Sep 25, 2020
ဓနုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ချိုက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် ဟောပြောချက်စာမူအား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှတစ်ဆင့် ပေးပို့လာပါသည်။ အဆိုပါ ဟောပြောချက်စာမူ အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
Sep 25, 2020
ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဦးသာထွန်းလှက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို စက်တင်ဘာ ၂၄ ရက် ညပိုင်းတွင် ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ်များမှ ဟောပြောတင်ပြခဲ့ပါသည်။ အဆိုပါ ဟောပြောတင်ပြချက်အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -
Sep 25, 2020
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် အစိုးရ၏ခွင့်ပြုချက်ဖြင့် နိုင်ငံပြင်ပရောက်ရှိနေသူများ ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် ကြိုတင်မဲပေးနိုင်ရေးအတွက် နိုင်ငံခြားရေးဝန်ကြီးဌာနက ပေးပို့လာသည့် ပုံစံ(၁၅)များကို သက်ဆိုင်ရာမြို့နယ်များက ဆန္ဒမဲပေးပိုင်ခွင့် ရှိ/မရှိစိစစ်ပြီး သက်ဆိုင်ရာမြန်မာသံရုံးများ၊ အဖွဲ့ရုံးနှင့် ကောင်စစ်ဝန်ချုပ်ရုံးများသို့ အချိန်မီပေးပို့နိုင်ရေး ဆောင် ရွက်လျက်ရှိရာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၁၈၈ ဦးအတွက် ကြိုတင်ဆန္ဒမဲလက်မှတ်နှင့်စာအိတ်များကို စက်တင်ဘာ ၁၈ ရက်တွင် ပထမအကြိမ်အဖြစ်လည်းကောင်း၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၂၀၄၂၆ ဦးအတွက် ကြိုတင်ဆန္ဒမဲလက်မှတ်နှင့် စာအိတ်များကို စက်တင်ဘာ ၂၃ ရက်တွင် ဒုတိယအကြိမ်အဖြစ်လည်းကောင်း လွှဲပြောင်းပေးအပ်ခဲ့ပြီး ဖြစ်သည်။
Sep 25, 2020
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနသည် မဟာဓာတ်အားလိုင်းပြင်ပ ကျေးလက်မီးလင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာ ရေးနှစ်အထိ လေးနှစ်တာကာလအတွင်း အိမ်သုံးဆိုလာစနစ်၊ အသေးစားဓာတ်အားစနစ်များဖြင့် ကျေးလက်အိမ်ခြေ ၄၃၄၄၈၀၊ လူဦးရေ နှစ်သန်းကျော်ခန့် လျှပ်စစ်မီးရရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့ပြီး လွှမ်းခြုံမှုရာခိုင်နှုန်းအနေဖြင့် မဟာဓာတ်အားလိုင်းပြင်ပဧရိယာ၏ ၃၂ ဒသမ ၇ ရာခိုင်နှုန်းခန့်ရှိပြီဖြစ်ကြောင်း သိရသည်။
Sep 25, 2020
ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ဒက္ခိဏသီရိရပ်ကွက် အထွေထွေစီးပွားရေးသမဝါယမအသင်းရှိ အသင်းသား ၁၂၉ ဦးအတွက် အစု စုဆောင်းငွေ၊ ပံ့ပိုးချေးငွေနှင့် အသင်းပိုင်ငွေများအပါအဝင် ငွေကျပ် ၃၀၉ ဒသမ ၆၀ သိန်းနှင့် ထောက်ပံ့ပစ္စည်းများကို မြို့နယ်သမဝါယမအသင်းစုမှ အသင်းသို့ပေးအပ်ခဲ့ပြီး အသင်းသားတစ်ဦးလျှင် ထုတ်ချေးငွေကျပ် ၂၄၀၀၀၀၊ စုဆောင်းငွေပေါ် အတိုးများကို အသင်းသားများ လက်ဝယ်အရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။
Sep 25, 2020
