Skip to main content

Sep 26, 2020

၂၀၂၀ ပြည့်နှစ် ကမ္ဘာ့ပင်လယ်ရေကြောင်းနေ့အခမ်းအနား ( World Maritime Day 2020) ကို ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ရှိ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (ရုံးချုပ်) အစည်းအဝေးခန်းမ၌ Virtual Platform မှ တစ်ဆင့် Online Celebration အဖြစ် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Sep 26, 2020

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ကြိုးပမ်းဆောင်ရွက်နေကြသည့် ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာန၊ ဆေးသုတေသနဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများအတွက် အလှူငွေပေးအပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၃ နာရီက ရန်ကုန်မြို့ ဒဂုံမြို့နယ် ဇီဝကလမ်း အမှတ်(၅)ရှိ ဆေးသုတေသနဦးစီးဌာန (ရုံးချုပ်) အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

ဆက်လက်ဖတ်ရှုရန်

Sep 26, 2020

ကမ္ဘာတစ်ဝန်းဖြစ်ပွားလျက်ရှိသော ကိုဗစ်-၁၉ ရောဂါကပ်ဆိုးကြီးက လူသားတို့အတွက် ကျန်းမာရေးဆိုးကျိုးသာမက စီးပွားရေး၊ လူမှုရေး၊ ပညာရေးကဏ္ဍများကိုပါ ရိုက်ခတ်လျက်ရှိပါသည်။ နေအိမ်တွင်နေထိုင်ရေးနှင့် လှုပ်ရှားသွားလာမှုများကို ကန့်သတ်ထားမှုကြောင့် လူမှုပေါင်းစည်းမှုများ၊ လူမှုအဆက်အသွယ်များ ပြတ်တောက်ကာ မိမိတို့လူသားများ အတွက် အထီးကျန်မှုများကို ဖြစ်ပေါ်စေပါသည်။

ဆက်လက်ဖတ်ရှုရန်

Sep 26, 2020

စက်တင်ဘာလ ၂၄ ရက်နေ့တစ်ရက်တည်း ကိုဗစ်ရောဂါပိုး ဓာတ်ခွဲ အတည်ပြုလူနာ တစ်ထောင်ကျော်သွားသည့်အတွက် မြန်မာနိုင်ငံသားတို့အကြား စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်ရပါသည်။ စိုးရိမ်ပူပန်မှုများရှိလာသည်နှင့်အတူ အမြဲတမ်းလိုလို လှုပ်ရှားတက်ကြွနေသည့် မြို့ကြီးများသည် ငြိမ်သက်တိတ်ဆိတ်သွားပါသည်။ လူအသွားအလာ၊ ကားအသွားအလာများ သိသိသာသာလျော့ပါး သွား၏။ စိုးရိမ်ပူပန်မှုကို ကာကွယ်ရေးစည်းမျဉ်းများ လိုက်နာခြင်းဖြင့် နိုင်ငံသားတို့၏တာဝန်ကို ထမ်းဆောင်ခြင်းဟု ဆိုရမည်ပင်။

ဆက်လက်ဖတ်ရှုရန်

Sep 25, 2020

(၈၃) ကြိမ်မြောက် ကြက်ခြေနီဗဟိုကောင်စီ အစည်းအဝေး ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် Videoconferencing စနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Sep 25, 2020

လမ်းပန်းဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ပြည်သူများအတွက် သွားလာရေး လွယ်ကူအဆင်ပြေစေရန် ဒုတိယအကြိမ် ကိုဗစ်-၁၉ ကာလအတွင်း အဆောက်အဦ၊ လမ်း၊ တံတား၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးနှင့် ကျေးလက်လမ်း / တံတားများ လက်ရှိဆောင်ရွက်ထားရှိမှု၊ လုပ်ငန်းတိုးတက်မှုအခြေအနေနှင့် လုပ်ငန်းများ အရှိန်အဟုန်မပြတ် ဆောင်ရွက်နိုင်ရန် တိုင်းဒေသကြီး၊ ပြည်နယ်ညွှန်ကြားရေးမှူးများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ဆောက်လုပ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမဆောင်မှ Video Conferencing ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Sep 25, 2020

၁။ နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် စင်ကာပူနိုင်ငံ၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား (၁၅၀) ဦး အား (၁၉) ကြိမ်မြောက် မြန်မာအမျိုးသား လေကြောင်းလိုင်း (MNA) ဖြင့် ပြန်လည် ခေါ်ဆောင်ခဲ့ရာ ယနေ့ (၁၇ ၀၀) နာရီ အချိန်တွင် လည်းကောင်း၊ ထိုင်းနိုင်ငံ၌ အခက်အခဲ ကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား (၄၁) ဦးအား (၉) ကြိမ်မြောက် မြန်မာအပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း ကယ်ဆယ်ရေး လေယာဉ်ဖြင့် ပြန်လည် ခေါ်ဆောင်ခဲ့ရာ ယနေ့ (၂၀ ၀၀) နာရီအချိန်တွင် လည်းကောင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေချောမွေ့စွာ အသီးသီးပြန်လည် ရောက်ရှိခဲ့ကြပါသည်။

ဆက်လက်ဖတ်ရှုရန်

Sep 25, 2020

၁။ (၂၄-၉-၂၀၂၀) ရက်နေ့တွင်ဓာတ်ခွဲစစ်ဆေးတွေ့ရှိခဲ့သော ဓာတ်ခွဲအတည်ပြုလူနာ (၆၈၇) ဦးအား မြို့နယ်အလိုက်တွေ့ရှိရမှုအခြေအနေများအား ဖော်ပြအပ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Sep 25, 2020

