နေပြည်တော် ဩဂုတ် ၁၄
ပြည်ပမှ ကိုဗစ်-၁၉ ကူးစက်ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို စဉ်ဆက် မပြတ် တင်သွင်းနိုင်ရေးအတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် အများ ပြည်သူရုံးပိတ်ရက်များတွင်လည်း လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ စဉ်ဆက်မပြတ် တင်သွင်းနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။
ယနေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ အောက်ဆီဂျင်(အိုးခွံ) (၃၀)၊ Oxygen Concentrator (၁၉၄၄)ခု အပါအဝင် မူဆယ်၊ ချင်းရွှေဟော်၊ ကန်ပိုက်တီ၊ မြဝတီ၊ ထီးခီး ကုန်သွယ်ရေးစခန်းများမှ အောက်ဆီဂျင် (အရည်)Bowser ယာဉ်(၄)စီးဖြင့် (၇၉)တန်၊ အောက်ဆီဂျင် (အရည်) အိုးဖြင့် (၅)တန်၊ အောက်ဆီဂျင်(ဓာတ်ငွေ့) အိုးဖြင့် (၁) တန်၊ အောက်ဆီဂျင် (အရည်) Storage Container (၃) ခု၊ အောက်ဆီဂျင်အိုး (အခွံ) (၉၇၃၈) ခု၊ အိမ်သုံးအောက်ဆီဂျင်စက် (Oxygen Concentrator) (၁၁၇၅) ခု၊ PPE ဝတ်စုံ (၄၀၆၈၀) နှင့် နှာခေါင်းစီး (Mask) (၃၇) တန်တင်သွင်းနိုင်ခဲ့သည်။ အထက်ပါ ပစ္စည်းများကို ကုမ္ပဏီ(၂၀)မှ ယာဉ်စီးရေ (၅၄)စီးဖြင့် တင်သွင်းလာခြင်း ဖြစ်သည်။
သြဂုတ်လအတွင်း ယာဉ်စီးရေ(၈၀၃)စီးဖြင့် အောက်ဆီဂျင် (အရည်) Bowser ယာဉ်ဖြင့် (၇၄၃)တန်၊ အောက်ဆီဂျင်(အရည်)အိုးဖြင့် (၁၇၁)တန်၊ အောက်ဆီဂျင် (ဓာတ်ငွေ့) အိုးဖြင့်(၇၂)တန်၊ အောက်ဆီဂျင် (အရည်) Storage Container (၇) ခု၊ အောက်ဆီဂျင် (အရည်) Distributor (၆)ခု၊ အောက်ဆီဂျင်(အိုးခွံ) (၉၉၆၀၁) ခု၊ Oxygen Plant (၂၂)ခု၊ အောက်ဆီဂျင်(Generator)(၁၀)ခု၊ အိမ်သုံး အောက်ဆီဂျင်စက်(Oxygen Concentrator) (၇၀၅၀၄)ခု၊ Test Kit (၁၅၀၂၆၈)ခု၊ PPE ဝတ်စုံ(၄၇၃၀၁၂) စုံ၊ လက်အိတ် (၇၂)တန်နှင့် နှာခေါင်းစီး (Mask) (၉၈၃) တန် တင်သွင်းခွင့် ပြုခဲ့ပြီးဖြစ်သည်။
၂၀၂၁ ခုနှစ် ဇူလိုင်(၁) ရက်မှ ယနေ့အထိ ယာဉ်စီးရေ(၁၆၁၄)စီးဖြင့် အောက်ဆီဂျင် အရည်(Bowser)ယာဉ်ဖြင့် တန်(၁၅၇၀)၊ အောက်ဆီဂျင်အရည် (အိုးဖြင့်) (၇၃၈)တန်၊ အောက်ဆီဂျင်ဓါတ်ငွေ့ (Bowser) ယာဉ်ဖြင့်(၉) တန်၊ အောက်ဆီဂျင်ဓါတ်ငွေ့ (အိုးဖြင့်) (၁၈၆) တန်၊ Storage Container (၇) ခု၊ အောက်ဆီဂျင် (အရည်) Distributor (၆)ခု၊ အောက်ဆီဂျင် (အိုးခွံ) (၁၄၀၀၉၂)ခု၊ Oxygen Plant (၃၀)၊ ဆေးရုံသုံးအောက်ဆီဂျင်ဖြည့်စက် (၄)ခု၊ အောက်ဆီဂျင် ဖြည့်ကိရိယာ (၂) စုံ၊ Oxygen Generator (၂၁) ခု၊ အိမ်သုံးအောက်ဆီဂျင်စက် (Oxygen Concentrator) (၁၃၉၆၅၀)၊ Test Kit (၄၇၃၁၄၆) ခု၊ PPE ဝတ်စုံ (၆၅၆၀၃၇)စုံ၊ လက်အိတ် (၈၈)တန်နှင့် နှာခေါင်းစီး (Mask) (၂၂၆၁) တန် တင်သွင်းခွင့်ပြုခဲ့ပြီး ဖြစ်သည်။