နိုင်ငံတော်၏ ကုန်ထုတ်စွမ်းအားတိုးတက်စေရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုရာတွင် စက်ရုံအလုပ်ရုံများ၏ ကုန်ထုတ်စွမ်းအားတိုးတက်ရေးအတွက် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး၊ လုပ်ငန်းခွင်အေးချမ်း သာယာရေး၊ စက်ရုံ၊ အလုပ်ရုံများရှိ အလုပ်သမားများအား လူမှုဖူလုံရေးအကျိုးခံစားခွင့်များရရှိရေးနှင့် ဆေးဝါးကုသပေးခြင်း၊ ဥပဒေပါရပိုင်ခွင့်များကို ပြည့်ပြည့်ဝဝမှန်မှန်ကန်ကန်ရရှိစေရေးတို့အား အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက် ရှိသည်။
Sep 25, 2020
၂၀၂၀ ပြည့်နှစ်အတွင်း စင်ကာပူနိုင်ငံမှ အိမ်ရှင်အဖြစ်ကျင်းပမည့် (၉) ကြိမ်မြောက် အာဆီယံဉာဏ်စမ်းပဟေဠိပြိုင်ပွဲ (ဒေသတွင်းအဆင့်) 9th ASEAN Quiz-Regional Level ပြိုင်ပွဲသို့ မြန်မာနိုင်ငံမှ ပါဝင်ယှဉ်ပြိုင်နိုင်ရေးအတွက် အာဆီယံဉာဏ်စမ်းပဟေဠိပြိုင်ပွဲ(နိုင်ငံအဆင့်) 9th ASEAN Quiz (National Level) ပြိုင်ပွဲရေးဖြေစစ်ဆေးခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက online မှတစ်ဆင့် Google Classroom စနစ်ဖြင့် ကျင်းပသည်။
Sep 25, 2020
ကုန်အမှတ်တံဆိပ် မှတ်ပုံတင်လျှောက်ထားခြင်းများ ကြိုတင်လက်ခံမည့် ကနဦးဖွင့်လှစ်ခြင်း (Soft Opening) အခမ်းအနားကို virtual စနစ်ဖြင့် ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာ ၁ ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
Sep 25, 2020
ယနေ့သတင်းများအရ မြန်မာနိုင်ငံတွင် ကိုဗစ်ရောဂါပိုး ဓာတ်ခွဲအတည်ပြု လူနာ စုစုပေါင်း ၈၃၄၄ ဦးရှိလာပါသည်။ ဆေးပညာရှင်များ၏ အဆိုအရ ဗိုင်းရပ်စ်ပိုး ကူးစက်ပြန့်ပွားမှုက ဆက်လက်ရှိနေဦးမည်ဖြစ်ပြီး ပိုးတွေ့ လူနာသစ် အရေအတွက်သည်လည်း နေ့စဉ်တိုးလာနေဦးမည်ဟု ခန့်မှန်း ထားပါသည်။
Sep 25, 2020
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုအခြေအနေသည် အထူးသဖြင့် ရန်ကုန်တိုင်းဒေသကြီးတွင် အများဆုံးဖြစ်ပွားနေဆဲ အဆင့်ရှိနေသေးသည်။ ရောဂါဖြစ်ပွားမှုနှုန်းကို အမြန်ဆုံးလျှော့ချနိုင်ရန်အတွက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ၂၀၂၀ ပြည့်နှစ် မတ်လကတည်းက ထုတ်ပြန် ကြေညာခဲ့သော စည်းမျဉ်း၊ စည်းကမ်းသတ်မှတ်ချက်များကို အလေးထား လိုက်နာဖို့လိုအပ်ပါသည်။
မလေးရှားနိုင်ငံ၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား မြန်မာနိုင်ငံသို့ပြန်လည်ခေါ်ဆောင်ခဲ့
Sep 24, 2020
၁။ နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထား ခြင်းကြောင့် မလေးရှားနိုင်ငံ၊ ဆာရာဝပ်ပြည်နယ်၌ အခက်အခဲ ကြုံတွေ့ နေရသည့် မြန်မာအလုပ်သမား (၈၈) ဦးအား မြန်မာသံရုံး၊ ကွာလာလမ်ပူ မြို့နှင့် ၎င်းတို့၏ ကုမ္ပဏီများမှ ပူးပေါင်းစီစဉ်သည့် Air Asia လေကြောင်း လိုင်း ကယ်ဆယ်ရေး လေယာဉ်ဖြင့် ပြန်လည် ခေါ်ဆောင်ခဲ့ရာ ယနေ့ (၁၇ ၀၀) နာရီအချိန်တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အဆင်ပြေ ချောမွေ့စွာ ပြန်လည် ရောက်ရှိခဲ့ကြပါသည်။
Sep 24, 2020
ကုန်အမှတ်တံဆိပ် မူပိုင်ခွင့် မှတ်ပုံတင်ခြင်းနှင့်စပ်လျဉ်းသည့် ရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ ၌ Virtual စနစ်ဖြင့် ကျင်းပသည်။
Sep 24, 2020
ပညာရေး၊နည်းပညာနှင့်သက်မွေးပညာကဏ္ဍ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ (Education and TVET Sector Coordination Group - ETVSCG) ၏ (၁၅) ကြိမ်မြောက် အစည်းအဝေး ကို ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် အွန်လိုင်းစနစ်ဖြင့် ကျင်းပသည်။