ကိုဗစ်-၁၉ ရောဂါ လူနာများနှင့် ထိတွေ့ဆက်စပ်သည့်သူများ ထားရှိရန် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ်(ရန်ကုန်)နှင့် ရန်ကင်းပညာရေးကောလိပ်တို့အား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ တိုင်းဒေသကြီး ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးနှင့် ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ၊ ဒုတိယဥက္ကဋ္ဌ၊ ဆေးတက္ကသိုလ်(၁)ရန်ကုန် ပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာ ဇော်ဝေစိုးတို့က ယနေ့ နံနက်ပိုင်းက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Sep 25, 2020

မော်တော်ယာဉ်တင်သွင်းခြင်းနှင့် သက်ဆိုင်သော လုပ်ငန်းများကြီးကြပ်ရေးကော်မတီ၏ (၃/၂၀၂၀) ကြိမ်မြောက် အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီ က စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ Zoom Application ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Sep 25, 2020

ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) နှင့် (အထက်မြန်မာပြည်) တို့၌ ဖွင့်လှစ် သင်ကြားလျက်ရှိသည့် အရာထမ်းလောင်း အခြေခံသင်တန်းကို Online မှ တစ်ဆင့် ဖွင့်လှစ် သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Sep 25, 2020

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် သည် ယနေ့နံနက်(၁၁) နာရီခွဲအချိန် က လားရှိုးမြို့ သီရိမင်္ဂလာမန်ဆူရှမ်းကျောင်း၌ လားရှိုးမြို့ ရပ်ကွက်များရှိ ပြည်သူ (၂၅၅)ဦးတို့အား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Sep 25, 2020

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ဗမာတိုင်းရင်းသားလူမျိုး ရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင်၊ အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးနေလင်းနှင့် တာဝန်ရှိသူများသည် ယနေ့နံနက် (၈)နာရီခွဲ က တန့်ယန်းမြို့ရှိ အောင်တော်မူစေတီဘုရားအား သွားရောက်ဖူးမျှော်ကြည်ညိုပြီး စေတီတော်အဆောက်အဦ တည်ဆောက်နေမှုကို ကြည့်ရှု၍ အောင်တော်မူစေတီကျောင်းထိုင်ဆရာတော်ထံ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ လှူဖွယ်ဝထ္ထုပစ္စည်းနှင့် အလှူတော်ငွေ ကျပ်သိန်း(၂၀)၊ သီဟသုဓမ္မမဏိဇောတဓရ ဦးကျော်စွာထွဋ်နှင့်ဇနီး ဒေါ်ပိုးဖြူ Shining Myanmar Co;Ltd.မှ အလှူငွေကျပ် (၁၀)သိန်း တို့ကို ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Sep 25, 2020

မွန်ပြည်နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် (တတိယအကြိမ်) ထောက်ပံ့မည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်း၌ မွန်ပြည်နယ်အစိုးရ အဖွဲ့ရုံး အောင်ဆန်းခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Sep 25, 2020

ကိုယ့်ဘေးမှာ ကိုဗစ်ရောဂါပိုး အမြဲရှိနေတယ်လို့ ယူဆပါ။ ဘယ်သူ့မှာ ပိုးမရှိဘူးဆိုတာ ဘယ်လိုမှ ပြောမရတဲ့ အနေအထားဖြစ်ပါတယ်။ အထူးသဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ဘယ်လိုမှ ပြောမရတဲ့ အနေအထား ဖြစ်ပါတယ်။ ဒါကြောင့် ဘယ်သူနဲ့ပဲ တွေ့တွေ့ ခြောက်ပေအကွာကနေ တွေ့ပါ။ Mask အမြဲတပ်ဆင်ပါ။ သတိရတိုင်း လက်ကို စက္ကန့် ၂၀ ကြာအောင်ဆေးပါ (ဒေါက်တာရဲမြင့်ကျော်)

ဆက်လက်ဖတ်ရှုရန်

Sep 25, 2020

ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်သည် ကိုဗစ်-၁၉ ကာလ ဆန်နှင့်စားသောက်ကုန် ဈေးနှုန်းများတည်ငြိမ်မှုရှိစေရေးအတွက် ကရင်ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှ တာဝန် ရှိသူများနှင့် ယမန်နေ့ မွန်းလွှဲ ၂ နာရီခန့်က ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Sep 25, 2020

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် သည် ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်း မြို့နယ် ကိုဗစ်−၁၉ ကော်မတီ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် ယမန်နေ့ မွန်းလွဲ(၂)နာရီခွဲအချိန်ခန့်က တန့်ယန်းမြို့နယ်ခန်းမ၌ တွေ့ဆုံကြောင်းသိရသည်။

ဆက်လက်ဖတ်ရှုရန်

Sep 25, 2020

ရန်ကုန် စက်တင်ဘာ ၂၄ ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်ရုံးကအပတ်စဉ် စနေနေ့တိုင်း ရွှေသွေးဂျာနယ်ကို ထုတ်ဝေဖြန့်ချိလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Sep 25, 2020

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် စိတ်ဖိစီးမှုလျော့ကျစေရန်နှင့် စိတ်ဓာတ်ရေးရာ မြင့်တက်စေရန် စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှုပေးခြင်း၊ တွေ့ကြုံရသည့်အခြေအနေ၊ အခက်အခဲများကို ကိုယ်တိုင်ဆုံးဖြတ်ချက်ဖြင့် ဖြေရှင်းကျော်လွှားနိုင်ရန် နှစ်သိမ့်အားပေးပံ့ပိုးမှုပေးခြင်းတို့ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာနက ဖုန်းဖြင့် ဝန်ဆောင်မှုပေးလျက်ရှိကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်