Skip to main content

Sep 02, 2021

Myanmar Hard Talk မှ သတင်းထောက် ဦးဥက္ကာက NUG၊ CRPH တို့ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီမှ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာခဲ့ခြင်းရှိကြောင်း၊ ယနေ့အချိန်အထိ ၎င်းတို့၏ လုပ်ရပ်များက တကယ့်အကြမ်းဖက်လုပ်ရပ်ဖြစ်နေခြင်းကို ထင်ထင်ရှားရှား တွေ့မြင်နေရပြီ ဖြစ်ကြောင်း၊ အကြမ်းဖက် အဖွဲ့အစည်းများကို အရေးယူရန်အတွက် အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့ Interpol အပါအဝင် ဒေသတွင်းနိုင်ငံများက အစိုးရများနှင့်ပူးပေါင်းပြီး ဆောင်ရွက်မှု ရှိ/မရှိ သိလိုပါကြောင်း မေးမြန်းသည်။

ဆက်လက်ဖတ်ရှုရန်

Sep 02, 2021

ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာကံဇော်သည် တိုင်းဒေသကြီး/ပြည်နယ် စာရင်းစစ်ချုပ်ရုံးများမှ တာဝန်ခံ ညွှန်ကြားရေးမှူးများနှင့် ယနေ့နံနက် ၉ နာရီတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Sep 02, 2021

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ အပါအဝင် လူမျိုးမရွေး၊ ဘာသာမရွေး အသက်(၆၅)နှစ်အထက် သက်ကြီးဘိုးဘွားများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ တိုင်းရင်းသားပြည်သူများနှင့် အကျဉ်းထောင်များ၌ ပြစ်ဒဏ်ကျခံနေသည့် အကျဉ်းသား၊ အကျဉ်းသူများအား ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် ဆေးနှင့်ဆေးပစ္စည်း များကို တပ်မတော် လေယာဉ်များဖြင့် သယ်ယူပို့ဆောင်ပေးခြင်းများနှင့် ကာကွယ်ဆေးထိုးနှံ ပေးခြင်းများကို ဝိုင်းဝန်း ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Sep 02, 2021

တပ်မတော်(ကြည်း၊ရေ၊လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင် အလှူရှင်များက ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ကာလအတွင်း ဆွမ်းကိစ္စရပ်များ အဆင်ပြေစေရန်ရည်ရွယ်၍ မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီး ကျောင်းများ၊ သာသနာ့နွယ်ဝင် သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများတွင် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ်ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေး စစ်ဆေးပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Sep 02, 2021

အကောက်ခွန်ဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးပစ္စည်းများအား လေကြောင်း၊ ဆိပ်ကမ်း၊ နယ်စပ်ဂိတ်အသီးသီးမှ ရုံးပိတ်ရက်ရှည်ကာလအတွင်း နေ့စဉ်ရုံးပိတ်ရက် မရှိ လွယ်ကူချောမွေ့စွာ စစ်ဆေးထုတ်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Sep 02, 2021

ကိုဗစ်-၁၉ ရောဂါအတည်ပြု လူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့် သူများထားရှိရန်အတွက် တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးရှိ တပ်မတော်ဆေးရုံ များ၊ နယ်မြေခံသင်တန်းကျောင်းများ၊ စစ်ကြောရေးနှင့်တည်းခိုရေးစခန်းများ၌ ကြိုတင်ပြင်ဆင်မှုများကို လုပ်ဆောင်လျက်ရှိပြီး ပြီးစီးသည့်နေရာများတွင် စနစ်တကျလက်ခံ၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။ ထို့ပြင် ကျန်းမာရေးဝန်ကြီးဌာနနှင့် အခြားဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပရဟိတအဖွဲ့အစည်းများ၊ တာဝန်သိပြည်သူများနှင့် ပူးပေါင်း၍လည်း သက်ဆိုင်ရာ မြို့နယ်များ၌ Quarantine Center များကိုလည်း ပြင်ဆင်ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Sep 02, 2021

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီသို့ သတ္တမအကြိမ် အလှူငွေပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီ မြို့တော်ခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Sep 02, 2021

ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်အတွင်း တောင်ကျရေများကျဆင်းပြီး ဘုံချောင်း၊ နတ်ရေတွင်းချောင်းနှင့် ကျွဲမသေချောင်းတို့ ရေလျှံမှုများကြောင့် အုတ်တွင်း မြို့နယ်၊ ကျွဲပွဲမြို့နှင့် ညောင်ခြေထောက်မြို့တို့ရှိ ကျေးရွာများ၊ ကားလမ်း၊ ရထားလမ်းတို့၌ ရေဝင်ရောက်မှုများဖြစ်ပေါ်ခဲ့ရာ ယနေ့တွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်မှ နယ်မြေခံ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများ ပူးပေါင်း၍ ရေဘေးကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ဆက်လက်ဖတ်ရှုရန်

