Skip to main content

UMFCCI မှ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာဆေးဝါးများ ဈေးကွက်အတွင်း ပြတ်လပ်မှုမရှိ စေရေးနှင့်ပြည်ပမှတင်သွင်းရာတွင် အဆင်ပြေချောမွေ့စေရေးဆိုင်ရာများ အရှိန်မြှင့်ဆောင်ရွက်လျက်ရှိ

 

နေပြည်တော် ဩဂုတ် ၇

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသဆေးရရှိရေး၊ ရောဂါကူးစက် ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရေး၊ ကောင်းမွန်သော ကျန်းမာရေးစောင့်ရှောက်မှုများ နည်းလမ်းတကျရရှိရေးအတွက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) သည် သက်ဆိုင်ရာကော်မတီများ၊ ဌာနများ၊ အဖွဲ့ အစည်းများနှင့် ချိတ်ဆက်၍ ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်များ၊ ကုန်သည်များ၊ အသင်းအဖွဲ့ ကိုယ်စားလှယ်များ နှင့် အရှိန်မြှင့်ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ၂၀၂၁ ခုနှစ် ဇူလိုင် ၂၅ ရက်တွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးဆိုင်ရာ ဆေးဝါးများဈေးကွက်အတွင်း ပြတ်လပ်မှုမရှိစေရေးနှင့် ပြည်ပမှ တင်သွင်းရာတွင် အဆင်ပြေချောမွေ့စေရေး အတွက် အသင်းချုပ်မှ အထွေထွေအတွင်းရေးမှူးချုပ် ဦးအေးဝင်းခေါင်းဆောင်သော UMFCCITask Force ကို စတင်ဖွဲ့စည်းခဲ့ပြီး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။

Task Forceသည် ကိုဗစ် -၁၉ ရောဂါ ကာကွယ်ကုသရေးနှင့်သက်ဆိုင်သည့်ဆေးဝါးများ၊ ဆေးပစ္စည်းကိရိ ယာများ တင်သွင်းရာတွင် အခက်အခဲများကို ပေါင်းစပ်ညှိနှိုင်းဖြေရှင်းပေးခြင်း၊ အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဦးစီးဌာန (FDA) သို့ One-Time Pemitop:cogpos ထားရာတွင် လက်ခံဆောင်ရွက်ပေးခြင်း၊ သက်ဆိုင်ရာဌာန အသီးသီးနှင့် ချိတ်ဆက်ညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်ပေးခြင်းတို့ကို ပြုလုပ်ပေးလျက်ရှိသည်။

အဆိုပါ Task Force ရုံးအဖွဲ့ကို အသင်းချုပ်ရုံးမြေညီထပ်၌ နေ့စဉ်ဖွင့်လှစ်ထားပြီး ဆေးဝါးနှင့် ဆေးပစ္စည်းကိရိ ယာများ တင်သွင်းထုတ်လုပ် ဖြန့်ဖြူးရောင်းချနေသည့် လုပ်ငန်းရှင်များအား ကူညီဆောင်ရွက်ပေးလျက်ရှိရာ ဖုန်းနံပါတ် ၀၉-၆၇၇၇၂၇၄၀၃။ ၀၉-၆၇၇၇၂၇၄၀၄၊ ၀၉၆၇၇၇၂၇၄၀၅ တို့ကို ဆက်သွယ် နိုင်ကြောင်း သိရသည်။

မောင်ဓန