Skip to main content

Feb 09, 2021

စားသုံးသူရေးရာဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် စားသုံးသူ အကာအကွယ် ပေးရေး၊ ပြည်တွင်းကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေးနှင့် ထုတ်ကုန်လုံခြုံစိတ်ချမှု ဆိုင်ရာလုပ်ငန်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည့် အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီ တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ (၁)၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 09, 2021

ဟိုတယ်နှင့် ခရီးသွားလာရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် ဝန်ကြီးဌာန နီလာအစည်းအဝေးခန်းမ၌ Social Distancing စနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 09, 2021

တိုင်းရင်းသားရိုးရာယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းမြှင့်တင်ရန်ရည်ရွယ်၍ တတိယ အကြိမ် သွေးချင်းတို့ရဲ့ ပွဲတော်ဆီ(၂၀၂၁) အောင်မြင်စွာ ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီခွဲတွင် တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ တားဆီးကာကွယ်ရေး၊ ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 09, 2021

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုသည် ယနေ့ နံနက် ၁၀ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်ရှိ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် ခေတ္တဒုတိယပါမောက္ခချုပ် ဆရာတော် အဂ္ဂမဟာ ဂန္ထဝါစက ပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ အဂ္ဂမဟာကမ္မဋ္ဌာနာ စရိယ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ ဒေါက်တာ ဘဒ္ဒန္တဆေကိန္ဒအား သွားရောက်ဖူးမြော် ကြည်ညိုကြသည်။

ဆက်လက်ဖတ်ရှုရန်

Feb 09, 2021

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်တို့သည် ယနေ့ မွန်းလွဲ ၁ နာရီ တွင် နေပြည်တော်၌ နိုင်ငံခြားရေးဝန်ကြီးဌာနရှိ အရာရှိကြီးများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Feb 09, 2021

နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွင်းရှိ မြို့နယ်များ၌ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၈ ရက်နှင့် ယနေ့တို့တွင် ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ-၁၄၄ အရ အမိန့် ထုတ်ပြန်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Feb 09, 2021

(၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၉)ရက်နေ့ ည(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်)

ဆက်လက်ဖတ်ရှုရန်

Feb 09, 2021

(၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၉)ရက်နေ့ ညနေ‌(၄:၀၀)နာရီအချိန် ထုတ်ပြန်ချက်)

ဆက်လက်ဖတ်ရှုရန်

Feb 09, 2021

ယနေ့နံနက်(၀၉:၃၀)နာရီအချိန်ထိမိုးလေဝသတိုင်းထွာချက်အ­­­ကျဉ်းချုပ်။ လွန်ခဲ့သော(၂၄)နာရီအတွင်းက ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း) တို့တွင် နေရာအနှံ့အပြား၊ ကယားပြည်နယ်တွင် နေရာစိပ်စိပ်၊ မန္တလေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း)တို့တွင် နေရာကျဲကျဲနှင့် နေပြည်တော်၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာခဲ့ပြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းခဲ့ကာ၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ် တို့တွင် အများအားဖြင့် သာယာခဲ့ပါသည်။

ဆက်လက်ဖတ်ရှုရန်

Feb 09, 2021

တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ တိုင်းရင်းသားပြည်သူများ၏ကျန်းမာ ရေးဆိုင်ရာကုသ ပေးရန် အခက်အခဲ များ ဖြစ်ပေါ်မှုများကို တစ်ထောင့် တစ်နေရာမှ အထောက်အကူပြု စေရန် အတွက် မြို့နယ်အသီးသီးရှိ တပ်မတော်ဆေးရုံများ၌ ယာယီကုသ ရေးဆေးရုံများဖွင့်လှစ်၍ တပ်မတော် မှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာ ပြုများဖြင့် စုဖွဲ့ ထားရှိကာ ကျန်းမာ ရေးစောင့် ရှောက်မှုများ ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Feb 09, 2021

