Skip to main content

မြစ်ကြီးနားမြို့နှင့် စစ်တွေမြို့တို့၌ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ

 

နေပြည်တော် နိုဝင်ဘာ ၁၀

 

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် မြစ်ကြီးနားမြို့ လယ်ကုန်းရပ်ကွက်နေ မခင်အေး၏နေအိမ်ကို ဝင်ရောက်ရှာဖွေရာ ၎င်းနှင့်အတူ သိန်းလွင်ကိုတွေ့ရပြီး ဘိန်းဖြူ သုည ဒသမ ၂၁ ကီလိုကိုလည်းကောင်း။

 

ကွင်းဆက်အရ ညနေ ၅ နာရီ ၄၅ မိနစ်တွင် လယ်ကုန်းရပ်ကွက်နေ သိန်းလှိုင်၏နေအိမ်ကို ဝင်ရောက်ရှာဖွေရာ ဘိန်းဖြူ သုည ဒသမ ၀၁ ကီလိုကိုလည်းကောင်း၊ အလားတူ ယင်းနေ့ ညနေ ၄ နာရီခွဲတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် စစ်တွေမြို့ မင်းဂံရပ်ကွက်နေ မောင်ဖြူ၏နေအိမ်ကို ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၆၆၅ပြားကို လည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

ရဲပြန်ကြား