Sep 04, 2021
ပြည်ပနိုင်ငံများမှ ဝင်ရောက် လာသည့် မြန်မာနိုင်ငံသားများ ကို နယ်စပ်ဂိတ်အသီးသီးတွင် လက်ခံဆောင်ရွက်ပေးလျက်ရှိရာ စက်တင်ဘာ ၁ ရက်နှင့် ၂ ရက် တို့တွင် ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့သို့ ဝင်ရောက်လာသည့် မြန်မာနိုင်ငံ သား အမျိုးသား ၆၆ ဦး၊ အမျိုးသမီး ၆၀ စုစုပေါင်း ၁၂၆ ဦး၊ ချင်းရွှေဟော်မြို့သို့ ဝင်ရောက်လာသည့် မြန်မာနိုင်ငံ သား အမျိုးသား ၃၇ ဦး၊ အမျိုး သမီး ၁၆ ဦး စုစုပေါင်း ၅၃ ဦး၊ လောက်ကိုင်မြို့သို့ ဝင်ရောက်လာ သည့် အမျိုးသား ခုနစ်ဦး၊ အမျိုးသမီး သုံးဦး စုစုပေါင်း ၁၀ ဦးနှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့သို့ ဝင်ရောက်လာ သည့် မြန်မာနိုင်ငံသား အမျိုးသား ၃၂၀၊ အမျိုးသမီး ၂၂၈ ဦး စုစုပေါင်း ၅၄၈ ဦးတို့ကို အသီးသီး လက်ခံခဲ့ကြသည်။
Sep 04, 2021
ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့်သူများကို ကုသရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အောက်ဆီဂျင်လိုအပ်ချက်များကို တစ်ဖက်တစ်လမ်း မှ အထောက်အကူ ပြုစေရန်အတွက် တပ်မတော်နှင့် အလှူရှင်များက အောက်ဆီဂျင်အိုးများ၊ ရောဂါကာကွယ်ရေး အထောက် အကူပြုပစ္စည်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တပ်မတော်ဆေးရုံများ၊ ကျန်းမာရေးဌာနများ၊ ကိုဗစ်စင်တာများနှင့် လူမှုကူညီရေး အသင်းအဖွဲ့များသို့ ပေးပို့လှူဒါန်းလျက်ရှိသည်။
Sep 04, 2021
လာအိုနိုင်ငံမှ လွှဲပြောင်းလာသည့် ရွှေ့ပြောင်းမြန်မာ အလုပ်သမား ၅၄၈ ဦးတို့သည် စက်တင်ဘာ ၁ ရက် က ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့ မိုင်းဖုန်း (က) ကျေးရွာအုပ်စုရှိ ဝမ်ပုံဆိပ်ကမ်းမှတစ်ဆင့် ပြန်လည်ဝင်ရောက်လာရာ တာဝန်ရှိသူများက ကြိုဆိုသည်။
Sep 04, 2021
ကိုဗစ်-၁၉ ရောဂါ အတည်ပြု လူနာများနှင့် သီးသန့်စောင့် ကြည့်ရမည့်သူများ ထားရှိရန် အတွက် တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးရှိ တပ်မတော် ဆေးရုံများ၊ နယ်မြေခံသင်တန်း ကျောင်းများ၊ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းများ၌ ကြိုတင် ပြင်ဆင်မှုများကို လုပ်ဆောင် လျက်ရှိပြီး ပြီးစီးသည့်နေရာ များတွင် စနစ်တကျလက်ခံ၍ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေး လျက်ရှိသည်။ ထို့ပြင် ကျန်းမာရေး ဝန်ကြီးဌာနနှင့် အခြားဌာန ဆိုင်ရာ တာဝန်ရှိသူများ၊ ပရဟိတ အဖွဲ့အစည်းများ၊ တာဝန်သိ ပြည်သူများနှင့် ပူးပေါင်း၍လည်း သက်ဆိုင်ရာ မြို့နယ်များ၌ Quarantine Center များကိုလည်း ပြင်ဆင်ဆောင်ရွက်လျက် ရှိသည်။
Sep 04, 2021
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ အပါအဝင် လူမျိုးမရွေး၊ ဘာသာမရွေး အသက် ၆၅ နှစ်နှင့်အထက် သက်ကြီး ဘိုးဘွားများ၊ ဌာန ဆိုင်ရာဝန်ထမ်းများ၊ တိုင်းရင်းသား ပြည်သူများနှင့် အကျဉ်း ထောင်များ၌ ပြစ်ဒဏ်ကျခံနေ သည့် အကျဉ်းသား၊ အကျဉ်းသူ များအား ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံနိုင်ရေး အတွက် ဆေးနှင့် ဆေးပစ္စည်းများကို တပ်မတော်လေယာဉ်များဖြင့် သယ်ယူပို့ဆောင် ပေးခြင်းများနှင့် ကာကွယ်ဆေး ထိုးနှံပေးခြင်းများကို ဝိုင်းဝန်း ကြိုးပမ်း ဆောင်ရွက်လျက် ရှိသည်။