COVID-19 ကူးစက်ရောဂါ ကာကွယ် ထိန်းချုပ်ရေး ကာလတွင် ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများတွင် ဆွမ်းကိစ္စများ အဆင်ပြေစေရန် အတွက် တိုင်းစစ်ဌာနချုပ်များ အလိုက် လှူဒါန်းလျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး အောင်စိုးသည် အရှေ့တောင်တိုင်း စစ်ဌာနချုပ် ရေးတပ်နယ်မှ တာဝန်ရှိ သူများနှင့်အတူ မွန်ပြည်နယ်၊ ရေးမြို့၊ ပုဇ္ဇရာမကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တပုဗ္ဗရမ္မ အမှူး ပြုသော သံဃာတော်များအား ဖူးမြော်ကြည်ညိုပြီး ဆရာတော်ထံမှ ငါးပါးသီလခံယူ ဆောက် တည်ကြသည်။ ထို့နောက် သာသနာရေးဆိုင်ရာများ လျှောက်ထားကာ ဆွမ်းဆန်တော်၊ ဆီနှင့် လှူဖွယ် ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

ဆက်လက်ဖတ်ရှုရန်

Feb 09, 2021

ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး တေဇကျော်၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကိုကိုဦးတို့သည် တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်း တွင် မန္တလေးမြို့ တိရစ္ဆာန်ဥယျာဉ် (ရတနာပုံ)၌ တပ်မတော်သားများနှင့် မြန်မာနိုင်ငံ မီးသတ် တပ်ဖွဲ့ ဝင်များ သန့်ရှင်း ရေးဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှုအားပေးသည်။

ဆက်လက်ဖတ်ရှုရန်

Feb 09, 2021

နိုင်ငံတစ်ဝန်းရှိ ဘုရားစေတီပုထိုးများကို ဖေဖော်ဝါရီ ၈ ရက်မှစတင်၍ COVID- 19 စည်းမျဉ်း၊ စည်းကမ်း များနှင့်အညီ ဖူးမြော်ခွင့်ပြုပေးမည်ဖြစ်ရာ ဘုရားဖူး ပြည်သူများ စိတ်အေးချမ်း သာစွာ ဖူးမြော်ကြည်ညို တရားဘာဝနာပွားများ နိုင်ရေးနှင့် ဘုရားစေတီပုထိုးများ ၏ ပတ်ဝန်း ကျင် သန့်ရှင်းသာယာလှပရေး အတွက် တိုင်းစစ်ဌာနချုပ်အသီးသီးမှ တပ်မတော်သားများနှင့် မိသားစုဝင်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် များနှင့် မီးသတ် တပ်ဖွဲ့ဝင်များက စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။ ။

ဆက်လက်ဖတ်ရှုရန်

Feb 09, 2021

ပြည်တွင်း၊ ပြည်ပဘုရားဖူးခရီးသွားဧည့်သည်များ လာရောက်လည်ပတ်ရာ ကမ္ဘာ့အမွေအနှစ် စာရင်းဝင် မန္တလေးတိုင်းဒေသကြီး ပုဂံညောင်ဦး ရှေးဟောင်း ယဉ်ကျေးမှုနယ်မြေရှိ သမိုင်း ဝင်တန်ခိုးကြီး ဘုရားများနှင့် စေတီပုထိုးများကို ယခင်က ကိုဗစ် - ၁၉ ရောဂါကြောင့် ယာယီပိတ်ထားခဲ့ရာမှ ဖေဖော်ဝါရီ ၈ရက် နံနက်ပိုင်းမှစပြီး ကိုဗစ် - ၁၉ ကာကွယ်ရေး စည်းကမ်း ချက်များ နှင့်အညီ ပြန်လည် ဖွင့်လှစ်ခဲ့ ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Feb 09, 2021

