Skip to main content

Sep 11, 2020

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနနှင့် Protocol လက်မှတ်ရေးထိုး၍ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းကဏ္ဍ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပံ့ပိုးကူညီဆောင်ရွက် လျက်ရှိသော လူဇင်ဘတ်ဖွံ့ဖြိုးတိုးတက်မှု (Lux Dev) သည် ကိုဗစ်-၁၉ အလွန်ကာလ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအမြန်ဆုံး ပြန်လည်ဖွံ့ဖြိုး တိုးတက်ရေးအတွက် Myanmar Tourism Strategic Recovery Roadmap (MTSRR) ရေးဆွဲရေးကို အကောင်အထည် ဖော်လျက်ရှိရာ MTSRR ရေးဆွဲရေးဆိုင်ရာ ကျွမ်းကျင်သူများအဖွဲ့၏ Myanmar Tourism Strategic Recovery Roadmap (MTSRR) ရေးဆွဲခြင်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများနှင့် MTSRR (မူကြမ်း) အားရှင်းလင်း တင်ပြခြင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဝန်ကြီးဌာန နီလာအစည်းအဝေး ခန်းမ၌ Social distancing စနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Sep 11, 2020

နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် စင်ကာပူနိုင်ငံ၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား (၁၄၈) ဦးအား မြန်မာသံရုံး၊ စင်ကာပူမြို့မှ စီစဉ်သည့် (၁၇)ကြိမ်မြောက် မြန်မာအမျိုးသား လေကြောင်းလိုင်း (MNA) ကယ်ဆယ်ရေး အထူးလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ညနေပိုင်းတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အဆင်ပြေ ချောမွေ့စွာ ပြန်လည် ရောက်ရှိခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Sep 11, 2020

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ် လဝါကျေးရွာရှိ မီးလောင်ကျွမ်းထားသည့် RC နှစ်ထပ်ခွဲကျောင်းဆောင်အား ယနေ့နံနက်ပိုင်း က ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦး ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေး၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးနေလင်း၊ တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုရာ မဘိမ်းမြို့နယ်ပညာရေးမှူးနှင့် ကျောင်းအုပ်ဆရာမကြီး တို့မှ လိုက်လံရှင်းလင်းပြီး ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် က လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Sep 11, 2020

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း အသက်ရှူလမ်းကြောင်းဆိုင်ရာ Corona virus Disease 2019 (COVID-19) ကြိုတင်ကာကွယ် ထိန်းချုပ်ကုသမှုပေးနိုင်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန်အတွက် PPE(ဝတ်စုံ)နှင့် နှာခေါင်းစည်း(Face Mask)များ ပေးအပ်လှူဒါန်းပွဲကို ယနေ့၊ နံနက်(၁၀)နာရီတွင် နေပြည်တော်ကောင်စီရုံး ဧည့်ခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Sep 11, 2020

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် အမှတ်(၂၀)ရပ်ကွက်၌ ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ရေးအတွက် လမ်းသွယ် များ ပိတ်ဆို့၍ ကိုယ်အပူချိန်တိုင်းတာခြင်း၊ လူဝင်၊ လူထွက် စိစစ် ခြင်း ဆောင်ရွက်နေမှုကို ယနေ့ နံနက် ၉ နာရီက ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း လာရောက် တွေ့ဆုံအားပေးခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Sep 11, 2020

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ၉ နာရီခွဲ က ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်၊ လဝါကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ) မီးလောင်ကျွမ်းခဲ့မှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ကျောင်းအကျိုးတော်ဆောင်ကော်မတီဝင်များနှင့် တွေ့ဆုံကာ အားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Sep 11, 2020

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် မဘိမ်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီဝင်များအား ယနေ့ နံနက် ၁၀ နာရီအချိန်ခန့် က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Sep 11, 2020

ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင်ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ မြို့နယ်ကြက်ခြေနီအသင်း၊ ခရိုင် ကိုဗစ်-၁၉ ကာကွယ် ၊ ထိန်းချုပ် ၊ ကုသရေးကော်မတီအဖွဲ့များနှင့် ရှမ်းပြည်နယ်အစိုးရ အဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့် တွေ့ဆုံခြင်းကို ယမန်နေ့ ညနေ(၃)နာရီ က မိုးမိတ်ခရိုင် စုပေါင်းရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Sep 11, 2020

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နှင့် ပုလုံးတုံတုံးပင်လယ်ကျွန်းရွာသို့ ဆက်သွယ်တည်ဆောက်လျက်ရှိသည့် ပုလုံးတုံတုံးပင်လယ်ဖြတ်ကူး ကွန်ကရစ်တံတားသစ်ကြီး တည်ဆောက်မှုလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ရာ ယနေ့နံနက်ပိုင်းမှစတင်ကာ အများပြည်သူနှင့် မော်တော်ယာဉ်များအား စတင်ဖြတ်သန်းသွားလာခွင့်ပြုပြီဖြစ်ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Sep 11, 2020

ကိုဗစ် − ၁၉ ရောဂါကာလအတွင်း စီးပွားရေးကုစားမှုအစီအစဉ် (CERP) အရ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ပရဟိတဂေဟာ/ရိပ်သာများအား ထောက်ပံ့ငွေပေးအပ်ပွဲကို ယမန်နေ့ နံနက် (၁၀) နာရီက Online အခမ်းအနားဖြင့် ကျင်းပပြုလုပ်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်က တက်ရောက်အမှာစကားကို ပြောကြားခဲ့ပါသည်။

ဆက်လက်ဖတ်ရှုရန်

Sep 11, 2020

ရခိုင်ပြည်နယ်အမျိုးသားအင်အားစုပါတီဥက္ကဋ္ဌ ဦးအေးကြိုင်က ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို စက်တင်ဘာ ၁၀ ရက် ညပိုင်းတွင် ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ်များမှ ဟောပြောတင်ပြခဲ့ပါသည်။

ဆက်လက်ဖတ်ရှုရန်

Sep 11, 2020

ကရင်ပြည်သူ့ပါတီဥက္ကဋ္ဌ စောထွန်းအောင်မြင့်က ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို စက်တင်ဘာ ၁၀ ရက် ညပိုင်းတွင် ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ်များမှ ဟောပြောတင်ပြခဲ့ပါသည်။

ဆက်လက်ဖတ်ရှုရန်

Sep 11, 2020

ကျွန်တော်ပါဝင်သော အမျိုးသားပညာရေး မူဝါဒကော်မရှင် (NEPC) ဥက္ကဋ္ဌနှင့်အဖွဲ့ဝင် သုံးဦးတို့သည် ၂၀၂၀ ပြည့်နှစ် သြဂုတ်လ ၁၃ ရက်နေ့တွင် အမျိုးသားစီမံခန့်ခွဲမှုပညာ ဒီဂရီကောလိပ် (National Management Degree College) သို့ လေ့လာရေးခရီး သွားရောက်ခဲ့ပါသည်။ ဤကောလိပ်သည် သာမန်သမားရိုးကျကောလိပ်၊ တက္ကသိုလ် များနှင့်မတူ စီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှု ပညာဘွဲ့ (B.BM – Bachelor of Business Management)၊ လုပ်ငန်းခွင်သုံး အင်္ဂလိပ် စာဘွဲ့ (B.A. EPP – Bachelor of Arts (English for Professional Purposes)၊ ခရီးသွားလုပ်ငန်းနှင့် ဧည့်ဝန်ဆောင်စီမံခန့် ခွဲမှုပညာဘွဲ့ (B.THM – Bachelor of Tourism and the Hospitality Management )၊ သတင်းအတတ်ပညာဘွဲ့ [ B.A. JNL – Bachelor of Arts (Journalism)]တို့ကို ဘွဲ့ပေးရာ ဘွဲ့ရရှိသူအားလုံးနီးပါး အလုပ်အကိုင်ရရှိကြပါသည်။