Sep 04, 2021
စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ)အဖွဲ့ဝင်များ၊ ကျန်းမာရေး ဝန်ထမ်းများ၊ စေတနာ့ ဝန်ထမ်းများနှင့် ဒေသခံပြည်သူများ စားရေးအဆင်ပြေ စေရေးအတွက် တပ်မတော်နှင့် စေတနာရှင်အလှူရှင်များက စားသောက်ဖွယ်ရာများနှင့် ရောဂါ ကာကွယ်ရေးအထောက်အကူပြုပစ္စည်းများကို ထောက်ပံ့လှူဒါန်းလျက်ရှိသည်။
Sep 04, 2021
ကျန်းမာရေးဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တို့၏ စီစဉ်ကြီးကြပ်မှုဖြင့် အုတ်တစ်ချပ်သဲတစ်ပွင့်ဖောင်ဒေးရှင်းမှ တာဝန်ယူတည်ဆောက် ပြီးစီးခဲ့သည့် သုဝဏ္ဏ ကိုဗစ် -၁၉ ရောဂါ ကုသရေးစင်တာဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက ပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှစိုး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ၊ တိုင်းဒေသကြီး ကျန်းမာရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ထွန်းမင်း၊ အုတ်တစ်ချပ် သဲတစ်ပွင့်ဖောင်ဒေးရှင်း တည်ထောင်သူ ဦးဟိန်းထက်၊ စင်တာကုသရေးတာဝန်ခံ ဆေးရုံအုပ် ဒေါက်တာနိုင်လင်းထွန်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
Sep 04, 2021
တပ်မတော်မှ နိုင်ငံတော်ကာကွယ်ရေးတာဝန် များကို ထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရရှိခဲ့သော ဆေးအဆင့်နိမ့် အီးအေ (၁/၂) အရာရှိများအား နယ်ဘက်ဝန်ကြီးဌာန/အဖွဲ့အစည်းများသို့ လွှဲပြောင်းတာဝန်ထမ်းဆောင်နိုင်ရေး ဘုတ်အဖွဲ့အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်း အစည်းအဝေး ခန်းမတွင် ကျင်းပရာ ဘုတ်အဖွဲ့ဝင်များ၊ အီးအေ (၁/၂) အရာရှိများ တက်ရောက်ကြသည်။
Sep 04, 2021
တပ်ကုန်းမြို့နယ်နှင့် ဇေယျာသီရိမြို့နယ်တို့ရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများအား သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ဆွမ်းဆန်တော်၊ ဆီနှင့် ပဲလှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဇေယျာသီရိမြို့နယ် ခေတ်အေးကျောင်းတိုက်၌ကျင်းပရာ နေပြည်တော် တပ်ကုန်းမြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ မဟာဇနက ပရိယတ္တိစာသင်တိုက် ပဓာနနာယက၊ ဂန္ထဝါစကပဏ္ဍိတဘဒ္ဒန္တဝဏ္ဏရဟ အမှူးပြုသော ဆရာတော်ကြီးသုံးပါး ကြွရောက်တော်မူကြပြီး သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ဒုတိယဝန်ကြီး ဦးအေးထွန်း၊ အမြဲတမ်းအတွင်းဝန် ဦးမြင့်ဦးနှင့် တာဝန်ရှိသူများ တက်ရောက်ကြည်ညို ကြသည်။
Sep 04, 2021
တရုတ်ပြည်သူ့သမ္မတနိုင်ငံက လှူဒါန်းသော ကိုဗစ် - ၁၉ ကာကွယ်ဆေးတစ်သန်းနှင့် ငွေယွမ် သန်း ၂၀ တန်ဖိုးရှိ ကပ်ရောဂါ တိုက်ဖျက်ရေးဆိုင်ရာပစ္စည်းများ လှူဒါန်းပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် Virtual စနစ်ဖြင့် ကျင်းပသည်။
Sep 04, 2021