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးသည် ဖေဖော်ဝါရီ ၇ ရက်တွင် အမြဲတမ်းအတွင်းဝန် ဦးကျော်မင်းဦး၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ် များနှင့်အတူ ပျဉ်းမနားမြို့နယ်ရှိ GAP စံပြစိုက်ကွင်းကိုလည်းကောင်း၊ တပ်ကုန်းမြို့နယ် အေးချမ်းသာကျေးရွာ၌ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ကျေးရွာအဆင့် ဆင်းရဲမှု လျှော့ချရေး စံပြစီမံကိန်း လုပ်ငန်းများနှင့် ပေတော ဥစားကြက် မွေးမြူရေးခြံ ကိုလည်းကောင်း၊ ငလိုက်ရေလှောင်တမံနှင့် ဆည်ရေသောက် စနစ်များကိုလည်းကောင်း လေ့လာကြည့်ရှုပြီး စီမံကိန်းတွင် ပါဝင်ဆောင်ရွက်နေကြသူများနှင့် လုပ်ငန်းအကောင်အထည်ဖော်မှုနှင့် ရှေ့လုပ်ငန်းစဉ် များကို ဆွေးနွေးသည်။

ဆက်လက်ဖတ်ရှုရန်

Feb 09, 2021

အိမ်တွင်းအကြမ်းဖက်မှုဆိုသည်မှာ မိသားစုဝင်များ သို့မဟုတ် မိသားစုနှင့် ဆက်စပ်ပတ်သက် သူများကြား ဖြစ်လေ့ရှိသည့် ကျဉ်းမြောင်းသော အကြမ်းဖက်မှုကို ဆိုလိုသည်။ အိမ်တွင်း အကြမ်းဖက်မှုသည် အသေးအမွှားမှ အစပြုပြီးကြီးမားသည့် ဒုစရိုက်မှုပုံသဏ္ဌာန်အထိ ဖြစ်နိုင်ပါသည်။ သို့သော် အိမ်တိုင်းအိမ်တိုင်းတော့ မဟုတ်ပေ။ မေတ္တာတရားမပွားနိုင်သော အချို့ မိသားစုတွင်း၌ ဖြစ်တတ်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Feb 09, 2021

လွန်ခဲ့သည့် ဆယ်စုနှစ်တစ်ခုအတွင်း မြန်မာနိုင်ငံ တစ်ဝန်းတွင် မီးလောင်မှုများက တရိပ်ရိပ်တိုးလာသည်။ ဆယ်နှစ်တာအတွင်း မီးလောင်မှု များတွင် ရန်ကုန်နှင့် မန္တလေးမြို့ကြီးများရှိ ခေတ်မီဈေးကြီးများနှင့် နာမည်ကြီး ဟိုတယ် တို့လည်း မီးဘေးသင့်ခံခဲ့ကြရသည်။ နှစ်စဉ်တန်ဖိုးငွေကျပ် သန်းထောင်ပေါင်းများစွာ ဆုံးရှုံး ခဲ့ရပြီး လူများလည်း ရာနှင့်ချီ၍ သေဆုံးခဲ့ရာ မီးဘေးအန္တရာယ်၏ အတိုင်းအဆ ပမာဏ ကြီးမားမှုကို သတိမူဖွယ်ဖြစ်သလို မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် လူတိုင်းသတိ ဝီရိယနှင့် ဝါယမစိုက်ကြရန်လည်း လိုအပ်မည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Feb 08, 2021

Covid-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (၈-၂-၂၀၂၁) ရက်နေ့၊ ည (၈:၀၀)နာရီ

ဆက်လက်ဖတ်ရှုရန်

Feb 08, 2021

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက် ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ အဖွဲ့ဝင်များအားတွေ့ဆုံပြီး နိုင်ငံရေး၊ စီးပွားရေး၊လူမူရေး၊ အုပ်ချုပ်ရေး၊ ငြိမ်းချမ်းရေး၊ တရားဥပဒေ စိုးမိုးရေးတို့နှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်