Skip to main content

သီကျူးနွှဲပျော် တန်ဆောင်တိုင်ပွဲတော် တေးဂီတဖျော်ဖြေမှုကို မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၌ ပြသမည်

 

နေပြည်တော် နိုဝင်ဘာ ၁ဝ

 

“သီကျူးနွှဲပျော် တန်ဆောင်တိုင်ပွဲတော် တေးဂီတဖျော်ဖြေမှု ပွဲစဉ်(၇) ကို နိုဝင်ဘာ ၁၂ ရက် (သောကြာနေ့) ည ၈ နာရီ သတင်းအပြီးတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၌ ထုတ်လွှင့်ပြသမည် ဖြစ်သည်။

ယင်းအစီအစဉ်ကို “စန္ဒရား ဘိုတာထွန်းညွန့် တေးဂီတအဖွဲ့” ၏ တီးခတ်မှုနှင့်အတူ တေးသံရှင်များ ဖြစ်ကြသည့် အိအိချွန်၊ ကျော့ကေခိုင်၊ မြတ်နိုးစံ၊ ကောင်းမြင့်စံ၊ ကိုထက်၊ ကျော်ထက်လွင်၊ သဲဦးသစ္စာ၊ ပြည်မိုး၊ ပွင့်စံပယ်နှင့် ဟိန်းဇော်လင်းတို့က ဖျော်ဖြေတင်ဆက်ကြမည် ဖြစ်သည်။

 

သီကျူးနွှဲပျော် တန်ဆောင်တိုင်ပွဲတော် တင်ဆက်မှုကို နိုဝင်ဘာ ၁၄ ရက် (တနင်္ဂနွေနေ့) နံနက် ၁၀ နာရီခွဲတွင် ဒုတိယအကြိမ် ထပ်မံ ထုတ်လွှင့်ပြသမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်