Skip to main content

တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ဝယ်ယူထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး တစ်သန်း ထပ်မံရောက်ရှိ

နေပြည်တော် ဩဂုတ် ၈ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ဝယ်ယူထားသော Sinovac ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ၂ သန်းအနက် ဒုတိယအသုတ်အဖြစ် တင်ဆောင်လာသော ကာကွယ် ဆေး ၁ သန်းသည် Air China လေယာဉ်ဖြင့် ယနေ့ညနေပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိလာသည်။ အဆိုပါကာကွယ်ဆေးများကို ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်မြို့နယ် မင်းဓမ္မလမ်းရှိ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဗဟိုကာကွယ်ဆေး သိုလှောင်ခန်း၌ထားရှိပြီး ကျန်းမာရေးဝန်ကြီးဌာနမှ တိုင်းဒေသ ကြီးနှင့် ပြည်နယ်အလိုက် ဖြန့်ခွဲပို့ဆောင်ကာ လူဦးရေ၊ ရောဂါဖြစ်ပွား မှုအပေါ်မူတည်၍ ပြည်သူ့ဆေးရုံနှင့် ကာကွယ်ဆေးထိုး စုရပ်များတွင် National Development Plan အရ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကွင်းဆက်များ ဖြတ်တောက်နိုင်ရေးအတွက် ကာကွယ်ဆေးထိုးနှံရေး အစီအမံများ ကိုလည်း အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်လျက်ရှိသည်။ တရုတ်နိုင်ငံမှ ရောက်ရှိလာသော ကိုဗစ်-၁၉ ကာကွယ်ဆေးများကို ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း၊ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာထွန်းမင်းနှင့် ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ လက်ခံရယူကြသည်။ သတင်းစဉ်