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌ ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ဒေသ စံတော်ချိန် နံနက်ပိုင်းတွင် မော်စကိုမြို့၊ အနောက်တောင်ဘက် ကူဘင်ကာမြို့၊ မျိုးချစ် ပန်းခြံရှိ ရုရှားတပ်မတော်၏ ပင်မဘုရားရှိခိုးကျောင်းတော်ကြီး Main Cathedrial of the Russian Armed Forces သို့ သွားရောက်လေ့လာကြည့်ရှုကြသည်။
Sep 04, 2021
ဒေသအလိုက် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးအစီအစဉ်များ ချမှတ်ဆောင်ရွက်ရေးဆိုင်ရာ ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်း တွင် နေပြည်တော်ရှိ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန၊ နီလာအစည်းအဝေးခန်းမ၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
Sep 04, 2021
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌ ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာ ၂ ရက် မွန်းလွဲပိုင်းတွင် မော်စကိုမြို့ရှိ Exhibition of Achievements of National Economy ရုရှားနိုင်ငံလုံးဆိုင်ရာပြခန်းများသို့ သွားရောက်လေ့လာခဲ့ကြသည်။
Sep 04, 2021
၂၀၂၀ ရွေးကောက်ပွဲနှင့်ပတ်သက်၍ ခိုင်မာစွာတွေ့ရှိထားသည့် မဲမသမာမှုများ၊ ဥပဒေ ဖောက်ဖျက်မှုများစသည့် အထောက်အထားများအရ ရွေးကောက်ပွဲရလဒ်ကို ဖျက်သိမ်းခဲ့ပြီး ဖြစ်သည်။ ရွေးကောက်ပွဲရလဒ်ကို ဥပဒေနှင့်အညီ ဖျက်သိမ်းပြီးသောအခါ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်အနက် နောက်ဆုံးလုပ်ငန်းစဉ်ဖြစ်သည့် “လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ပြန်လည် ကျင်းပပြီး အနိုင်ရသည့်ပါတီကို ဒီမိုကရေစီ စံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်လွှဲအပ်နိုင်ရေး” ဟူသော အရေးကြီးသည့်အချက်ကို ဆက်လက်ထမ်းရွက်နေပြီ ဖြစ်ရာ သတ်မှတ်ထားသော အချိန်ကာလအတွင်း ပြီးစီးရန် ဆောင်ရွက်နေသည်ကို တွေ့ရသည်။
Sep 04, 2021
အကြမ်းဖက်မှုများ ကျူးလွန်ခဲ့ကြသည့် အကြမ်းဖက်သမားများကို ဖော်ထုတ်ဖမ်းဆီးရမိသည့် သတင်းများနှင့်အတူ ကာယကံရှင် အကြမ်းဖက်သမားတို့၏ ဖွင့်ဟဝန်ခံချက်များကိုလည်း ရုပ်သံမီဒီယာများမှတစ်ဆင့် ပြည်သူတို့ တွေ့မြင်ကြားသိခွင့်ရခဲ့ကြသည်။ အကြမ်းဖက်မှုများ၏ နောက်ကွယ်မှ ကြိုးကိုင်သူများ၊ စေခိုင်းသူများသည် မည်သူမည်ဝါတို့ဖြစ်ကြောင်း၊ မည်သို့ ခိုင်းစေခဲ့သည်။ မည်သို့ကျူးလွန်ခဲ့သည်တို့ကို ၎င်းအကြမ်းဖက်မှုများအား ကာယကံမြောက် ကျူးလွန်ခဲ့သူတို့ကိုယ်တိုင်က ထုတ်ဖော်ပြောကြား ခဲ့ကြသည်။ အာဏာ လက်လွတ်ဖြစ်ခဲ့ရသည့် နိုင်ငံရေးသမားတို့က တက်ကြွသူ၊ ခံစားချက် ပြင်းထန်သူ၊ စွန့်စားသူလူငယ်တို့ကို နောက်ကွယ်မှ မြှောက်ပင့်ပေး၍လည်းကောင်း၊ လက်နက်ငွေကြေးတို့ ထောက်ပံ့ပေး၍လည်းကောင်း၊ အသိမှား အမြင်မှားတို့ဖြင့် ဝါဒမှိုင်းတိုက်၍လည်းကောင်း နည်းအမျိုးမျိုးသုံးကာ ၎င်းတို့၏ နိုင်ငံရေးလိုဘ များအတွက် လူငယ် လူရွယ်များကို စတေးခဲ့ကြခြင်းဖြစ်သည်။
Sep 03, 2021
