Skip to main content

ပြည်ထောင်စုဝန်ကြီးဦးလှမိုးသမဝါမလုပ်ငန်းများနှင့်ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများကွင်းဆင်း ကြည့် ရှုစစ်ဆေး


နေပြည်တော်  သြဂုတ် ၉


သမဝါမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးလှမိုးသည် ယနေ့ နံနက် ပိုင်းက တပ်ကုန်းမြို့နယ်၊ အေးချမ်းသာစံပြကျေးရွာရှိ  ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ IPRCCတို့ ပူးပေါင်းအကောင်အထည် ဖော်ဆောင် ရွက်ခဲ့သည့် “ကျေးရွာအဆင့် ဆင်းရဲမှုလျော့ချရေး စံပြစီမံကိန်း” အကောင် အထည်ဖော် ဆောင်ရွက်ထားရှိမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ယင်းစီမံကိန်းသည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၏ ငွေကြေးအထောက်အပံ့ဖြင့် (၂၀၁၈ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ) ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ကောင်စီနယ် မြေအတွင်းရှိ တပ်ကုန်းမြို့နယ်၊ အေးချမ်းသာစံပြကျေးရွာနှင့် လယ်ဝေးမြို့နယ်၊ မင်းပြင် ကျေးရွာ (၂)ရွာတို့ တွင် ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်စေရန်နှင့် လူနေမှုအဆင့် အတန်းများမြင့်မားလာ စေရန်ရည်ရွယ်၍  ရှေ့ပြေးစီမံကိန်းအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သော စီမံကိန်းဖြစ်ရာ ယခုစီမံကိန်းမှ ဆင်းရဲမှု လျော့ချ ရေးဆိုင်ရာ စွမ်းဆောင် ရည်မြင့်မားရေးနှင့် ကျေးလက်လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရေး လုပ်ငန်းများကို ပေါင်းစည်း ဆောင်ရွက်နိုင်မည့် စနစ်တစ်ခုကို ရရှိစေမည်ဖြစ်ပြီး ယင်းစနစ်ကို မြန်မာနိုင်ငံအတွက်သာမက အာဆီယံဒေသတွင်းရှိ အခြားသော ဆင်းရဲမှုလျော့ချရေးဆိုင်ရာ စီမံကိန်းများတွင်လည်း စံနမူနာအဖြစ် ထည့်သွင်း ဆောင်ရွက်သွားနိုင်မည်ဖြစ်သည်။
ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီးသည် တပ်ကုန်းမြို့နယ် နွယ်ရစ်ကျေးရွာ၊ စိန်ပန်းနွယ် လယ်ယာ(၂) အထွေထွေစီးပွားရေးသမဝါယမအသင်းသို့ရောက်ရှိကာ အမှုဆောင်များနှင့် တွေ့ဆုံ ၍ စိုက်ပျိုးရေး၊ မွေးမြူရေးကုန်ထုတ်လုပ်ငန်းများ တိုးတက်အောင် ဆောင်ရွက်ရန်နှင့် အသင်းသားများ၏ လိုအပ်ချက်များကိုဖြည့်ဆည်းဆောင်ရွက်ပေးရန် မှာကြားသည်။
(သတင်းစဉ်)