Sep 02, 2021

ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းဖြစ်ပွားနေသည့်ကာလအတွင်း ရန်ကုန်တိုင်းဒေ သကြီးအတွင်းရှိ ပြည်သူများ၏ ဆေးဝါးလိုအပ်ချက်အား ဖြည့်ဆည်းပေးနိုင်ရေး၊ ဆေးဝါးများလွယ်လင့်တကူ ဝယ်ယူနိုင်ရေး အရည်အသွေးနှင့်ဈေးနှုန်းမှန်ကန်စွာ ရရှိစေရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ညွှန်ကြားချက်အရ မြန်မာနိုင်ငံ ဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း၏စီစဉ်မှုဖြင့် ဒုတိယနေရာအဖြစ် ပန်းဘဲတန်းမြို့နယ်၊ ကုန်သည်လမ်းနှင့် ဗိုလ်ဆွန်ပက်လမ်းထောင့်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုဗဟိုဌာန အဆောက်အအုံ၌ အိမ်သုံးဆေးဝါးများ လက်လီလက်ကား ဖြန့်ဖြူးရောင်းချခြင်းအစီအစဉ်ကို ဆောင်ရွက်ခဲ့ရာ ယနေ့တွင် ဆေးနှင့် ဆေးပစ္စည်း ဖြန့်ဖြူးရောင်းချသောကုမ္ပဏီ ၁၅ ခုမှ အိမ်သုံးဆေးဝါး ၂၀၈ မျိုးကို ရောင်းချပေးလျက်ရှိပြီး ငွေကျပ် ၅၁ သိန်းကျော်တန်ဖိုးရှိ ဆေးနှင့်ဆေးပစ္စည်းများကို ရောင်းချခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Sep 02, 2021

မြန်မာ့တပ်မတော်တင့်တပ်ဖွဲ့အနေဖြင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ဩဂုတ် ၂၂ ရက်မှစတင်၍ ကျင်းပလျက်ရှိသည့် International Army Games-2021 ပြိုင်ပွဲတွင် ပါဝင်သော တင့်ကား မောင်းနှင်ပစ်ခတ်ခြင်းပြိုင်ပွဲ Tank Biathlon (Division-2) ၌ ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိပြီး အုပ်စုပွဲစဉ်များကို အဆင့်ဆင့်ဖြတ်ကျော်ကာ အုပ်စုဒုတိယနေရာမှ ရပ်တည်နိုင်ခဲ့ပြီး ဗိုလ်လုပွဲ အဆင့်သို့ ထိုက်တန်စွာ တက်ရောက်နိုင်ခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Sep 02, 2021

“ကိန်းဂဏန်းအချက်အလက်များအရ ရောဂါကူးစက်ဖြစ်ပွားမှုနှုန်း လျော့ကျလာပြီး အဆိုပါအချက်အလက်များသည် မှန်ကန်ခိုင်မာမှုရှိရန် လိုအပ်မည်ဖြစ်ကြောင်း၊ ဖြစ်ပွားနှုန်းအမှန်တကယ် လျော့နည်းလာမှသာ တင်းကျပ်ထားသည့် ကျန်းမာရေးဆိုင်ရာ စည်းကမ်းချက်များကို ဖြေလျှော့ပေးနိုင်မည်ဖြစ်ကြောင်း၊ ဒုတိယလှိုင်း၌ ရောဂါကူးစက်မှုနှုန်း လျော့ကျစဉ် ပေါ့ဆစွာဖြင့် နေထိုင်သွားလာခဲ့ခြင်းကြောင့် တတိယလှိုင်းဖြစ်ပွားစဉ် အခက်အခဲများစွာဖြင့် ရင်ဆိုင်တွေ့ကြုံခဲ့ရမှုများကို သင်ခန်းစာယူရမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ (၁၀) ကြိမ်မြောက် အစည်းအဝေးတွင် ပြောကြားခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Sep 02, 2021

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ကို အာမခံထားသည်။ လက်ရှိဖြတ်သန်းနေကြရသည့် အရေးပေါ်ကာလ ဆောင်ရွက်ရမည့်တာဝန်များ ပြီးဆုံးသည့်အခါတွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ကျင်းပသွားမည်ဟုလည်း ရှင်းလင်းစွာ ထုတ်ပြန်ကြေညာအသိပေးထားပြီးဖြစ်သည်။ ဤသည်မှာ အိမ်စောင့်အစိုးရအဖွဲ့သည် နိုင်ငံ၏အာဏာကို ကာလကြာရှည်စွာ ရယူထားမည်မဟုတ်ကြောင်း အသိပေးထားခြင်းလည်း ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Sep 01, 2021

အလုပ်အကိုင်ကျွမ်းကျင်မှု ‘စံ’ သတ်မှတ်ခြင်းနှင့် အသိအမှတ်ပြုလက်မှတ် ထုတ်ပေးခြင်းဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျည်းသည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် စက်မှုဝန်ကြီးဌာန၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Sep 01, 2021

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ဒုတိယဝန်ကြီး ဦးမင်းမင်းဦးနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ကောင်စီနယ်မြေ၊ ရေဆင်းရှိ သစ်တောသုတေသနဌာနသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Sep 01, 2021

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီး Army General Kuzhugetovich Shoigu ၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်း နိုင်ငံတွင် ကျင်းပပြုလုပ်လျက်ရှိသည့် International Army Games-2021 ပိတ်ပွဲအခမ်းအနားသို့ တက်ရောက်ရန် ရုရှားဖက်ဒရေးရှင်းနိုင်ငံ သို့ ထွက်ခွာမည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်သည်။

ဆက်လက်ဖတ်ရှုရန်

Sep 01, 2021

နိုင်ငံ့ဂုဏ်မြှင့်တင်ဆောင်ရွက်ခဲ့ကြသည့် မြန်မာ့လက်ရွေးစင် အားကစားသမားဟောင်းများ၏ ဘဝနောင်ရေးအာမခံချက်ရရှိရေး အစီအမံများ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်