နေပြည်တော် သြဂုတ် ၈
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် တပ်မတော်မှ လိုအပ်သော ကူညီထောက်ပံ့လှူဒါန်းမှုများအား စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ အောက်ဆီဂျင်လိုအပ်ချက်များကို ပိုမိုဖြည့်တင်းပေးနိုင်ရန်အတွက် သန်လျင်တပ်နယ်ရှိ ရေတပ်သင်္ဘောကျင်းဌာနချုပ်တွင် KZO-100 အမျိုးအစား Oxygen Plant အား ဇူလိုင်လ ၂၁ ရက်နေ့မှစတင်၍ တပ်မတော်(ရေ)မှ အင်ဂျင်နီယာများဖြင့် တပ်ဆင်စမ်းသပ်မောင်းနှင်ခဲ့ရာ ယနေ့တွင် အောက်စီဂျင် ဓာတ်ငွေ့များ စတင်ထုတ်လုပ် ဖြည့်တင်းပေးနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။
ယခင် ရေတပ်သင်္ဘောကျင်းဌာနချုပ်ရှိ အောက်စီဂျင်စက်ရုံနှင့် ပင်လယ်သွားဆေးရုံ ရေယာဉ်(သံလွင်)တို့မှ တစ်နေ့လျှင် အောက်စီဂျင် ၄၀ ဆံ့ အလုံး ၁၅၀ ခန့်အား ထုတ်လုပ် ကူညီလှူဒါန်းလျက်ရှိရာ ယခုအချိန်တွင် အောက်စီဂျင်စက်ရုံအသစ်မှ တစ်နေ့လျှင် အောက်စီဂျင် လီတာ ၄၀ ဆံ့အိုး အလုံး ၄၀၀ ထွက်ရှိမည်ဖြစ်ပြီး၊ စုစုပေါင်း တစ်နေ့လျှင် အောက်စီဂျင် လီတာ ၄၀ ဆံ့ ၅၅၀ လုံးတို့အား ထုတ်လုပ်ပေးလျက်ရှိကြောင်းနှင့် ယခုကဲ့သို့ အောက်စီဂျင်စက်ရုံအသစ် တည်ဆောက်နိုင်ခဲ့ခြင်းကြောင့် အောက်ဆီဂျင် လိုအပ်ချက် မြင့်မားနေသည့် ပြည်သူ့ဆေးရုံများ၊ တပ်မတော်ဆေးရုံများ၊ ကိုဗစ်-၁၉ ရောဂါ ကုသရေး စင်တာများ၊ အရပ်ဘက်ပရဟိတအဖွဲ့အစည်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် အခြား အောက်စီဂျင်လိုအပ်နေသော ပြည်သူများထံသို့ ယခင်ထက်ပိုမိုကူညီထောက်ပံ့ ဖြန့်ဖြူး ပေးသွားနိုင်မည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
နောက်ဆုံးရသတင်းများ

21 May, 2025