Sep 24, 2020
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ် ( ၁၉၆ / ၂၀၂၀) ၆/၂၀၂၀ လအတွက် ပေးသွင်းထားသော လုပ်ခလစာ၏ ၄၀ % ကို အာမခံအလုပ်သမားနှင့် မိသားစုအတွက် ငွေကြေးထောက်ပံ့မှု ခံစားခွင့်အဖြစ် ခွင့်ပြုထုတ်ပေးသွားမည်
Sep 24, 2020
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် ဇနီးဒေါ်စန်းစန်းမော်မိသားစုက ယနေ့နံနက်ပိုင်းတွင် ကိုဗစ်-၁၉ကာလအတွင်း သံဃာတော်ရှင်သူမြတ်များ ဆွန်း၊ ဆွမ်းဟင်းကိစ္စ တစ်ဖက် တစ်လမ်းမှ အထောက်အကူဖြစ်စေရန်နှင့် COVID-19ရောဂါ ကာကွယ်နိုင်ရေးအတွက် ပဲခူးမြို့ပေါ်ရှိ စာသင်တိုက်များ၊ ပရဟိတကျောင်းများနှင့် ဘိုးဘွားရိပ်သာများအား ဆန်၊ ဆီ၊ ငါးသေတ္တာနှင့် လက်သန့်ဆေးရည် ဘူးများအား သွားရောက် လှူဒါန်းပေးခဲ့သည်။
Sep 24, 2020
ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်သည် ယနေ့နံနက် (၈)နာရီအချိန် က စတင်၍ နိုင်ငံတော်မှထောက်ပံ့ပေးသော အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးခြင်းမှ တတိယအကြိမ်ငွေသားထောက်ပံ့ပေးခြင်းကို လားရှိုးမြို့နယ်အတွင်းရှိ ကျေးရွာများအရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
Sep 24, 2020
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်နှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဗမာတိုင်း ရင်းသားရေးရာဝန်ကြီး ဒေါက်တာ အောင်သန်းမောင်တို့ ဦးဆောင်သောအဖွဲ့သည် ယနေ့ နံနက် (၁၀)နာရီအချိန် က မိုင်းရယ်မြို့၊ ရပ်ကွက်(၁)ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးသို့ ရောက်ရှိခဲ့ပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးသိန်းဝင်းနှင့်အဖွဲ့ဝင်များ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး မြို့နယ်အဆင့် လုပ်ငန်းကော်မတီဝင်များနှင့် တွေ့ဆုံပါသည်။
Sep 24, 2020
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် ပြည်ပနိုင်ငံအသီးသီးသို့ ရောက်ရှိနေ ကြသည့် မြန်မာနိုင်ငံသားများ အနက်မှ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများသည် ကြိုတင် ဆန္ဒမဲလက် မှတ်ဖြင့် ကြိုတင်ဆန္ဒမဲ ပေးနိုင်ကြောင်းကို နိုင်ငံအသီးသီးရှိ မြန်မာ နိုင်ငံဆိုင်ရာသံရုံးများက အသိပေးကြေညာ ထားသည်။
Sep 24, 2020
အိန္ဒိယနိုင်ငံ Zydus Cadila ဆေးကုမ္ပဏီမှ ထုတ်လုပ်ပြီး ကိုဗစ်-၁၉ ရောဂါ ကုသရေးတွင် အသုံးပြုသည့် Remdesivir ထိုးဆေးများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန သို့ လှူဒါန်းပွဲကို စက်တင်ဘာ ၂၀ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ရှိ အိန္ဒိယသံရုံး၌ ပြုလုပ်သည်။
Sep 24, 2020
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်သည် ရွှေဘိုခရိုင် စီမံခန့်ခွဲ့မှုကော်မတီ ဥက္ကဋ္ဌ ဦးကိုကိုအောင်၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးသောင်းဟိန်း နှင့်အတူ တာဝန်ရှိသူများလိုက်ပါ၍ ယနေ့ ညနေ(၄)နာရီက ရွှေဘိုမြို့နယ်အတွင်းရှိ Quarantine Centre များသို့ သွားရောက်ကြည့်ရှု စစ်ဆေးအားပေးစကားများ ပြောကြားခဲ့ပြီး ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့သည်။