ဆက်လက်ဖတ်ရှုရန်

Sep 11, 2020

အားကစားဖွံ့ဖြိုးတိုးတက်ရေးအတွက် ကဏ္ဍအလိုက် ရှေ့လာမည့်ငါးနှစ်အတွင်း ဆောင်ရွက်မည့် အစီအမံများ နှစ်အပိုင်း အခြားအလိုက် စီမံချက်ရေးဆွဲခြင်း ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အားကစားနှင့် ကာယပညာဦးစီးဌာန၌ ဗီဒီယိုကွန်ဖရင့် စနစ်အသုံးပြု၍ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Sep 11, 2020

“အခုနောက်ပိုင်း ဖြစ်တဲ့သူတွေထဲမှာဆိုရင် ဆယ်ကျော်သက်အရွယ်တွေ ပါလာတာလည်း ကျွန်မ သတိထားမိပါတယ်။ (၁၆) နှစ်၊ (၁၅)နှစ်၊ (၁၈)နှစ် ပေါ့။ အရွယ်ကောင်းလေးတွေပေါ့။ အဲဒါကြောင့် အခုကိုဗစ်က အသက် အပိုင်းအခြားလည်းမရှိဘူး။ ရောဂါအခံရှိတာ၊ မရှိတာကိုလည်း ခွဲခြားပြီးတော့ မြင်လို့မရတော့ဘူးဆိုတာ ကျွန်မတို့ နှလုံးသွင်းဖို့တော့ အင်မတန်မှ အရေးကြီးပါတယ်”ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြည်သူများသို့ အစီရင်ခံတင်ပြခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Sep 11, 2020

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၈ မြို့နယ်တွင် နေထိုင်ကြသည့် ပြည်သူများ နေအိမ်တွင် နေထိုင်ရေး (Stay at Home) အစီအစဉ်ကို ချမှတ်ထားလိုက်ပြီဖြစ်သည်။ အစီအစဉ်တွင် ပါဝင်သည့် မြို့နယ်များမှာ လှည်းကူးမြို့နယ်မှအပ ရန်ကုန်မြို့ပြ ဧရိယာတွင် တစ်ဆက်တစ်စပ်တည်း ရှိနေသော မြို့နယ်များဖြစ်သည်။ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု ရုတ်တရက် အရှိန်အဟုန်မြင့်လာသည့် အခြေအနေတွင် လူဦးရေထူထပ်များပြားပြီး နေ့စဉ်အပြန်အလှန် ကူးသန်းသွားလာမှု များပြားလှသည့် မြို့နယ်များကို အသွားအလာ ကန့်သတ်မှု ပြုလုပ်ခြင်းမှာ ကူးစက်ရောဂါကို တားဆီးထိန်းချုပ်ရာတွင် မဖြစ်မနေ ပြုလုပ်ရမည့် ဆောင်ရွက်ချက်များမှ တစ်ခုပင် ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Sep 10, 2020

၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာကျောင်းသုံး ပြဋ္ဌာန်းစာအုပ်များ ပုံနှိပ်၊ ထုတ်လုပ်၊ ဖြန့်ချိနိုင်ရေး ပြင်ပပုဂ္ဂလိကသို့ တင်ဒါစနစ်ဖြင့် လုပ်ငန်းအပ်နှံဆောင်ရွက်နိုင်ရေး ဆပ်ကော်မတီနှစ်ရပ် ပူးပေါင်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ် (၃/၂၀၂၀) ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ Video Conferencing စနစ်ဖြင့် ချိတ်ဆက် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Sep 10, 2020

၁။ နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် ဂျပန်နိုင်ငံ၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား (၁၃၃) ဦးအား မြန်မာသံရုံး၊ တိုကျိုမြို့မှ စီစဉ်သည့် (၇) ကြိမ်မြောက် All Nippon Airways (ANA) ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ (၁၇:၀၀) နာရီအချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အဆင်ပြေ ချောမွေ့စွာ ပြန်လည် ရောက်ရှိခဲ့ကြပါသည်။

ဆက်လက်ဖတ်ရှုရန်