၂၀၂၁ ခုနှစ် ဇူလိုင်(၁) ရက်မှ ယနေ့အထိ ပြည်ပမှတင်သွင်းလာသည့် အောက်ဆီဂျင် အရည်(Bowser) ယာဉ် စုစုပေါင်း (၇၆) စီးတွင် ရန်ကုန်မြို့သို့ (၅၈) စီး၊ မန္တလေးမြို့သို့ (၁၁)စီး၊ ပဲခူးမြို့သို့ (၂)စီး၊ မော်လမြိုင်မြို့သို့ (၄)စီး၊ သထုံမြို့သို့ (၁)စီး ဖြစ်ကြောင်း သိရသည်။ Oxygen Plant စုစုပေါင်း (၃၀) မှာ လားရှိုးမြို့သို့ (၅) ခု၊ ရန်ကုန်မြို့သို့ (၄ ) ခု၊ ပဲခူးမြို့သို့ (၄) ခု၊ မန္တလေးမြို့သို့ (၃)ခု၊ ပခုက္ကူမြို့သို့ (၂) ခု၊ ဘားအံမြို့သို့ (၂)ခု၊ မော်လမြိုင်မြို့သို့ (၂)ခု၊ တောင်ကြီး၊ သံဖြူဇရပ်၊ မကွေး၊ ထားဝယ်၊ ဝါးခယ်မ၊ မြစ်သား၊ ကျောက်ပန်းတောင်းမြို့နှင့် မိုးကောင်းမြို့များသို့ (၁) ခုစီ ဖြစ်ကြောင်း သိရှိရသည်။
ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ကုသရေးဆိုင်ရာပစ္စည်းများ ပြတ်လပ်မှုမရှိစေရန် အများပြည်သူရုံးပိတ်ရက်များအဖြစ် သတ်မှတ်ကြေညာထားသည့် ဩဂုတ် ၁၆ ရက်မှ ၂၂ရက်အထိ ရုံးပိတ်ရက်များတွင်လည်း နယ်စပ်ကုန်သွယ်ရေးစခန်းများအနေဖြင့် အလုပ်တာဝန်များ ရပ်ဆိုင်းထားမည်မဟုတ်ဘဲ ပုံမှန်အတိုင်း ပို့ကုန်သွင်းကုန်လုပ်ငန်းများ ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်းနှင့် ကိုဗစ်-၁၉ ကူးစက် ရောဂါ ကာကွယ်ကုသရေးပစ္စည်းများ တင်သွင်းမှုများ ကိုလည်း သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းထားသည့် SOP များနှင့်အညီ ဦးစားပေး တင်သွင်းခွင့်ပြုပေးမည်ဖြစ်ပြီး အဆိုပါရက်များတွင် ကုန်သွယ်ရေးဦးစီးဌာန (ရုံးချုပ်) ပို့ကုန်သွင်းကုန် လုပ်ငန်းဌာနခွဲနှင့် ပို့ကုန်သွင်းကုန်ရုံး (ရန်ကုန်)တို့မှ အွန်လိုင်းစနစ်ဖြင့် ပို့ကုန်သွင်းကုန်လိုင်စင် လျှောက်ထားမှုများကိုလည်း ရုံးချိန်အတွင်း ပုံမှန်အတိုင်း ခွင့်ပြုဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဩဂုတ် ၁၃ ရက်နေ့စွဲဖြင့် အသိပေးကြေညာချက် ထုတ်ပြန်ထားကြောင်း သတင်းရရှိသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အနေဖြင့် ကိုဗစ် - ၁၉ ကူးစက်ရောဂါ ကာကွယ်ကုသရေးပစ္စည်းများ တင်သွင်းရာတွင် လွယ်ကူမြန်ဆန်စေရေးအတွက် သက်ဆိုင်ရာဌာန များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသလိုအကူအညီ လိုအပ်ပါကလည်း သက်ဆိုင်ရာ တာဝန်ရှိသူ များထံ တိုက်ရိုက်ဆက်သွယ်နိုင်ရေးအတွက် ဌာနများအလိုက် ဆက်သွယ်မေးမြန်းနိုင်သည့် တာဝန်ခံ (Contact Person) များနှင့် အသိပေးကြေညာချက်များကိုလည်းဝန်ကြီးဌာန Website ဖြစ်သည့် Commerce.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ရေးစီစဉ်ဆောင်ရွက် ပေးထားပါကြောင်း သိရသည်။
(သတင်းစဉ်)