှတ်ခွင့်ပြုခဲ့ပြီး ပါရဂူဘွဲ့ကြိုသင်တန်းများ၊ မဟာတန်း(ရေးဖြေ)သင်တန်းများ၊ ဘွဲ့ကြိုနောက်ဆုံးနှစ် သင်တန်းများ၊ တတိယနှစ်ဂုဏ်ထူးတန်းများနှင့် နောက်ဆုံးနှစ်မဟာအရည်အချင်းစစ်သင်တန်းများကို   ၂၀၂၁ ခုနှစ် မေ ရက်မှစတင်၍ ပြန်လည်ဖွင့်လှစ်မည်ဖြစ်သည်။

သို့ဖြစ်၍ တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်အသီးသီးမှ သင်ကြားရေး ဆရာဆရာမများ အားလုံးနှင့် စီမံဝန်ထမ်းများအားလုံးတို့သည်  ၂၀၂၁ ခုနှစ် မေ ရက် တနင်္လာနေ့မှစတင်၍ မိမိတို့၏ လုပ်ငန်းခွင်များသို့ အင်အားပြည့်ပြန်လည်ဝင်ရောက် တာဝန်ထမ်းဆောင်ကြရန် ပညာရေးဝန်ကြီး ဌာနက တိုက်တွန်းနှိုးဆော်ထားကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)