ကြက်သွန်နီ စိုက်ပျိုး ထုတ်လုပ်သူတောင်သူများနှင့် ကုန်သည် လုပ်ငန်းရှင်များအနေဖြင့် အကျိုးတူပူးပေါင်း ထုတ်လုပ်မှုနှင့် ဈေးကွက်အခြေအနေ ထိန်းညှိနိုင်ရေးကို ပူးပေါင်း ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ စက်ကိရိယာ အသုံးပြုခြင်း၊ စိုက်ပျိုးရေ စီမံခန့်ခွဲခြင်းနှင့် သွင်းအားစုကို စနစ်တကျသုံးစွဲ၍ စရိတ်လျှော့ချခြင်းနှင့် အထွက်နှုန်း ကောင်းမွန်ရေး နည်းပညာများ လိုက်နာ အသုံးပြုခြင်း စသည်တို့ကို စနစ်တကျလုပ်ကိုင်ဆောင်ရွက်ကြမှသာ ဈေးကွက် ယှဉ်ပြိုင်နိုင်မည်ဖြစ်ကြောင်း၊ အရည်အသွေး မထိခိုက်စေရန် သိုလှောင်နိုင်သည့် အဆင့်မြင့် သိုလှောင်ရုံများ အသုံးပြုနိုင်ရေး၊ တန်ဖိုးမြှင့် ကုန်ချောများအဖြစ် ထုတ်လုပ် နိုင်ရေးအတွက် ရင်းနှီးမြုပ်နှံမှုများကို နိုင်ငံတော်အစိုးရက အားပေးဆောင်ရွက်လျက်ရှိကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးက ပြောကြားသည်။
Sep 03, 2021
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် စက်တင်ဘာ ၂ ရက် နံနက်ပိုင်းတွင် တာဝန် ရှိသူများနှင့်အတူ မန္တလေးမြို့ ရွှေမန်းတောင် အားကစားကွင်းရှိ အားကစားသမားများ စခန်းဝင်လေ့ကျင့်နေထိုင်ရန် တည်ဆောက်ပြီးဖြစ်သော (၄) ထပ်ဆောင်နှင့် အားကစားသမားများကို ကျွေးမွေရန်ပြင်ဆင် ဆောင်ရွက်ထားရှိမှုများ ကိုလည်းကောင်း၊ ရွှေမန်းတောင် ဘောလုံးအားကစားကွင်းနှင့် ကွင်းစိမ်းလန်းစိုပြည်ရေး မြေအောက်ရေဂါလံ (၁၀၀၀၀) ဆံ့ ရေကန်နှင့် ဂါလံ (၃၂၀၀) ဆံ့ ပေ (၃၀) မြင့် ရေစင်တည်ဆောက်နေမှုကို လည်းကောင်း၊ အောင်မြေမန္တလာ ဘောလုံးကွင်းကို တိုင်းဒေသကြီးအဆင့် ဘောလုံးကွင်းအဖြစ် ပြန်လည်ပြုပြင် ပြင်ဆင်ဆောင်ရွက်နေမှုနှင့် အောင်မြေမန္တလာ မိုးလုံလေလုံအားကစားရုံကို လည်းကောင်း၊ ဗထူးအားကစားကွင်း ပြုပြင်ရေးလုပ်ငန်းများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး မန္တလေးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ဝန်ထမ်းများနှင့်တွေ့ဆုံကာ လိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။
Sep 03, 2021
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပစ္စည်းများကို အများပြည်သူရုံးပိတ်ရက်များတွင် လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ နှောင့်နှေး ကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေး အတွက် အချိန်နှင့်တစ်ပြေးညီ စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။
Sep 03, 2021
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ရောဂါ ထိန်းချုပ်ရေးလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ပြည်သူလူထု အနေဖြင့် -
Sep 03, 2021
တာမွေမြို့နယ်၊ နတ်မောက်ရပ်ကွက်၊ နတ်မောက်ရိပ်သာလမ်းနှင့် ဖိုးစိန်လမ်းထောင့်တွင်ရှိသည့် Two Two Five Hotel တွင် လောင်းကစားဝိုင်းများပြုလုပ်နေကြောင်း သိရှိရသည့်အတွက် သြဂုတ်လ ၃၁ ရက် ညနေ ၆ နာရီကျော်တွင် ဝင်ရောက်ဖမ်းဆီး ခဲ့ကြောင်း သိရသည်။
